Wednesday, August 27, 2014

ပြောတော့ရွှေမန်း . . ကတော့ချိုမိုင်မိုင် . . ပြည်သူကို ဘယ်လိုကိုင်ဦးမလဲ ဆက်သွယ်ရေးပြိုင်ပွဲ

ရင်ခုန်စိတ်လှုပ်ရှားစရာများ မြန်မာ နိုင်ငံတွင် တကယ်ပင်ဖြစ်ပေါ်နေခဲ့ပါသည်။သို့သော် ရင်ခုန်စိတ်လှုပ်ရှားခြင်းဆိုသည် က ပျော်ရွှင်ခြင်း၊ အသစ်အ ဆန်းခံ စားရ ခြင်း တို့ကြောင့် ဖြစ်နိုင်သကဲ့သို့ ဆန့်ကျင်ဘက်ခံစားချက်များကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ရင်ခုန် စိတ်လှုပ်ရှားစရာများ ကတော့ မြန် မာနိုင်ငံတွင် အမှန် တကယ်ပင် ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။
Photo: ပြောတော့ရွှေမန်း . . ကတော့ချိုမိုင်မိုင် . . ပြည်သူကို ဘယ်လိုကိုင်ဦးမလဲ ဆက်သွယ်ရေးပြိုင်ပွဲ
Wednesday, August 27, 2014

ရင်ခုန်စိတ်လှုပ်ရှားစရာများ မြန်မာ နိုင်ငံတွင် တကယ်ပင်ဖြစ်ပေါ်နေခဲ့ပါသည်။သို့သော် ရင်ခုန်စိတ်လှုပ်ရှားခြင်းဆိုသည် က ပျော်ရွှင်ခြင်း၊ အသစ်အ ဆန်းခံ စားရ ခြင်း တို့ကြောင့် ဖြစ်နိုင်သကဲ့သို့ ဆန့်ကျင်ဘက်ခံစားချက်များကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ရင်ခုန် စိတ်လှုပ်ရှားစရာများ ကတော့ မြန် မာနိုင်ငံတွင် အမှန် တကယ်ပင် ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။

မြန်မာပြည် ဆက်သွယ်ရေးတင်ဒါပြိုင်ပွဲ
===
ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ပတယ်လီကွန်းအော်ပရေတာများကို လွန်ခဲ့သည့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင်းက ပြည်တွင်း၌လုပ်ကိုင်ခွင့်ပြုရန်တင်ဒါခေါ်ယူခဲ့သည်။ ယင်းခေါ်ယူမှုကြောင့် ပြည်ပအော်ပရေတာများစွာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အတွင်းမှ ယခု ပြည်သူတို့အကြား ရေပန်းစားလာသည့် ရန်ခုန်စိတ်လှုပ်ရှားဖွယ် ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီနှင့် အားလုံးအတွက် နော်ဝေအခြေစိုက် တယ်လီနောတို့က တင် ဒါအောင်မြင်ခဲ့ကြသည်။ ထိုတင်ဒါအောင်မြင်ခဲ့ကြ သည့် အော်ပရေ တာနှစ်ခု၏ ပြည်သူတို့အပေါ် အဓိကဆွဲဆောင်နိုင်မှုမှာ မြန်မာပြည်သူများမျှော်လင့်မထားသည့် ငွေကြေးနှုန်းထားဖြင့် ဆင်းကတ်များ ဝယ်ယူရရှိမည်ဟူသော အချက်ဖြစ် သည်။
အူရီဒူးက သူ၏ဆင်းကတ်များကို မြန်မာနိုင်ငံတွင် ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချမည်ဟူသည့် တိကျသောသတင်းများ ထုတ်ပြန်ပြီးမကြာမီ လမ်းမကြီးများနှင့် ကားရပ်နား ရာမှတ်တိုင်နေရာများတွင် ကြီးမားလှသည့် ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူကာ ပြည်သူတို့ စိတ်ဝင်စားရန် ပြုလုပ်လာကြသည်။  ‘ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ မြန် မာနိုင်ငံမှာဖြစ်ပေါ်နေပါပြီ’ဟူသည့် ကြော် ငြာစာတန်းနှင့်အတူ လိုင်းဆွဲအားမည်မျှ ကောင်းမွန်သော၊ ဖုန်းခေါ်ဆိုခနှုန်းထား ၅ဝ ကျပ်ထက် မပိုသော၊ မြန်ဆန်သော အင် တာနက်သုံးစွဲမှုများဖြင့် သုံးစွဲသူများ ထံဝင်ရောက်လာမည်ဟူသည့် မီဒီယာများထက်မှ ၎င်းတို့၏ အားကောင်းသည့် ကြော်ငြာမှုများကြောင့် ပြည်သူတော်တော် များများ စိတ်ဝင်စားမှုပြင်းထန်လာခဲ့သည်။
