Monday, August 25, 2014

ဘရာဇီးတွင် အကျဉ်းထောင်တစ်ခု အုံကြွမှု ဖြစ်ပွားနေပြီး လူ(၄)ဦး သေဆုံး

ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် အကျဉ်းထောင် တစ်ခုအတွင်း အုံကြွ ဆူပူမှု ဖြစ်ပွားလျက်ရှိရာ အကျဉ်းသား လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ကက်စ်ကာဗဲလ် မြို့တွင် ဖြစ်ပွားသည့် ထောင်တွင်း အုံကြွမှုအတွင်း သေဆုံးသူ နှစ်ဦးသည် ခေါင်းဖြတ်ခံခဲ့ရခြင်းဟု သိရသည်။ နောက်ထပ်နှစ်ဦးမှာ အကျဉ်းထောင် အမိုးပေါ်မှ တွန်းချခံရ၍ ပြုတ်ကျ သေဆုံးခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း အကျဉ်းသား အတော်များများ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Photo: ဘရာဇီးတွင် အကျဉ်းထောင်တစ်ခု အုံကြွမှု ဖြစ်ပွားနေပြီး လူ(၄)ဦး သေဆုံး
Monday, August 25, 2014

ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် အကျဉ်းထောင် တစ်ခုအတွင်း အုံကြွ ဆူပူမှု ဖြစ်ပွားလျက်ရှိရာ အကျဉ်းသား လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကက်စ်ကာဗဲလ် မြို့တွင် ဖြစ်ပွားသည့် ထောင်တွင်း အုံကြွမှုအတွင်း သေဆုံးသူ နှစ်ဦးသည် ခေါင်းဖြတ်ခံခဲ့ရခြင်းဟု သိရသည်။ နောက်ထပ်နှစ်ဦးမှာ အကျဉ်းထောင် အမိုးပေါ်မှ တွန်းချခံရ၍ ပြုတ်ကျ သေဆုံးခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း အကျဉ်းသား အတော်များများ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ အကျဉ်းထောင်ထဲတွင် အကျဉ်းသား (၁၀၀၀)ကျော် ရှိနေသည့်အနက် အုံကြွမှုတွင် (၇၀၀)ကျော် ပါဝင်ခဲ့ကြသည်။ ဩဂုတ် (၂၅)ရက် နံနက်ပိုင်းက အစပြုသော အုံကြွမှုသည် အကျဉ်းသားများက ထောင်တွင်း အုပ်ချုပ်မှု ပုံစံများအပေါ် မနှစ်မြို့ခြင်း၊ ရိက္ခာပေးဝေမှုနှင့် သန့်ရှင်းရေး စံနှုန်းများအပေါ် မကျေနပ်ခြင်းတို့ကြောင့်ဟု ဒေသခံ သတင်းမီဒီယာများက ဖော်ပြခဲ့သည်။

ပြည်တွင်း သတင်းဌာနများက အကျဉ်းသားများသည် အဆောက်အအုံ အမိုးတစ်ခုပေါ်တွင် လူအချို့ကို ရိုက်နှက်ပြီး ၎င်းတို့၏ လည်ပင်းများကို ကြိုးကွင်းစွပ်၍ ခြိမ်းခြောက်နေသည်ကို ပြသခဲ့သည်။ ထောင်စောင့်များက အကျဉ်းသားများကို ကျွေးမွေးသည့် အစားအသောက်များသည် အလွန် ဆိုးရွားညံ့ဖျင်းသည့် အခြေအနေကို ကန့်ကွက်ရာမှ အုံကြွမှု စတင်ခြင်းဟု သိရှိရသည်။

အုံကြွခဲ့သည့် ထောင်သားများသည် မျက်နှာများကို အဝတ်များဖြင့် စည်းနှောင် ကာကွယ်ထားခဲ့ပြီး ဆူပူမှုကို ဦးဆောင်သူများက အနည်းဆုံး ထောင်စောင့်နှစ်ဦးကို ဓားစာခံများ အနေဖြင့် ထိန်းသိမ်း ဖမ်းဆီးထားခဲ့သည်။ “သူတို့ဟာ ဓားစာခံတွေကို ခြိမ်းခြောက်ဖို့အတွက် အကျဉ်းသား တစ်ယောက်ရဲ့ ခေါင်းပြတ်ကြီးကို အသုံးပြုပြီး စိတ်ဓာတ်ရေးရာ ညှင်းပန်းခဲ့ပါတယ်”ဟု တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ထို့အပြင် အကျဉ်းထောင်ထဲတွင် မနှစ်မြို့စရာ၊ ရက်စက် ကြမ်းကြုတ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။

အကျဉ်းထောင်တွင်း ပဋိပက္ခများ ဖြစ်ပေါ်နေစဉ် အတောအတွင်း မူးယစ်ဆေးဝါး မှောင်ခို ပြိုင်ဘက်ဂိုဏ်းသားများ အချင်းချင်း သတ်ဖြတ်မှုများ ဖြစ်ပေါ်နေသည်ဟုလည်း ယူဆရသည်။ လတ်တလောတွင် ဓားစာခံများကို ထိန်းသိမ်းထားသည့် အုံကြွသူများကို ရဲတပ်ဖွဲ့များက ညှိနှိုင်း စကားပြောဆိုနေဆဲ ဖြစ်သည်။

ပါရာနာပြည်နယ် လုံခြုံရေးမှူး မာရီယာ တီရက်ဇာ အူလီဂိုမက်စ် ကိုယ်တိုင် ကက်စ်ကာဗဲလ်သို့ သွားရောက်ပြီး ညှိနှိုင်းဆွေးနွေးမှုကို ဦးဆောင် တာဝန်ယူရန် စီစဉ်ထားသည်။ ဘရာဇီးသည် ကမ္ဘာပေါ်တွင် အကျဉ်းသား အရေအတွက် စတုတ္ထ အများဆုံး နိုင်ငံဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် အကျဉ်းသားပေါင်း သုံးသိန်းကျော်ကို ထိန်းသိမ်းထားသည်။

_ Ref: BBC

No comments:

Post a Comment