Monday, August 11, 2014

မန္တလေးမြို့သာစက်မှုဥယျာဉ်စီမံကိန်း မြေယာလျော်ကြေးပြဿနာပြေလည်မှုမရသေး

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Royal Hi Tech ကုမ္ပဏီမှ အများပိုင်ကုမ္ပဏီတစ် ခုတို့ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် မန္တလေးမြို့သာစက်မှုဥယျာဉ်စီမံ ကိန်းအတွက် ဒေသခံတောင်သူ အချို့နှင့် မြေယာလျော်ကြေး ပြဿနာပြေလည်မှုမရှိသေးဘဲ ဆက်လက်ညှိနှိုင်းနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။
မန္တလေး မြို့သာစက်မှု ဥယျာဉ်စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်ကာ မြင်းခြံ ခရိုင်၊ ငါန်းဇွန်မြို့နယ် မြို့သာမြို့ အနီးရှိ မြေဧကတစ်သောင်းကျော် ပေါ်တွင် အကောင်အထည်ဖော် နေခြင်းဖြစ်သည်။ လက်ရှိအချိန် တွင် စီမံကိန်းအတွင်းပါဝင်သော မြေ ယာများအနက် ၈၀ ရာခိုင်နှုန်း ကျော်ကို မြေယာလျော်ကြေးငွေ များပေးအပ်ပြီးဖြစ်ပြီး ဒေသခံ တောင်သူ ၂၀၀ ခန့်နှင့် မြေယာ လျော်ကြေးပြဿနာပြေလည်မှု မရသေးဘဲ ဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဒေသခံတောင်သူများထံ မှ သတင်းရရှိသည်။

‘‘ဒီလကုန်နောက်ဆုံးသတ် မှတ်ထားပြီး လျော်ကြေးငွေပေး နေပါတယ်။ စီမံကိန်းစတင် အကောင်အထည်ဖော်မယ်ဆို ကတည်းက မြေစာရင်းနဲ့ သေချာ စနစ်တကျတိုင်းတာပြီးလျော် ကြေးငွေကိုလည်း သတ်မှတ်ထား ပြီးသားပါ။ ဦးပိုင်အမည်ပေါက် စိုက်ပျိုးမြေ (N)ဖြစ်ရင် တစ် ဧကကျပ်သိန်းနှစ်ဆယ်နဲ့ သစ် တောမြေ၊ ပလပ်မြေလိုမြေလွတ် မြေရိုင်းတွေပေါ်မှာ ကျူးကျော်ဝင် ရောက်စိုက်ပျိုးနေတဲ့ ဦးပိုင် အမည်ပေါက်မဟုတ်တဲ့မြေတွေ ကို သီးနှံနစ်နာကြေးတစ်ဧက ကျပ်ငါးသိန်းနဲ့ လျော်ကြေးငွေ ထုတ်ပေးနေတာ။ အဲဒီအတိုင်းပဲ လျော်ကြေးငွေပေးမှာဖြစ်ပါ တယ်’’ဟု မြို့သာစီမံကိန်းအား အဓိကတာဝန်ယူထားရသည့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

မြို့သာစက်မှုဥယျာဉ်စီမံ ကိန်း ပထမအဆင့်နှင့် စီမံကိန်း နှင့်ဆက်စပ်နေသည့် ဧရာဝတီ မြစ်ကမ်း ဆီမီးခုံ ကုန်းတွင်း ဆိပ်ကမ်းတည်ဆောက်မှု၊ နိုင်ငံ တကာအဆင့်မီဂေါက်ကွင်းတည် ဆောက်မှုများကို အောက်တိုဘာ အတွင်း ပြီးစီးအောင်လုပ်ကိုင်ရန် စီစဉ်နေပြီး မြေထိုးမြေညှိခြင်းလုပ် ငန်းများလုပ်ဆောင်နေသည်။

သို့သော် လျော်ကြေးငွေရ ယူခြင်းမရှိသည့် တောင်သူအချို့ က ၎င်းတို့၏ မြေယာများအပေါ် စီမံကိန်းပြုလုပ်မှုများကို တားဆီးမှုများရှိနေသည်ဟုဆိုသည်။ ဒေသခံတောင်သူများအနေဖြင့် စီမံကိန်းလုပ်ကိုင်ခြင်းကို တားမြစ်ခြင်းမပြုရန်နှင့် လျော်ကြေး ငွေများ လာရောက်ထုတ်ယူရန်၊ လျော်ကြေးငွေထုတ်ယူခြင်း မရှိဘဲ စီမံကိန်း တားမြစ်သူများကို ဥပဒေအရ အရေးယူမည်ဖြစ် ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့က အမိန့်ထုတ်ပြန်ထား သည်ဟု ဒေသခံတောင်သူများက ပြောသည်။

‘‘သူတို့ပေးတဲ့ပမာဏကို မကျေနပ်လို့ လျော်ကြေးမယူဘူး။ ကိုယ့်မြေပေါ် စီမံကိန်းလာလုပ် လို့ တားဆီးတာကို သူတို့က ဥပဒေအရအရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကျွန်တော်တို့ မြေတွေကလည်း ဘိုးစဉ်ဘောင် ဆက်သီးနှံစိုက်ပျိုးလုပ်ကိုင်လာ တာ။ အများနည်းတူ တစ်ဧကကို သိန်းနှစ်ဆယ်မရရင် လျော်ကြေး မယူဘူး’’ဟု စီမံကိန်းအတွင်း ပါဝင်နေသည့် ငါန်းဇွန်မြို့နယ် သံဘိုရွာမှ ဒေသခံတောင်သူတစ် ဦးက ပြောသည်။

စီမံကိန်းအတွင်းပါဝင်သော မြေယာများအနက် ၇၀ ရာခိုင် နှုန်းကို ပုဂ္ဂလိကက ရင်းနှီးမြှုပ်နှံ သူများထံရောင်းချထားပြီးဖြစ် ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် မြေယာလျော် ကြေးအတွက် တောင်သူများနှင့် ထပ်မံညှိနှိုင်းတော့မည်မဟုတ်ဘဲ လျော်ကြေးငွေ ထုတ်ယူသည့် တောင်သူတစ်ဦးချင်းစီအတွက် စီမံကိန်းအတွင်း ပေ (၆၀×၈၀) မြေကွက်များချထားပေးမည်ဖြစ် ကြောင်း ဝန်ကြီးဦးကျော်မြင့်က ပြောသည်။

7Day News Journal

No comments:

Post a Comment