ဇူလိုင်လ နောက်ဆုံးပတ်တွင်တော့ အူရီဒူးက မန္တလေးတွင် သူ၏ဆင်းကတ်များကို စတင်ရောင်းချဖြန့်ချိခဲ့သည်။ ရန်ကုန်တွင်လည်း သြဂုတ်လ ပထမအပတ် အတွင်းမှာ ပင် တရားဝင်မိတ်ဆက်ပွဲကို စတင်ခဲ့သည်။ ထို့ကြောင့် ယခင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းကိုင်ဆောင်ခဲ့ရသည့် မိုဘိုင်းဖုန်းဆင်းကတ် တန်ဖိုးထက် အဆ ငါးေ ထာင် ဈေးသက်သာသည့် ဆင်းကတ်များကို ပြည်သူတို့ ဝယ်ယူကိုင်ဆောင်နိုင်ခဲ့ လေသည်။
အူရီဒူးမှလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် မြန်နှုန်းမြင့်အင်တာ နက်ဝန်ဆောင်မှုများ၊ အဆင့်မြင့်အသံ၊ အရည်အသွေးခေါ်ဆိုမှုများ ပြုလုပ်နိုင် မည်ဟု မီဒီယာ များနှင့် တွေ့ဆုံစဉ် တရားဝင်ထုတ်ပြန်ကြေညာပေးခဲ့သည်။ သို့သော် လက်တွေ့တွင် မျှော်မှန်းထားသကဲ့သို့ဖြစ်မလာသည်ကို အူရီဒူးအသုံးပြုသူများထံမှ ရက်ပိုင်း အ တွင်း ထွက်ရှိလာသည့် တုံ့ပြန် ပြောဆိုမှုများကို ကြည့်ရင်းသိရှိနိုင်သည်။

အမှန်ပင် ရင်ခုန် စိတ်လှုပ်ရှား ကြရလေတော့သည်
====
အူရီဒူးဖုန်း၏ လိုင်းစွဲအားမှာ ယခင်က သုံးစွဲနေသော ဂျီအက်စ်အမ်ဖုန်းများ နှင့် ထူးမခြားနားဖြစ်သည်ဟု ပြည်သူများက ဝေဖန်လာကြသည်။”ကျွန်တော်တို့ ကုန်ဈေးတန်း ဘက်မှာ ဘယ်ဖုန်းမှမမိဘူး။ အူရီဒူးလည်း ဒီအတိုင်းပါပဲ”ဟု သိမ်ကြီးဈေးတွင်ဈေးရောင်းနေသူ ကိုမြင့်ကျော်က ပြောသည်။အူရီဒူးက သူ၏ ၆၅ဝဝ သော အရောင်းကိုယ် စားလှယ်တော်ကြီးများမှ ရောင်းချပေးမည့် ဆင်းကတ်များကို ၁၅ဝဝ ကျပ် ဖြင့်လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီး မြန်ဆန် သည့် အင်တာနက်၊ ကြည်လင်ပြတ်သားသော အသံ အရည်အသွေးခေါ်ဆိုမှုများကို စမ်းသပ်သုံးစွဲနိုင်ပြီဖြစ်သည်ဟု ကြေညာခဲ့သည်။
သို့သော် အသံအရည်အသွေးကြည်လင်စွာကြားရခြင်းဟူသည့် အချက်ထက်  ဖုန်းခေါ်ရန်ဟန်းဆက်ရွေးချယ်နေသည့် အဆိုပါဆင်းကတ်ကြောင့် မြန်မာပြည်သူ များ ပိုအ ခက်တွေ့ခဲ့ရသည်။ အငှားယာဉ် မောင်းနှင်နေသည့် ဦးဝင်းက ”ဦးလေးတို့က ပညာမတတ်ဘူးကွာ။ ရောင်းတဲ့ဆိုင်တွေက ဒီဟန်းဆက်တွေနဲ့ဆိုမရဘူး။ ဒါမျိုးမှရ မယ် ဆိုပြီး ငါးသောင်းခြောက်သောင်းတန်တွေပြတယ်။ အရင်က ဖုန်းကတ်ဈေးကြီးလို့ မကိုင်နိုင်ခဲ့တာ ခုတော့ ကိုင်လို့ရပြီဆိုကာမှ ဆင်ဖိုး ထက်ချွန်းဖိုးကြီးနေတယ်”ဟု ဆို သည်။
