Friday, August 15, 2014

မန္တလေးတွင် ယာဉ်ကြောရှုပ်ထွေးမှုလျော့ကျစေမည့် နည်းစနစ်သုံးရန် တိုယိုတာအကြံပြု

 မန္တလေးမြို့တွင် ယာဉ် ကြောရှုပ်ထွေးမှုများ ဖြေလျှော့ စေမည့် ကန်ဒေါ်လာ ၂၃ သန်း တန် ခေတ်မီနည်းစနစ်အသုံးပြု ရန် ဂျပန်နိုင်ငံတိုယိုတာကုမ္ပဏီ က လာရောက်အဆိုပြုတင်ပြထား ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတာဝန်ရှိ သူများနှင့် တိုယိုတာကုမ္ပဏီမှတာ ၀န်ရှိသူများ ယခုလ ၁၃ရက်ကအ ထက်ပါ ကိစ္စနှင့်ပတ်သက်၍ တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။တိုယိုတာကုမ္ပဏီမှတင်ပြ သည့် နည်းစနစ်များတွင် လမ်းအ သုံးပြုနေသည့် ပြည်သူများအ တွက် မိုးကာလသဘာဝဘေးအန္တ ရာယ်ကာကွယ်ပေးနိုင်ခြင်း၊ယာဉ် ကြောရှုပ်ထွေးသည့်နေရာအား ကြိုတင်သတင်းအချက်အလက် ပေးပို့ရယူနိုင်ခြင်း၊ သတ်မှတ်ချိန်  အတွင်း သတ်မှတ်သည့်နေရာသို့ ရောက်ရှိမည့်ထိန်းချုပ်နိုင်သော ဘတ်စ်ကားလိုင်းများပြေးဆွဲခြင်း၊ မြို့တွင်းမီးပွိုင့်များတွင် ဖြတ် သန်းသွားလာသည့် ကားအရေအ တွက်၊ အမျိုးအစား၊ နံပါတ်၊လမ်း လျှောက်ဖြတ်သန်းသူဦးရေအစရှိ သည့် ကိန်းဂဏန်းအချက်အ လက်များ   မှတ်သားပေးနိုင် မည့် နည်းပညာများပါဝင်သည့် Intergrated Traffic and Transit Control Center Projectဖြစ် ကြောင်း မန္တလေးစည်ပင်မှတာဝန် ရှိသူများကပြောသည်။
‘‘တိုယိုတာကုမ္ပဏီကနည်း စနစ်တွေရှင်းပြတယ်။ အဲဒါတွေ ကို သူတို့နိုင်ငံက JICAကို လျှောက်ပြီး အကူအညီရယူဖို့ ပြောတယ်။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုတင်ပြပြီး ဆက်လုပ်သွား မှာပါ’’ဟု လမ်းတံတားဌာနမှူးဒေါ်ခင်မေဌေးက ပြောသည်။

မန္တလေးမြို့၏   လမ်းမများ သည်  လေးထောင့်အကွက်ကျကျ သဏ္ဌာန်တည်ရှိ၍ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး မြို့လယ်ရှိဘူတာကြီး အနေအထားကြောင့်လည်း ယာဉ်ကြော ရှုပ်ထွေးမှုပိုမိုဖြစ်ပေါ်စေကြောင်းမြို့ခံအချို့ကပြောသည်။
7Day News Journal

No comments:

Post a Comment