Sunday, August 24, 2014

တောင်ယာလုပ်ကိုင်ချိန် RCSS/SSA အဖွဲ့၏ ဆက်ကြေး၊ ရိက္ခာ တောင်းမှုအပေါ် ဒေသခံများ စိတ်ပျက်

Photo: တောင်ယာလုပ်ကိုင်ချိန် RCSS/SSA အဖွဲ့၏ ဆက်ကြေး၊ ရိက္ခာ တောင်းမှုအပေါ် ဒေသခံများ စိတ်ပျက်
Sunday, August 24, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ တောင်နောက် ကျေးရွာနှင့်အနီး ၀န်းကျင်ကျေးရွာများအား သြဂုတ် ၂၃ ရက်နေ့တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့မှ ဆက်ကြေး၊ ရိက္ခာ တောင်းခံမှုကြောင့် ဒေသခံများ စိတ်ပျက်နေကြကြောင်း သိရသည်။

" ကျွန်တော်တို့ ရွာတွေက ဘိန်းစိုက်စားတဲ့ ရွာတွေ မဟုတ်ပါဘူး၊ ရိုးရိုးတောင်ယာပဲ လုပ်ကြတာ၊ အခု တောင်ယာလုပ်နေကြပါပြီ၊ ဒါပေမယ့် ရှမ်းပြည်တောင်ပိုင်းတပ်က ဆက်ကြေး၊ ရိက္ခာ လာကောက်လို့ စိတ်ပျက် နေကြတယ် " ဟု တောင်နောက် ရွာသား ကိုစိုင်းဘဦးက ပြောသည်။
RCSS/SSA အဖွဲ့မှ ရွာခံတစ်ဦးအား ရွာထဲတွင် ၎င်းတို့အဖွဲ့ စားသုံးရန် ထမင်းထုပ်များ တောင်းခိုင်းပြီး နောက် ဆက်ကြေးငွေများကို တစ်ပါတည်း တောင်းခြင်းဖြစ်ကြောင်း သိရသည်။

" မနေ့က တစ်အိမ် ထမင်းတစ်ထုပ် တောင်းလို့ ပေးလိုက်ရတယ်၊ ဈေးဆိုင်တွေမှာလည်း ဆေးလိပ်နဲ့ အရက် တွေ ယူသွားတယ်၊ ကြောက်တော့ ဘာမှ ပြန်မပြောရဲဘူး၊ သေနတ်အားကိုးနဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်း အပေါ် ပြန်အနိုင်ကျင့်နေတာ " ဟု မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။
RCSS/SSA အဖွဲ့မှ အဆိုပါ တောင်နောက်ကျေးရွာအား ဆက်ကြေးငွေ တစ်နှစ်စာ သိန်း(၂၀)၊ ဆန်(၁၀)တင်း နှင့် ဆား(၅)ပိဿာ ကို လကုန်အပြီး ပေးသွင်းရန် တောင်းခံထားကြောင်း သိရသည်။

" တောင်းတဲ့ ဆက်ကြေးကိုတော့ မပေးနိုင်ပါဘူး၊ ဆန်နဲ့ ဆားကိုတော့ ကိုယ့်မိသားစု စားတဲ့အထဲကနေ ခွဲပေး ရမှာပေါ့၊ သူတို့ပြောတော့ ရှမ်းပြည်နယ် တိုးတက်ဖို့နဲ့ ရှမ်းလူမျိုးတွေ ကောင်းစားဖို့ ဆိုလားပဲ၊ ဒါပေမယ့် ကျုပ် တစ်သက် သူတို့ ကောင်းတာလုပ်တာ ဘာတစ်ခုမှ မတွေ့သေးဘူး " ဟု အသက် ၇၀ အရွယ် ဦးစိုင်းလုံက ပြောသည်။

RCSS/SSA အဖွဲ့သည် အစိုးရနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၈ ရက်နေ့တွင် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း သိရှိရပါသည်။

ညီသစ်(တောင်ကြီး)
Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ တောင်နောက် ကျေးရွာနှင့်အနီး ၀န်းကျင်ကျေးရွာများအား သြဂုတ် ၂၃ ရက်နေ့တွင် ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့မှ ဆက်ကြေး၊ ရိက္ခာ တောင်းခံမှုကြောင့် ဒေသခံများ စိတ်ပျက်နေ ကြကြောင်း သိရသည်။
" ကျွန်တော်တို့ ရွာတွေက ဘိန်းစိုက်စားတဲ့ ရွာတွေ မဟုတ်ပါဘူး၊ ရိုးရိုးတောင်ယာပဲ လုပ်ကြတာ၊ အခု တောင်ယာလုပ်နေကြပါပြီ၊ ဒါပေမယ့် ရှမ်းပြည်တောင်ပိုင်းတပ်က ဆက်ကြေး၊ ရိက္ခာ လာကောက်လို့ စိတ်ပျက် နေကြတယ် " ဟု တောင်နောက် ရွာသား ကိုစိုင်းဘဦးက ပြောသည်။
RCSS/SSA အဖွဲ့မှ ရွာခံတစ်ဦးအား ရွာထဲတွင် ၎င်းတို့အဖွဲ့ စားသုံးရန် ထမင်းထုပ်များ တောင်းခိုင်းပြီး နောက် ဆက်ကြေးငွေများကို တစ်ပါ တည်း တောင်းခြင်းဖြစ်ကြောင်း သိရသည်။

" မနေ့က တစ်အိမ် ထမင်းတစ်ထုပ် တောင်းလို့ ပေးလိုက်ရတယ်၊ ဈေးဆိုင်တွေမှာလည်း ဆေးလိပ်နဲ့ အရက် တွေ ယူသွား တယ်၊ ကြောက်တော့ ဘာ မှ ပြန်မပြောရဲဘူး၊ သေနတ်အားကိုးနဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်း အပေါ် ပြန်အနိုင်ကျင့်နေတာ " ဟု မျက်မြင် ရွာသား တစ်ဦးက ဆိုသည်။ RCSS/SSA အဖွဲ့မှ အဆိုပါ တောင်နောက်ကျေးရွာအား ဆက်ကြေးငွေ တစ်နှစ်စာ သိန်း(၂၀)၊ ဆန်(၁၀)တင်း နှင့် ဆား(၅)ပိဿာ ကို လကုန်အပြီး ပေးသွင်းရန် တောင်းခံထားကြောင်း သိရသည်။

" တောင်းတဲ့ ဆက်ကြေးကိုတော့ မပေးနိုင်ပါဘူး၊ ဆန်နဲ့ ဆားကိုတော့ ကိုယ့်မိသားစု စားတဲ့အထဲကနေ ခွဲပေး ရမှာပေါ့၊ သူတို့ပြောတော့ ရှမ်းပြည်နယ် တိုးတက်ဖို့နဲ့ ရှမ်းလူမျိုးတွေ ကောင်းစားဖို့ ဆိုလားပဲ၊ ဒါပေမယ့် ကျုပ် တစ်သက် သူတို့ ကောင်းတာလုပ်တာ ဘာတစ်ခုမှ မတွေ့သေးဘူး " ဟု အသက် ၇၀ အရွယ် ဦးစိုင်းလုံက ပြောသည်။

RCSS/SSA အဖွဲ့သည် အစိုးရနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၈ ရက်နေ့တွင် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူ လက်မှတ်ရေးထိုး ထားသော လက်နက်ကိုင် အဖွဲ့ဖြစ်ကြောင်း သိရှိရပါသည်။

ညီသစ်(တောင်ကြီး)
Shan News

No comments:

Post a Comment