အူရီဒူးဘက်ကမူ ၎င်းတို့အနေနှင့် မျိုးဆက်သစ် အဆင့်မြင့် UMTS 900 ကွန်ရက်ကို မြန်မာပြည်သို့သယ်ဆောင်လာခြင်းဖြစ်ပြီး နောက်ဆုံးပေါ် 3G နည်း ပညာသုံး ထားခြင်းကြောင့် ထိုသို့ ဆင်းကတ်ပြဿနာ တွေ့ကြုံရခြင်းဖြစ်သည်ဟု နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် အမှုဆောင်အ ရာရှိချုပ် ရော့စ်ေ ကာ မတ်က ပြောကြားခဲ့သည်။ ထို့ကြောင့် ဆင်းကတ်နှင့်ကိုက်ညီမည့် ဟန်းဆက်များကို တစ်ပါတည်းတွဲဖက် ရောင်းချရန်စီစဉ်နေပြီး ဆမ်ဆောင်းနှင့် တွဲကာ ငွေကျပ် တစ် သိန်းအောက် ဟန်းဆက်များရောင်းချပေးသွားမည်ဟု ဆိုခဲ့သည်။
ထို့ပြင် အူရီဒူးဖုန်းများ၏ ငွေဖြည့်ကတ်မှာ ငွေဖြည့်ပြီးမကြာခင်မှာပင် အသုံးမပြုရသေးဘဲ ငွေများဖြတ်တောက်ခြင်းဖြစ်စဉ်များ အများအပြားဖြစ်လာသည်ဟု အူရီဒူး ကိုယ် စားလှယ်ရယူရောင်းချနေသည့် မိုဘိုင်းဖုန်းဆိုင်များထံမှ သိရသည်။  ”ငွေဖြည့်ကတ်ဝယ်ဖြည့်တာ ဖုန်းလည်းမပြောဘူး၊ အင်တာနက်လည်းမသုံး ဘူး၊ သူ့အလိုလို ကုန် သွားလို့ လာလာပြောတဲ့လူတွေအများကြီးပဲ”ဟု ကိုယ်စားလှယ်ယူထားသောဆိုင်ရှင်တစ်ဦးဖြစ်သူ ကိုလွင်ဦး(အမည်လွှဲ)က ပြောသည်။
ယင်းအပြင် အူရီဒူးမှ သတ်မှတ်ပေး ထားသည့် ၂၄နာရီမေးမြန်းစုံစမ်းခြင်းပြုလုပ်ရန် ပေးထားသည့် call centre မှာလည်း ဆက်သွယ်မေးမြန်း ရာ တွင် ကောင်း မွန် စွာဖြေလည်ဖြေဆိုမှုမရှိဟု သုံးစွဲသူများထံမှသိရကြောင်း ၎င်းကဆက်ပြောသည်။ အူရီဒူးဖုန်းသုံးစွဲကာ ငွေဖြည့်ကတ်ထည့်ရင်း အဆင်မပြေဖြစ်ခဲ့ ရသည့် အမျိုး သား တစ် ဦးကလည်း ”အူရီဒူးရဲ့ Call Centre 234 ကိုဖုန်းခေါ်တယ်။ ငွေဖြည့်ကတ်ကုဒ် ပျက်သွားလို့။ သူတို့ကို နံပါတ်လည်း ပြောပြတယ်။ အဲ့ဒါကို ၂၄ နာရီ အတွင်းပဲ ရမလိုလို၊ နာရီဝက်အတွင်းရမယ်လိုလိုနဲ့၊ ဖြေတာအချိုးမပြေဘူး”ဟု ပြန်လည်ပြောပြသည်။  ထိုအချက်များသည် အမှန်ပင် အူရီဒူး၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အချက် များလော။
အူရီဒူး၏ အင်တာနက်သုံးစွဲမှုအား ကောက်ခံသည့် ငွေကြေးပမာဏမှာလည်း အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် များပြားနေဆဲပမာဏတစ်ခုဖြစ်သည်ဟု နည်း ပညာကျွမ်း ကျင်သူများက ထောက်ပြပြောဆိုခြင်းများ ရှိလာသည်။ အင်တာနက်အသုံးပြုခကို သုံးစွဲသည့်ပမာဏ(MB)ပေါ် မူတည်ကောက်ခံမည်ဟုကြေညာခဲ့သည့် အူရီဒူးအနေ နှင့် 1MB လျှင် မြန်မာငွေကျပ် ၂၅ ကျပ်ကျသင့်မည်ဟု တရားဝင်ထုတ်ပြန်ခဲ့သည်။ ထိုအသုံးပြုခသည် ကြိုက်သလောက်သုံးကျသလောက်ပေး အစီအစဉ်ဖြစ်ပြီး ထူးခြား သည့်အစီအစဉ်များ လာဦးမည်ဟုဆိုသည်။
အူရီဒူး၏ အော်ပရေတာအခွဲတစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ Indosat  အော်ပရေတာပင်လျှင် အင်တာနက်အသုံးပြုခကို 1MB အတွက် ၆၆ အင်ဒိုယူပီးယား ခန့် သာကျ သင့်ပြီး 30 MB အတွက် ၂ဝဝဝ အင်ဒိုယူပီးယားကျသင့်မည်ဟု အဆိုပါဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။ ထိုငွေကြေးကို လက်ရှိမြန်မာနိုင်ငံတွင် အူရီဒူးကောက် ခံ မည့်နှုန်းထားနှင့် နှိုင်းယှဉ်ပါက ယင်းမှာ မြန်မာငွေ ငါးရာ့ ရှစ်ဆယ်ကျပ်ခန့် လျော့နည်းနေဆဲဖြစ်သည်ကို တွေ့ရသည်။
