Tuesday, August 12, 2014

သီတဂူဆရာတော် မုံရွာတက္ကသိုလ်တွင် ပထမဆုံးအကြိမ် တရားဟော

Photo: သီတဂူဆရာတော် မုံရွာတက္ကသိုလ်တွင် ပထမဆုံးအကြိမ် တရားဟော
Tuesday, August 12, 2014
သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် မုံရွာတက္ကသိုလ် ဓမ္မာရုံတွင် ပထမဆုံးအကြိမ် အဖြစ် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကျောင်းသား၊ ကျောင်းသူများကို တရားဟောခဲ့ကြောင်း ယင်းတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။
“ယင်ကောင်တွေက အပုပ်အစပ် ကြိုက်တော့ အမှိုက်ပုံမှာ စုကြတယ်။ ပန်းရုံမှာ ပျားအုံသလိုပဲ။ ဓမ္မာရုံမှာ သူတော်ကောင်းတို့ရဲ့ စိတ်ကောင်းရှိတဲ့သူတွေ လာစုကြတယ်” ဟု ဆရာတော်က ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဓမ္မာရုံတွင် စုရုံးရောက်ရှိပုံကို ဥပမာပေး ပြောကြားသည်။
သီတဂူဆရာတော်၏ တရားပွဲသို့ ကျောင်းသား၊ ကျောင်းသူ ထောင်နှင့်ချီ၍ လာရောက် တရားနာယူခဲ့ပြီး တက္ကသိုလ် ဓမ္မာရုံအတွင်း နေရာ မလောက်ငသောကြောင့် ဓမ္မာရုံအပြင်ရှိ မြက်ခင်းပြင်တွင် တရားနာယူခဲ့ရကြောင်း တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောဆိုသည်။
“တရားပွဲကို ကျောင်းသားတွေ ဦးဆောင်ပြီး ကျင်းပတာပါ။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေက ပံ့ပိုးပေးရုံပဲ လုပ်ခဲ့ရတယ်” ဟု မုံရွာတက္ကသိုလ်မှ အမည်မဖော်လိုသည့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဌာနမှူးတစ်ဦးက ဆိုသည်။
တက္ကသိုလ်နယ်မြေအတွင်း သြဂုတ်လအတွင်းမှ စတင်၍ တရားပွဲများကို မုံရွာတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ဦးဆောင်ကျင်းပခဲ့ရာ သြဂုတ်လ ၅ ရက် နေ့တွင် အရှင်ဆေကိန္ဒ တရားဟောပြော ခဲ့ပြီးနောက် ယခု သီတဂူဆရာတော်က ဟောပြောခဲ့ခြင်း ဖြစ်သည်။
The Voice Weekly သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် မုံရွာတက္ကသိုလ် ဓမ္မာရုံတွင် ပထမဆုံးအကြိမ် အဖြစ် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကျောင်းသား၊ ကျောင်းသူများကို တရားဟောခဲ့ကြောင်း ယင်းတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။“ယင်ကောင်တွေက အပုပ်အစပ် ကြိုက်တော့ အမှိုက်ပုံမှာ စုကြတယ်။ ပန်းရုံမှာ ပျားအုံသလိုပဲ။ ဓမ္မာရုံမှာ သူတော်ကောင်းတို့ရဲ့ စိတ်ကောင်းရှိတဲ့သူတွေ လာစုကြတယ်” ဟု ဆရာတော်က ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဓမ္မာရုံတွင် စုရုံးရောက်ရှိပုံကို ဥပမာပေး ပြောကြားသည်။

သီတဂူဆရာတော်၏ တရားပွဲသို့ ကျောင်းသား၊ ကျောင်းသူ ထောင်နှင့်ချီ၍ လာရောက် တရားနာယူခဲ့ပြီး တက္ကသိုလ် ဓမ္မာရုံအတွင်း နေရာ မလောက်ငသောကြောင့် ဓမ္မာရုံအပြင်ရှိ မြက်ခင်းပြင်တွင် တရားနာယူခဲ့ရကြောင်း တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောဆိုသည်။
“တရားပွဲကို ကျောင်းသားတွေ ဦးဆောင်ပြီး ကျင်းပတာပါ။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေက ပံ့ပိုးပေးရုံပဲ လုပ်ခဲ့ရတယ်” ဟု မုံရွာတက္ကသိုလ်မှ အမည်မဖော်လိုသည့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဌာနမှူးတစ်ဦးက ဆိုသည်။
တက္ကသိုလ်နယ်မြေအတွင်း သြဂုတ်လအတွင်းမှ စတင်၍ တရားပွဲများကို မုံရွာတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ဦးဆောင်ကျင်းပခဲ့ရာ သြဂုတ်လ ၅ ရက် နေ့တွင် အရှင်ဆေကိန္ဒ တရားဟောပြော ခဲ့ပြီးနောက် ယခု သီတဂူဆရာတော်က ဟောပြောခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment