Saturday, August 16, 2014

ရန်ကုန်၏ ဒုတိယမြောက် စီးပွားရေး အချက်အချာနေရာ တည်ဆောက်ခွင့် First Myanmar ဆောက်လုပ်ရေးကုမ္ပဏီ ရရှိ

ရန်ကုန်မြို့၏ ဒုတိယ မြောက်စီးပွားရေးအချက်အချာ နယ်မြေအဖြစ် အကောင်အထည် ဖော်မည့် မရမ်းကုန်းမြို့နယ်မင်း ဓမ္မလမ်းရှိ မြေဧက ၃၀ကျော်တွင် စီးပွားရေးအဆောက်အအုံများ တည်ဆောက် လုပ်ကိုင်ခွင့်အ တွက် First Myanmar ဆောက် လုပ်ရေးကုမ္ပဏီအား ရွေးချယ် လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
၂၀၁၃ စက်တင်ဘာလ ၉ ရက်က နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် အဆိုပါမြေနေရာကိုစီး ပွားရေးအချက်အချာနယ်မြေအ ဖြစ် အကောင် အထည်ဖော်ရန် တင်ဒါခေါ်ယူခဲ့ရာ ၁၁ လအကြာ တွင် ရွေးချယ်နိုင် ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြေနေရာတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ ရှော့ပင်းမောလ်၊ လူ နေတိုက်ခန်းများနှင့် ရုံးခန်းများကို တည်ဆောက် သွား မည်ဖြစ်ပြီးမြို့ တွင်းပိုင်း၌ စီးပွားရေးလုပ်ငန်းများ ပြွတ်သိပ်နေမှုကိုဖြေရှင်းရန်အဆို ပါစီမံကိန်းကို ရန်ကုန်မြို့ပြဖွံ့ဖြိုး မှုစီမံကိန်းရေးဆွဲ သူများက အကြံပေးကာ ပြုလုပ်စေခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီမှာ သတ် မှတ်ထားသည့် တင်ဒါစည်းမျဉ်း များနှင့် ပြည့်စုံပြီး အဆိုပြုလွှာ တင်သွင်းရာတွင် သတ်မှတ်ထားသည့် မြို့ပြအင်္ဂါရပ် များနှင့် ညီညွတ် ပြည့်စုံအောင် တည်ဆောက်မည် ဆိုခြင်း အပါအဝင် ဒုတိယစီးပွား ရေးအချက်အချာအတွက် လိုအပ်သည့် အချက်အလက် များ ပြည့် စုံခြင်းတို့ကြောင့် ရွေးချယ်လိုက် ခြင်း ဖြစ်သည်ဟု အင်ဂျင်နီယာ နှင့် အဆောက်အအုံဌာနမှ အဆင့်မြင့် အရာရှိက ဆိုသည်။

First Myanmar ကုမ္ပဏီ သည် V-pile Group Of Com-panies လက်အောက်ရှိ ကုမ္ပဏီ တစ်ခုဖြစ်ပြီး ပြည်တွင်း၌ လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် ပူးပေါင်းတည် ဆောက်နေသော ဗိုလ်ဗထူးအိမ် ရာ စီမံကိန်းကို တည်ဆောက် လျက်ရှိသည်။ ပန်းလှိုင်ဆေးရုံ အပါအဝင် လှိုင်သာယာမြို့နယ် တစ်ခုလုံးရှိ မဟာဓာတ်အားလိုင်း များ သွယ်တန်းခြင်း စီမံကိန်းများ၊ ဘိလပ်မြေစက်ရုံများ တည် ဆောက်ခြင်း၊ အဆင့်မြင့်လုံးချင်း အိမ်ရာများ တည်ဆောက်ခြင်းတို့ တွင် အဓိက ရင်းနှီးမြှုပ်နှံထား သည့် ပြည်တွင်း ကုမ္ပဏီတစ်ခု လည်းဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် မြန်မာ V- pile အမည်ဖြင့် ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများ၌ ပိုင်ရိုက် ခြင်း နည်းပညာတွင် နာမည်ရ သော ကုမ္ပဏီဖြစ်သည်။

အိတ်ပိတ်စနစ်ဖြင့် တင်ဒါ အားအဆိုပြုလွှာ တင်သွင်းခြင်း ဖြစ်ပြီး အများရှေ့တွင်ဖွင့်ဖောက် ရွေးချယ်ခြင်းဖြစ်ကြောင်းရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီအင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။

တင်ဒါများကိုနောက်ဆုံးဖိုင် နယ်အဖြစ်လုပ်ဆောင်မည့်အဆို ပြုချက်များကိုတိုင်းဒေသကြီးအ စိုးရအဖွဲ့သို့ တင်ပြရပြီးပြန်လည် ရွေး ချယ်ပေးခြင်းဖြစ်ကြောင်း အ ထက်ပါအရာရှိကရှင်းပြသည်။

ယခု တင်ဒါခေါ်ယူလိုက် သည့်မြေနေရာမှာ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီပိုင်မြေနေရာဖြစ်ပြီးယခင်က အဆိုပါ မြေနေရာ အပြင် ကာ ကွယ်ရေးဝန်ကြီးဌာနပိုင်မြေနေ ရာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနပိုင် မြေနေရာတို့ ပါဝင်ပြီး ဌာနအချင်းချင်းညှိနှိုင်းရာတွင် အသုံးပြုရန် အခက်အခဲအချို့ ရှိသောကြောင့် စည်ပင်ပိုင်မြေ တွင်သာ ဖော်ဆောင်သွားရပြီးယ ခုလို တင်ဒါခေါ်ယူခဲ့ရခြင်းဖြစ် ကြောင်း စည်ပင်၏ ကနဦးသတင်း များကဆိုသည်။

အဆိုပါ ဒုတိယစီးပွားရေး အချက်အချာနယ်မြေ မရမ်းကုန်း မြို့နယ်မှာ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီ မံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စီမံကိန်းကြီး တစ်ခု လုံးကို ပြီးခဲ့ သည့် ၂၀၁၂ခုနှစ် သြဂုတ်လကစ တင်ပြီး JICAမှ ပညာရှင်များနှင့် မြန်မာပညာရှင်များအစိုးရအဖွဲ့ များက  ၂ နှစ်ကြာ ပူးပေါင်းရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအကောင် အထည်ဖော်ရန် နိုင်ငံတကာမှ ငွေကြေး အကူအညီများလည်းမြန်မာ အစိုးရကတောင်းခံ ထားမှု များရှိသည်။

7Day DAILY

No comments:

Post a Comment