အူရီဒူး၏ စတင်ထုတ်ဝေခြင်းအခမ်းအနားတွင် ၎င်းက စိတ်လှုပ်ရှားဖွယ်ရာ အင်တာနက်အသုံးပြုခနှုန်းထားများ၊ ဖုန်းခေါ်ဆိုခများနှင့် စာတိုပို့ခများကို ထုတ်ပြန် ကြေ ညာပေးသွားမည်ဟု ဆိုသည်။ ”ခု အင်တာနက်က ခဏသုံးလိုက်တာနဲ့ ကုန်သွားတဲ့ဘေလ်က အနည်းဆုံးရာဂဏန်းပဲ”ဟု အူရီဒူးဖုန်းအသုံးပြုနေသည့် မသဇင်ခိုင်က တအံ့တသြနှင့်ဆိုသည်။ အူရီဒူး၏ တီဗီကြော်ငြာတွင်လာသည့် ဖေ့စ်ဘွတ်ခ်အခမဲ့အသုံးပြုခွင့်ဆိုသည်က အဘယ်နည်းဟူ၍လည်း သူမက မေးခွန်းပြန်ထုတ်သည်။

အသစ်စစ်စစ် ဖြစ်မလာသေးသည့် ရင်ခုန်စိတ်လှုပ်ရှားမှု
===
တိကျစွာဆိုရလျှင် လွန်ခဲ့သောဆယ် စုနှစ်ကျော်ကတည်းကပင် မြန်မာနိုင်ငံသားများသည် ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆက် တိုက် နီးပါးရရှိထားခဲ့ခြင်းလည်းဖြစ်သည်။ ဝ၉၉ နှင့်စတင်ခဲ့သည့် ဆယ်လူလာဆက်သွယ်ရေးနှင့် ဝ၉၅ နှင့်စသည့် ဂျီအက်စ်အမ်ဖုန်းစနစ်များ စတင်ဝင်ရောက် ခဲ့သည့် အချိန် မှစကာ မြန်မာနိုင်ငံသားတို့သေးငယ်သည့် ဆင်းကတ်တစ်ခုအတွက် ရင်ခုန်ဖွယ် ရင်တုန်ဖွယ်ဈေးနှုန်းများနှင့် ရင်းနှီးခဲ့ကြရပြီးဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးထံ ဆင်းကတ်ငှားရမ်းကိုင်ဆောင်ခ ငွေကျပ် ၁၅ သိန်းသွင်းကာ ကိုင်ဆောင်နိုင်စေခဲ့သည့်အချိန်တွင် ပြင်ပပွဲစားဈေးကွက်၌ ဆင်းကတ် တစ်ကတ် ၏ ပေါက်ဈေးနှုန်းထားမည်မျှ ဖြစ်ခဲ့သည်ကို မှတ်မိနိုင်ပါသေးသည်။ မားကက်တင်းဝန်ထမ်းတစ်ဦးအဖြစ် ပြည်တွင်းအီလက်ထရောနစ် ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ခဲ့သည့် အသက် ၄၇ နှစ် အရွယ် ကိုမင်းစိုးကဆိုသည်မှာ ယခင်က ကုမ္ပဏီဝန်ထမ်းဘဝတွင် ဖုန်းတစ်လုံးကိုင်လို၍ ပိုက်ဆံစုခဲ့ဖူးသော်လည်း မိသားစု နှင့်ဖြစ် သည့်အ တွက် ငွေ ပိုလျှံခြင်း မရှိခဲ့ ခြင်းကြောင့်ဝယ်မကိုင်နိုင်ခဲ့သည်ဟု သူက ဂျီအက်စ်အမ်ဖုန်းများ စတင်ပေါ်ပေါက် ခဲ့သည့်အချိန်ကအကြောင်းကို ပြန်ပြောင်း ပြောသည်။
”ဖုန်းဝယ်ကိုင်မလား တောင်ဒဂုံမှာ အိမ်ဝယ်မလားပဲ။ အဲ့ဒီအခြေအနေတုန်းက ဖုန်းကိုင်နိုင်တယ်ဆိုတာ ပိုက်ဆံပိုလျှံတဲ့ လူတန်းစားတစ်ရပ်အတွက်ပဲ ဖြစ်ခဲ့ သလိုပဲ”ဟု သူက ဆိုသည်။ ပွဲစားတို့လက်ထဲတွင်ရှိနေသည့် ဆင်းကတ်ဈေးနှုန်းကြောင့် ဖုန်းဝယ်ကိုင်လိုနေသည့် သူ့အတွက် မျက်လုံးပြူး အံအားသင့်စေခဲ့ရုံသာမက လက်တစ်ဆစ် သာသာဆင်းကတ်တစ်ကတ်သည် ထိုအချိန်က ရန်ကုန်မြို့ ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်ခန်းတစ်ခန်းထက် ဈေးနှုန်းမြင့်မားနေ၍ ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ဖုန်းဝယ်ကိုင်မည့်အစီအစဉ်ကို ရဲဝံ့စွာဖျက်သိမ်းခဲ့ကာ မိသားစုနေထိုင်ရန်သင့်တော်မည့် ဥယျာဉ်မြို့တော်ရှိ တိုက်ခန်းတစ်ခန်းကိုသာ ဝယ်ယူဖြစ်ခဲ့သည် ဟု လည်း သိရသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးတွင် နေရာယူလာသည့် မိုဘိုင်းဖုန်းယဉ်ကျေးမှု နှင့် ဈေးနှုန်းလွန်စွာမြင့်မားခဲ့သည့် အဆို ပါဆင်းကတ်များ အကြောင်း ကို ကိုမင်းစိုးက ”အခု အူရီဒူးရဲ့စကားနဲ့ပြောရရင်တော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဈေးနှုန်းကြီးတစ်ခုပေါ့ဗျာ” ဟု ဆိုသည်။

