Saturday, August 2, 2014

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှတစ်ဆင့် အတန်းကျောင်းပညာရေး အထက်တန်းအဆင့် စတင်ချိတ်ဆက် တက်ရောက်နိုင်သူ ယခုပညာသင်နှစ်၌ ငါးဦးရှိ

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှတစ်ဆင့် အတန်းကျောင်းပညာရေး အထက်တန်းအဆင့်သို့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင်ချိတ်ဆက် တက်ရောက်နိုင်သူ ငါးဦးရှိနေပြီဖြစ်ကြောင်း သိရသည်။အဆိုပါ ကျောင်းပြင်ပ မူလတန်းပညာရေးကို ပညာရေးဝန်ကြီးဌာန၊ ယူနီဆက် (မြန်မာ)၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနနှင့် စေတနာရှင် အလှူရှင်များပူးပေါင်း၍ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားမှုအခွင့်အရေး ဆုံးရှုံးနေကြသည့် ကလေးလူငယ်များ ပညာသင်ကြားနိုင်ရေး၊ ထိုမှတစ်ဆင့် အတန်းကျောင်းပညာရေးနှင့် ချိတ်ဆက်တက်ရောက်ခွင့် ရရှိနိုင်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။“ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကနေ အတန်းကျောင်းပညာရေး အလယ်တန်းအဆင့်ကို ချိတ်ဆက်တက်ရောက်နိုင်သူက ဒီနှစ်မှာ ၃၀ ရာခိုင်နှုန်းကျော် ရှိနေပါပြီ။ ဒီနှစ် ပညာသင်နှစ်မှာလည်း အထက်တန်းအဆင့်မှာ တက်ရောက်နေသူ ငါးဦးရှိနေပါပြီ။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အခြေခံပညာကျောင်းတွေမှာ တက်ရောက်သင်ကြားနေကြပါတယ်” ဟု မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (MLRC)၊ ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ၏ ဗဟိုညှိနှိုင်းရေးမှူး ဦးအေးကြိုင်က ဆိုသည်။
ယင်းအစီအစဉ်မှတစ်ဆင့် ယခုပညာသင်နှစ်၌ ဧရာဝတီတိုင်းဒေသကြီးမှနှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှတစ်ဦးနှင့် ရခိုင်ပြည်နယ်မှနှစ်ဦး စုစုပေါင်းငါးဦးတို့မှာ အတန်းကျောင်းပညာရေး ဒသမတန်းအဆင့်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်အား ၂၀၀၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ ပထမအဆင့်တွင် ၄၈၁၂ ဦး၊ ဒုတိယအဆင့်တွင် ၃၉၂၅ ဦးရှိပြီး ယခုပညာသင်နှစ်၌ ပထမအဆင့်တွင် ၆၂၂၀ ဦး၊ ဒုတိယအဆင့်တွင် ၄၄၀၃ ဦး စုစုပေါင်း ၁၀၆၂၃ ဦး တက်ရောက်ပညာသင်လျက်ရှိကြောင်း သိရသည်။
Photo: ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှတစ်ဆင့် အတန်းကျောင်းပညာရေး အထက်တန်းအဆင့် စတင်ချိတ်ဆက် တက်ရောက်နိုင်သူ ယခုပညာသင်နှစ်၌ ငါးဦးရှိ
Saturday, August 2, 2014

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှတစ်ဆင့် အတန်းကျောင်းပညာရေး အထက်တန်းအဆင့်သို့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင်ချိတ်ဆက် တက်ရောက်နိုင်သူ ငါးဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းပြင်ပ မူလတန်းပညာရေးကို ပညာရေးဝန်ကြီးဌာန၊ ယူနီဆက် (မြန်မာ)၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနနှင့် စေတနာရှင် အလှူရှင်များပူးပေါင်း၍ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားမှုအခွင့်အရေး ဆုံးရှုံးနေကြသည့် ကလေးလူငယ်များ ပညာသင်ကြားနိုင်ရေး၊ ထိုမှတစ်ဆင့် အတန်းကျောင်းပညာရေးနှင့် ချိတ်ဆက်တက်ရောက်ခွင့် ရရှိနိုင်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။

“ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကနေ အတန်းကျောင်းပညာရေး အလယ်တန်းအဆင့်ကို ချိတ်ဆက်တက်ရောက်နိုင်သူက ဒီနှစ်မှာ ၃၀ ရာခိုင်နှုန်းကျော် ရှိနေပါပြီ။ ဒီနှစ် ပညာသင်နှစ်မှာလည်း အထက်တန်းအဆင့်မှာ တက်ရောက်နေသူ ငါးဦးရှိနေပါပြီ။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အခြေခံပညာကျောင်းတွေမှာ တက်ရောက်သင်ကြားနေကြပါတယ်” ဟု မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (MLRC)၊ ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ၏ ဗဟိုညှိနှိုင်းရေးမှူး ဦးအေးကြိုင်က ဆိုသည်။

ယင်းအစီအစဉ်မှတစ်ဆင့် ယခုပညာသင်နှစ်၌ ဧရာဝတီတိုင်းဒေသကြီးမှနှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှတစ်ဦးနှင့် ရခိုင်ပြည်နယ်မှနှစ်ဦး စုစုပေါင်းငါးဦးတို့မှာ အတန်းကျောင်းပညာရေး ဒသမတန်းအဆင့်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်အား ၂၀၀၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ ပထမအဆင့်တွင် ၄၈၁၂ ဦး၊ ဒုတိယအဆင့်တွင် ၃၉၂၅ ဦးရှိပြီး ယခုပညာသင်နှစ်၌ ပထမအဆင့်တွင် ၆၂၂၀ ဦး၊ ဒုတိယအဆင့်တွင် ၄၄၀၃ ဦး စုစုပေါင်း ၁၀၆၂၃ ဦး တက်ရောက်ပညာသင်လျက်ရှိကြောင်း သိရသည်။
news-eleven
news-eleven

No comments:

Post a Comment