Saturday, August 9, 2014

ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်ဝါဒီများကို ဖော်ထုတ်ရန် အာဆီယံဥက္ကဋ္ဌ သမ္မတဦးသိန်းစိန် တိုက်တွန်း

ဘာသာရေး၊ လူ မျိုးရေးများတွင် အစွန်းရောက် ဝါဒီများ ထွန်းကားလာခြင်းကို ဖော်ထုတ် ဖြေရှင်းရမည်ဖြစ်ပြီး လူနည်းစုကဖြန့်ဝေသည့်အမုန်း တရားသတင်းများကို လူများစုက ငြိမ်းချမ်းရေးသတင်းစကားများ ပြန့်ပွားစေခြင်းဖြင့် တုံ့ပြန်လုပ် ဆောင်သင့်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက် သည်။ (၄၇)ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးဖွင့်ပွဲမိန့်ခွန်းတွင် သမ္မတ က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘာသာရေး ပဋိပက္ခများ ကြောင့် မြန်မာကို ဖိအားပေးရန် ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့ (HRW)က အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးကို ဖိအားပေးထားရာ အမေရိကန်အပါအဝင် အာဆီယံ ဒေသတွင်းမှ ဖိအားပေးလာနိုင် ဖွယ်ရှိသည့် ယင်းအကြမ်းဖက်မှု များနှင့်ပတ်သက်၍ မြန်မာသမ္မတ က အထက်ပါအတိုင်း မိန့်ခွန်း ထုတ်ဖော်ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးနှင့် အာရှ ဒေသတွင်း ဖိုရမ်သို့ အမေရိကန်၊ ရုရှား၊ ဂျပန်၊ တရုတ်၊ တောင်နှင့် မြောက်ကိုရီးယား အပါအဝင် အင်အားကြီးနှင့် ဆွေးနွေးဖက် နိုင်ငံပေါင်း ၂၇ နိုင်ငံတက်ရောက် မည်ဖြစ်ပြီး ကမ္ဘာနှင့် ဒေသတွင်း နိုင်ငံတကာ လုံခြုံရေးပြဿနာ များကို ရှေ့တန်းတင်လေ့ရှိသည်။

လက်ရှိ ယူကရိန်းအရေး၊ ဂါဇာ−အစ္စရေးအရေးနှင့် မလေး ရှားလေယာဉ်ပစ်ချခံရသည့်ပြဿ နာစသည့် ကမ္ဘာတစ်ဝန်း စိုးရိမ် မကင်းဖွယ် မတည်ငြိမ်မှုများစွာ အနက် အာဆီယံဥက္ကဋ္ဌဖြစ်သည့် မြန်မာသမ္မတက လူမျိုးရေး၊ ဘာ သာရေးကို အထူးအလေးထား ပြောကြားသွားခြင်းဖြစ်သည်။
‘‘ဘာသာရေး၊ လူမျိုးရေး တွေမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်မှု၊ သဟဇာတဖြစ်မှု၊ သည်းခံစိတ်များမြှင့်တင်မှုတို့ကို အလေးထားဆောင်ရွက်သွားကြ ရမှာဖြစ်ပါတယ်။ အစွန်းရောက် ဝါဒီများ ရောဂါကြီးထွားမလာ အောင် ကုသကြရမှာဖြစ်သလို ရောဂါကို ဖြစ်ထွန်းစေတဲ့ အကြောင်းတွေကိုလေ့လာပြီး ရောဂါမဖြစ်အောင် ကာကွယ်ကြရမှာဖြစ်တယ်’’ဟု ဦးသိန်းစိန်က ပြောကြားသည်။

ကမ္ဘာ့မျက်နှာစာတွင် လူမျိုး ရေး၊ ဘာသာရေးအကြမ်းဖက်မှု များကြောင့် မျက်နှာပျက်ရသော မြန်မာ၏ အခြေအနေအပေါ် မြန်မာအစိုးရက ထားရှိသည့် သဘောထားကို တက်ရောက်လာ သူများအား သမ္မတက သတင်း စကားပါးခြင်းလည်းဖြစ်သည်။

‘‘အစည်းအဝေးတွေမှာ ဘင်္ဂါလီကိစ္စကို ထည့်သွင်းဆွေး နွေးမယ်ဆိုရင်တောင် ကြေညာ ချက် ထုတ်ပြန်ဖို့က မြန်မာက ဥက္ကဋ္ဌဖြစ်တဲ့အတွက် ဆုံးဖြတ်ခွင့် ရှိတယ်။ ဘင်္ဂါလီကိစ္စကို မြန်မာ က လိမ္မာပါးနပ်စွာ ကိုင်တွယ်တတ်ဖို့လိုတယ်။ ရိုဟင်ဂျာဟာ နိုင်ငံအများစုကြုံနေရတဲ့ပြဿနာပါ’’ဟု လက်ရှိဖြစ်နေသည့် ပြဿနာနှင့်ပတ်သက်၍ အာဆီယံရေးရာကျွမ်းကျင်သူ သတင်းစာဆရာကဝီက သုံးသပ်သည်။

ပြီးခဲ့သည့် ၂ နှစ်က ကမ္ဘော ဒီးယားက ဥက္ကဋ္ဌရာထူး ယူစဉ် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရန် အဖွဲ့ဝင်များက လိုလားသော် လည်း ကမ္ဘောဒီးယားက သဘော မတူခဲ့ခြင်းကြောင့် မထုတ်ပြန်ခဲ့ရပေ။

ထို့အပြင် ဘင်္ဂါလီ အရေး နှင့်ပတ်သက်၍ သီးသန့်အစည်း အဝေးတစ်ခုကို အာဆီယံတွင် ထည့်သွင်းကျင်းပခဲ့ခြင်းကြောင့် ထိုစဉ်က မြန်မာနိုင်ငံခြားရေးဝန် ကြီး ဦးဝဏ္ဏမောင်လွင်က ထိုအစည်းအဝေးသို့ မတက်ရောက်ခဲ့ ပေ။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ အနက် ၇၀ ရာခိုင်နှုန်းမှာ အစ္စ လာမ်ဘာသာကိုးကွယ်သူများဖြစ် ပြီး ယနေ့ မြန်မာကြုံတွေ့နေရ သည့် အကြမ်းဖက်မှု ပဋိပက္ခများ မှာ ဘာသာရေး၊ လူမျိုးရေးအသွင် ဆောင်မှုများကြောင့် မြန်မာကို ဖိအားပေးနိုင်ဖွယ်ရှိနေသည်။

7Day News Journal

No comments:

Post a Comment