ဈေးနှုန်းဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်
===
၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများအပြီးတွင် ဈေးနှုန်းအတန်အသင့် သက်သာသည့် စီဒီအမ်အေဖုန်းများကို ဆက်သွယ်ရေးကချထားပေးခဲ့သည်။ သက်သာ သည်ဟု ဆိုခြင်းသည် ၁၅ သိန်းနှင့် နှိုင်းယှဉ်ခြင်းကြောင့် ဖြစ်သော်လည်း အမှန်တကယ်သက်သာလှသည်တော့ မဟုတ်။ ငွေငါးသိန်းပေးသွင်းကာ ငှားရမ်းကိုင်ဆောင် လိုကြောင်း လျှောက်ထားရသည့်အနေ အထားဖြစ်ပြီး ပွဲစားတို့၏ လက်အတွင်းဈေးနှုန်းက အမျိုးမျိုးရှိခဲ့သည်။ ထိုမှတစ်ဆင့် နှစ်သိန်းတန်ဂျီအက်စ်အမ်၊ ဒဗလျူ စီဒီ အမ်ေ အဖုန်းများကို အစိုးရက ထပ်မံချထားပေးပြီး ပြည်သူတို့ က နှစ်ခြိုက်စွာငှားရမ်းသုံးစွဲလာခဲ့ကြသည်။ ထိုနှုန်းထားများသည် ဂျီအက်စ်အမ် ဘိုးအေကြီးဖြစ်သည့် ၁၅ သိ န်းနှင့် နှိုင်း စာပါက ၃ဆကျော် လျော့ကျလာခဲ့ခြင်း တို့ကြောင့်လည်း ဖြစ်ဟန်တူသည်။ သို့သော်လည်း မပြောင်းလဲနိုင်သေးသည်က ဖုန်းခေါ်ဆိုခ၊ ဝန်ဆောင်မှုနှင့် ငှားရမ်း သုံး စွဲနေရခြင်းအနေအထားများသာဖြစ်သည်။ ထိုထိုသော နှုန်းထားများအကြား ပြည်သူတို့ မိုဘိုင်းဖုန်းတစ်လုံးကိုင်နိုင်ရန် သောကများခဲ့ရဆဲဖြစ်သည်။

၁၅ဝဝ ကျပ်သာ . . .သို့သော် သင်ကံကောင်းမှ ရမည်
==
ပုဂ္ဂလိက အော်ပရေတာတို့၏ ဆင်းကတ်ရောင်းချခြင်းမတိုင်မီမှာပင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က ဆင်းကတ်များကို ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချပေး မည်ဟူ သည့် အခြေအနေ တစ်ရပ်ဖြစ်ပွားခဲ့သည်။ ငွေ ၁၅ဝဝ ကျပ်နှင့် ဖုန်းတစ်လုံးကိုင် နိုင်ရမည်ဟူသည့်အခွင့်အရေးက မြန်မာ ပြည်သူတို့ မျှော်လင့်မထားသည့် အိပ် မက်တစ်ခု ပင်ဖြစ်သည်။ အခြေခံလူတန်းစားတို့ပျော်ကြသည်။ ဖုန်း ရလာပါက မည်သည့်ဟန်းဆက်နှင့်တွဲကိုင် မည်။ မည်သူ့ကိုဆက်မည် ဟူသည့် အ တွေးများ ပေါ်ပေါက် လာကြ သည်။ သို့သော် ထိုအပျော်များက ကြာရှည်မခံခဲ့ပေ။ အကြောင်းကား ငွေ၁၅ဝဝ ကျပ်တန်ဆင်းကတ်များကို မဲနှိုက်ပြီးမှသာ ပေါက်သူက ကိုင်ဆောင်ခွင့်ရသည့် အနေအ ထားတစ်ခုကြောင့် ဖြစ်သည်။ ရပ်ကွက်အလိုက် ဆင်းကတ်များချထားပေးသည်ဆိုသော်လည်း လူဦးရေနှင့် မမျှတသည့် ဆင်းကတ်အချိုးအစားကြောင့် မဲနှိုက်ရခြင်းဖြစ် သည်ဟုဆိုသည်။ သို့သော် ထိုအခြေအနေက ပေးကားပေး၏ မရအခြေအနေမျိုးသာဖြစ်သည်ဟု မြောက်ဒဂုံမြို့နယ် ၄၅ ရပ်ကွက်နေ ဒေါ်နွယ်နွယ်တင်က ဆိုသည်။
