အစိုးရအနေဖြင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့်
နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၅ နှစ်ဆန်းတွင် စတင်ပြုလုပ် လိုကြောင်း
ဝန်ကြီးဦးအောင်မင်း က ပြောသည်။
သြဂုတ်လ ၁၁ ရက်က ပြု လုပ်ခဲ့သော နိုင်ငံရေးပါတီများသို့
ငြိမ်းချမ်းရေးဖြစ်စဉ်များ ရှင်း လင်းတင်ပြခြင်းနှင့် အပြန်အလှန်
ဆွေးနွေးခြင်း အခမ်းအနားတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေး
လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ဦးအောင် မင်းက ယင်းကဲ့သို့ ထည့်သွင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။‘‘ငြိမ်းချမ်းရေးဖော်ဆောင် နေချိန်မှာ အချိန်ဟာ သိပ်တန်ဖိုး ရှိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှေ့ နှစ်ဆန်းမှာ စချင်ပါတယ်။ ၂၀၁၅ ဟာ ရွေးကောက်ပွဲနှစ်ဖြစ်တဲ့အ တွက် အချိန်လည်း သိပ်မရှိတော့ ပါဘူး’’ ဟု၎င်းပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲ ရန်၊ ရက်ပေါင်း ၉၀ အတွင်းနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြု လုပ်ရန် သဘောတူညီထားခဲ့ သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာ ချုပ် (Single Text) ဒုတိယမူ ကြမ်းကို သြဂုတ်လ ၁၅ ရက်မှ စ၍ UPWC နှင့် NCCT တို့ ရန် ကုန်မြို့၌ ဆွေးနွေးကြမည်ဖြစ် သည်။
ယင်းဆွေးနွေးပွဲများတွင် ဒု တိယမူကြမ်းကို ရာနှုန်းပြည့်နီးပါး အချောသပ်ရေးဆွဲနိုင်မည်ဖြစ် ပြီး လာမည့်စက်တင်ဘာလကုန် ခန့်တွင် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်မည်ဟု မျှော်မှန်းကြောင်း အ စိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်များက ပြောကြားထားသည်။
သြဂုတ်လ ၁၁ ရက် ဆွေး နွေးပွဲသို့ နိုင်ငံရေးပါတီ ၆၆ ခုမှ ကိုယ်စားလှယ်များ၊ သီးခြားဖိတ် ကြားထားသူများနှင့် လေ့လာသူ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။
7Day News Journal
No comments:
Post a Comment