Saturday, August 16, 2014

စမတ်ဖုန်းဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သည့် Rolling Spider မောင်းသူမဲ့လေယာဉ်ငယ်

drone 1
ပြင်သစ်အခြေစိုက် အီလက်ထရောနစ်ကုမ္ပဏီတစ်ခုက လက်ရှိမောင်းသူမဲ့လေယာဉ်ငယ်များထက် ပိုမို၍ထိန်းချုပ်ရန်လွယ်ကူပြီး စွမ်းဆောင် ရည်ရှိသော အဝေးထိန်းစနစ်ဖြင့် ပျံသန်းနိုင်သည့် လေယာဉ်ငယ်ကို ထီတွင်ထုတ်လုပ် လိုက်သည်။ Rolling Spider ဟု အမည်ပေးထား သည့် မောင်းသူမဲ့  လေယာဉ်ငယ်လေးကို ပြင်သစ်အခြေစိုက် Parrot ကုမ္ပဏီက တီထွင်လိုက်ခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်ငယ်တွင် ဒလက် ၄ ခုနှင့် ဘီးနှစ်ခု တပ်ဆင်ထားသည်။

drone 2
စမတ်ဖုန်းဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သော Rolling Spider လေယာဉ်ငယ်သည် ဝေဟင်တွင် ပျံသန်းနိုင်သလို မြေပြင်ပေါ် သို့မဟုတ် နံရံပေါ်တွင် လည်း သွားလာနိုင်သည်။ Rolling Spider ကို Android နှင့် iOS  သုံး စမတ်ဖုန်းများတွင် App အသုံးပြု၍ ထိန်းချုပ်မောင်းနှင်နိုင် မည် ဖြစ် သည်။

စမတ်ဖုန်းများတွင် ပါဝင်သော accelerometer ဖြင့် လေယာဉ်ငယ်ကို ပေ ၁၆၀ အကွာအဝေးအတွင်း ဦးတည်ရာ အရပ် ပြောင်းလဲ ထိန်း သိမ်းနိုင် သည်။

တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁၅၀ တန် Rolling Spider လေယာဉ်ငယ်၏ အလေးချိန်မှာ ၆၅ ဂရမ်ရှိသည်။ လေယာဉ်ငယ်၌ ကင်မရာပါဝင်ပြီး ဝေဟင်တွင်ပျံသန်းကာ ဓာတ်ပုံများရိုက်ယူနိုင်ကြောင်းလည်း သိရသည်။ Rolling  Spider လေယာဉ်ငယ်ကို Android နှင့် iOS သုံး အခမဲ့ App နှင့်အတူ သြဂုတ်လကုန်ပိုင်းတွင် စတင်ဝယ်ယူနိုင်ဖြစ်သည်။ Windows ဖုန်းများအတွက်မူ သြဂုတ်လကုန်ပိုင်းတွင် App ထွက်ရှိလာမည်ဟုဆိုသည်။

၎င်းလေယာဉ်ငယ်၏ လတ်တလော အားနည်းချက်မှာ ဘက်ထရီသက်တမ်း ၆ မိနစ်မျှသာ အသုံးပြုနိုင်ခြင်းဖြစ်သည်။ Parrot ကုမ္ပဏီ၏ Rolling Spider လေယာဉ်ငယ်ကို နယူးယောက်ခ်မြို့တွင် စမ်းသပ်ပျံသန်း ပြသခဲ့သည်။

Ref: Daily Mail
Mizzima - News in Burmese

No comments:

Post a Comment