သူတို့ရပ်ကွက်အတွင်း တယ်လီဖုန်းများ မဲနှိုက်ပေးတော့မည်။ ၁၅ဝဝ နှင့် ရမည်ဟူသည့် အချိန်မှစတင်ကာ ယခုကာလအထိ ရပ်ကွက်ရုံးတွင် မဲနှိုက်ရန် စာရင်းပေးထား သည်က မနည်းလှတော့ဟု သူမက ဖုန်းတစ်လုံးရရှိရန်အတွက် ကြိုးပမ်းနေပုံကို ဆိုသည်။ ”ကံခေတယ်လို့ပြောရမလား။ ဒီနေ့အထိ တစ်ခါမှကို မပေါက်သေးတာ။ ဖုန်း မပေါက်တော့ ကံကို လွှဲချရမလိုပေါ့”ဟု ရယ်ကျဲကျဲဖြင့်သူမကဆိုသည်။ ၁၅ဝဝ ကျပ်တန်ဖုန်းကို မဲနှိုက်နေရသည့် အနေအထားမှာ မြန်မာနိုင်ငံ တစ် နိုင်ငံအ တွင်း၌ သာ ရှိသော အနေအထားတစ်ခုဖြစ်သည်ဟု နည်းပညာသမားအများစု ကဝေဖန်ထောက်ပြမှုများရှိခဲ့သည်။ သို့သော်လည်း ဆက်သွယ်ရေးအတွက် မိုဘိုင်းဖုန်း လိုအပ်နေ သူ အများစုမှာတော့ ကံစမ်းကာ ရယူနေရဆဲဖြစ်သည့် မိုဘိုင်းဖုန်းလေးများကို မျှော်လင့်နေကြဆဲလည်းဖြစ်သည်။
၂၅ နှင့် ၅ဝ ကြား ထပ်မံ လျှော့ချပေးလေဦးမလား
ဤကဲ့သို့သော် မှန်းချက်နှင့်နှမ်းထွက်မကိုက်သေးသည့် အခြေအနေမှာပင် မြန်မာ့ဆက်သွယ်ရေးသည်လည်းက လူ၏သို့ မြှူ၏သို့ အပြောင်းအလဲအသံများ ထွက်လာ သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ၏ ခေါ်ဆိုခမှာ တစ်မိနစ် ၅ဝ ကျပ်ဖြစ်ပြီး အသစ်ထပ်မံရောင်းချနေသည့် အူရီဒူး၏ခေါ်ဆိုခမှာ အမျိုးအစား တူ ချင်းခေါ်ဆိုလျှင် ၂၅ကျပ်နှင့် ပြင်ပဖုန်းများသို့ခေါ်ဆိုလျှင် ၃၅ ကျပ်ဖြစ်သည်။ ၂ဝ၁၁ခုနှစ်ကတည်းကပင် ဆင်းကတ်များကို ငါးထောင်ကျပ်နှင့်ရောင်းချပေး မည်ဟု ပြော ဆိုခဲ့သည့် ရွှေပြည်တံခွန် ကုမ္ပဏီဥက္ကဋ္ဌ ဦးလွင်နိုင်ဦးကမူ ၂၅ ကျပ်ဟူသော ဖုန်းခေါ်ဆိုခမှာလည်းများ နေသေးသည်ဟု ထောက်ပြသည်။
ဖုန်းဝန်ဆောင်မှုကုမ္ပဏီများအနေ နှင့် မိမိတို့၏ဆင်းကတ်ကို အသုံးပြုသူတစ်သန်းရှိလျှင်ပင် ထိုသူများ၏ တစ်နေ့ ဖုန်းခေါ်ဆိုခအနည်းဆုံး ငါးဒေါ်လာ (မြန် မာငွေ ငါးေ ထာင်နီးပါးခန့်) အသုံးပြုပါက ကုမ္ပဏီအတွက် ကုန်ကျစရိတ်တွက်ချက် ကာမိနိုင်သည်ဟုဆိုသည်။ ”တစ်သန်းမှာ တစ်ယောက်ကို တစ်ရက် ငါးဒေါ်လာပဲပြောဦး ငါး သန်း ရနေ မယ်။ အဲ့ဒီတော့ ဆင်းကတ်ကို အလကားပေးလိုက်ရင်တောင် ကုမ္ပဏီက ကုန်ကျစရိတ်တွက်ချက်ပြီး ခေါ်ဆိုခတွေကို လျှော့ချပေးလို့ရတယ်”ဟု ဦးလွင်နိုင်ဦး က ဆက် ပြောသည်။
ထို့ပြင် သုံးစွဲသူများပြားလာသည်နှင့်အမျှ ခေါ်ဆိုခနှုန်းထားများ ကျဆင်းလာသင့်သည်ဟုလည်း ထောက်ပြသည်။ သို့ သော် မြန်မာနိုင်ငံအတွက် သင့်လျော် မည့် ခေါ် ဆို ခနှုန်းထားများကို ပုဂ္ဂလိက အော်ပရေတာများအနေနှင့် မပေးနိုင်သေးခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ကွန်ရက် တည်ဆောက် ထားရမှု များကြောင့်ဖြစ် သည် ဟု လည်း ဆို သည်။ ”နိုင်ငံကပိုင်တဲ့ ကွန်ရက်စနစ်ပေါ်မှာ အော်ပရေတာက စီမံခန့်ခွဲမယ်ဆိုရင် ဒီလောက်မကုန်ကျနိုင်ဘူး။ ခုတော့ သူတို့က ကိုယ့်ကွန်ရက်ကိုယ်ဆောက်နေကြရ တာ ဆိုတော့ ဒါဖိုးတွေလည်း ကာမိအောင် တွက်ချက်ရမယ်။ အဲ့ဒီတော့ သုံးစွဲသူတွေက နှစ်ထပ်ကုန်ကျစရိတ်တွေ ပေးနေကြရတဲ့ပုံစံဖြစ်သွားတယ်”ဟု ၎င်းက ပြည် တွင်း၏ ကွန်ရက်လိုအပ်ချက်များကို ထောက်ပြသည်။
မြန်မာ့ဆက်သွယ်ရေးကမူ ၎င်းတို့ ခေါ်ဆိုခများကို လျှော့ချရန်စီစဉ်နေပြီဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဝေးဆက်ကြောင်း အင်ဂျင်နီယာချုပ် ဦးစိုင်းစော လင်းထွန်းက ပြောသည်။ တယ်လီနောကမူ ၎င်းတို့၏ဖုန်းခေါ်ဆိုခကို မည်သည့်ကွန်ရက်သို့ ခေါ်စေကာ မူ ၂၅ ကျပ်ထက် မပို သည့်နှုန်းနှင့်သာ ကောက်ခံမည်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတို့ နှုန်းထားသက်သာသည့် ခေါ်ဆိုခများကို ရယူ ပိုင်ဆိုင်နိုင်ကြေ တာ့မည် လားဆို သည် က စောင့်ကြည့်ကြရမည်ဖြစ်သည်။

မကြာမီလာတော့မည့် တယ်လီနောနှင့် တစ်ကျော့ပြန် မြန်မာ့ဆက်သွယ်ရေး

တယ်လီနောကလည်း ၎င်းတို့၏ ဆက်သွယ်ရေးအော်ပရေတာကိုလာမည့် စက်တင်ဘာလအကုန်တွင် ပြည်သူတို့ စတင်အသုံးပြုနိုင်ရန် အပူတပြင်းကြိုးစား လျက်ရှိ သည်ဟု တယ်လီနော၏အမှု ဆောင်အရာရှိချုပ် ပီတာဖာ့ဘတ်က ဆိုသည်။ သို့သော် သူတို့အတွက် အဓိကစိန်ခေါ်မှုကြီးတစ်ချက်ရှိနေသည်ဟု ၎င်းက ထုတ်ေ ဖ်ာပြော ကြားသည်။ ယင်းက အခြားမဟုတ်။ ဆက်သွယ်ရေးတာဝါတိုင်ကိစ္စဖြစ်သည်ဟု ဆိုသည်။ ဆက်သွယ်ရေးစနစ် စတင်ပေးအပ်မည့်အချိန်တွင် တာဝါတိုင်များ လုံလောက် စွာ တည်ဆောက်ထားနိုင်မှုမပေးနိုင်မည်ကို စိုးရိမ်ကြောင်း ပြောသည်။ ”ဘာဖြစ်လို့လဲဆိုတော့ တာဝါတိုင်တွေတည်ဆောက်ရတာ အချိန်နဲ့ လုပ်ကိုင်ခွင့်တွေ လိုအပ် လို့ပါပဲ”ဟု ၎င်းဆိုသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဝန်ဆောင်မှုကို စတင်မည်ဟုဆိုထားသည့် တယ်လီနောကိုလည်း သုံးစွဲသူ ပြည်သူများက မျှော်လင့်နေကြပြီဖြစ်သည်။ သို့သော် ကွန်ရက်ဆက်သွယ်မှုကောင်းကောင်း၊ အင်တာနက်အသုံးပြုမှု အဆင်ပြေပြေကိုဖြင့် လိုချင်သည်ဟုလည်းဆိုကြသည်။ တယ်လီနော၏ အမှုဆောင်အရာရှိ ချုပ် ပီတာဖာ့ဘတ်ကတော့ ”ကျွန်တော်တို့ရဲ့ပြိုင်ဘက်တစ်ခုဖြစ်တဲ့ အူရီဒူး ဖြစ်ခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ဘာမှတ်ချက်မှ မပေးလိုပါဘူး”ဟု အကြောင်းပြန် ပြောကြားသည်။ ၎င်းတို့ကတော့ တာဝါတိုင်အသစ်များတည်ဆောက်ကာ ဆက်သွယ်ရေးကွန်ရက်ကို ကောင်းသထက်ကောင်းအောင်ချဲ့ထွင်သွားမည်ဟု ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးပင်လျှင် ဂျပန် နည်းပညာကုမ္ပဏီဖြစ်သည့် KDDI နှင့် ဂျပန်ဘဏ္ဍာရေးကုမ္ပဏီဖြစ်သည့် ဆူမီတိုမိုတို့နှင့်ပူးပေါင်းကာ ပြည်ပအော်ပရေတာ များနှင့် ယှဉ်ပြိုင်နိုင်ရန် ပုဂ္ဂလိက အော်ပရေတာအဖြစ်ပြောင်းလဲမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုမှအစ၊ ဆင်းကတ်များလိုသလောက်ချထားပေးနိုင်ရန် အလယ်၊ အင်တာ နက်မြန်နှုန်းေ ကာင်းမွန်မှုအဆုံး အားလုံးပြုပြင်ရန် ပြင်ဆင်နေပြီဖြစ်သည် ဟု ဆက်သွယ်ရေးလုပ်ငန်း အဝေးဆက် ကြောင်းအင်ဂျင်နီယာချုပ် ဦးစိုင်းစော လင်းထွန်း ကပြောသည်။ ”အ ရပ်ခေါ် အဝိုင်းလေးလည်နေတဲ့အခြေအနေမျိုးမဖြစ်အောင်တော့ လုပ်နေပါတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတပ်ဆင်အသုံးပြုထားသည့် နေရာတွင် စက်အသစ်များတပ်ဆင်ခြင်း၊ အစားထိုးခြင်းများပြုလုပ်ရန် စက်များမှာယူထားပြီးဖြစ်ကာ ကျန်သည့်ပြည်ပအော် ပရေတာ များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ထိုသို့ပြန်လည်ပြင်ဆင်ချိန် ကြာမြင့်မည်မဟုတ်ဟု ၎င်းကပြောကြားသည်။ ထို့ကြောင့် ဆက်သွယ်ရေးစင်မြင့်ထက်တွင် ပုဂ္ဂလိက အဖြစ်အသွင်ပြောင်းမြင်ရမည့် မြန်မာ့ဆက်သွယ်ရေးအပါအဝင် အူရီဒူးနှင့် တယ်လီနောတို့၏ ပြင်းထန်သည့်ပြိုင်ဆိုင်မှုများကို မကြာမီမြင်တွေ့ ရမည်လော။ ရွှေပြည် တံခွန်ကုမ္ပဏီ၏ဥက္ကဋ္ဌ ဦးလွင်နိုင်ဦးကမူ ”သူတို့တွေ ပြိုင်ဆိုင်မှုတွေပြင်းထန်လာလေ ပြည် သူတွေအတွက် ကောင်းတဲ့ ဝန်ဆောင်မှုတွေဖြစ် လာလေပါပဲ။ အဲ့ဒီလိုဖြစ် ဖို့ပဲ လိုပါတယ်”ဟူ၍ ပြောသည်။

ဘယ်ဖုန်းကို တကယ်သုံးကြမလဲ

ဆင်းကတ်တစ်ကတ်ရရှိရန် ငွေများစွာပေးရမည့်ဘဝမှ တစ်ကတ်လျှင် ၁၅ဝဝ ကျပ်သာရှိတော့ခြင်းကြောင့် လက်ရှိတွင် MPT သာမက အူရီဒူးပါပိုင်ဆိုင်ကာ ဖုန်းနှစ် လုံး သုံးလုံးခန့် ခါးချိတ်လျှောက်သွားနေရသည်က မထူးဆန်းတော့သည့် အနေအထားဖြစ်လာသည်ဟု အလုံမြို့နယ်နေ ဦးဇော်မင်းက ဆိုသည်။အမှန် အတိုင်းဆိုရလျှင် ဝန်ေ ဆာင်မှုကောင်းကောင်းနှင့် ဖုန်းခေါ်ဆိုခသက်သာသည့်ဖုန်းများကို လူတိုင်းမျှော်လင့်နေကြသည်။ လူသားချင်းဆက်သွယ်ရန်၊ လုပ် ငန်းများအတွက်အ သုံးပြုရန် ကျေး လက်မြို့နေမကျန် မိုဘိုင်းဖုန်းကို အသုံးပြုလိုလာကြသည်။  ထို့ကြောင့် ပြည်တွင်းသာမက ပြည်ပအော်ပရေတာများကို မျှော်ခဲ့ကြသည်။ သို့သော် နိုင်ငံတ ကာနှုန်း ထားအ တိုင်း ဖြစ်မလာနိုင်သေးသည့်အနေအထား ဖြစ်သည်။
အာဆီယံဥာဏမူပိုင်ခွင့်ဆိုင်ရာ မြန်မာပြည်ကျွမ်းကျင်သူ ဦးမင်းတေဇညွန့်တင်က မူဆက်သွယ်ရေးနှင့်ပတ်သက်ပါက အရှင်မွေးနေ့ချင်းကြီးခိုင်း၍ မဖြစ်နိုင်ဟု ဆိုသည်။ ”ပြည်သူတွေကလည်း နားလည်မှုနဲ့ လိုက်လျောမှုတွေရှိဖို့လိုပါတယ်။ အထူးသဖြင့် တာဝါတိုင်တွေ စိုက်မယ့်နေရာမှာ မြေပိုင်ရှင်တွေက လိုလားမှုတွေကို အ နည်း ဆုံးေ လျှာ့ချပေးစေချင်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင် တစ်ဖက်ကလုပ်ကိုင်ရတဲ့ လူတွေမှာအခက်အခဲရှိပါတယ်”ဟု ထောက် ပြသည်။  ထို့ကြောင့် ဝင်ရောက်လာသည့် ဆက် သွယ်ရေးအော်ပရေတာအသစ်များနှင့် ရှိရင်းစွဲမြန်မာ့ဆက်သွယ်ရေးတို့၏ စင်ပြိုင်အနေအထားများက စားသုံးသူအပေါ်ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရန် အသင့်ရှိနေပါပြီလားဟု မေးခွန်းထုတ်ဖွယ် ရှိပါသည်။  ထိုအဖြေကို အဆိုပါဆက်သွယ်ရေး အော်ပရေတာတို့ မည်သည့်အချိန်တွင် တိကျစွာ ဖြေ ဆိုပေးနိုင် မည်ဆို သည် က တော့ စောင့်စားရုံမျှသာဖြစ်ပါသည်။
အောင်ဇော်၊ သုတလင်း ၊ ဇေဝေယံ
popularmyanmar

No comments:

Post a Comment