စတော့အိတ် ချိန်းဈေးကွက်တည်ထောင်နိုင်ရန် အတွက် Securities Exchange Committee ကော်မရှင်ကိုယခုလ အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန် ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
အဆိုပါ Securities Exchange Committee ကော်မရှင်ကို ပြည်တွင်း မှ ပညာရှင်ခုနစ်ဦးဖြင့်ဖွဲ့စည်းသွား မည်ဖြစ်ကြောင်းသိရသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီးဒေါက်တာမောင်မောင်သိမ်းး က'' Securities Exchange Committee ရုံးအဖွဲ့တွေကိုလဲ တစ်ပြိုင်တည်းဖွဲ့ဖို့ လုပ်ထားပြီးပါပြီ၊ ကျန်တဲ့လုပ်ငန်းတွေ ကိုလဲဆက်ပြီး လုပ်ဆောင်နေပါတယ်'' ဟု ပြောသည်။
မြန်မာနိုင်ငံတွင်တည်ထောင် မည့် စတော့အိတ်ချိန်း အတွက် ၂ဝ၁၂ခုနှစ်ကမြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဂျပန်နိုင်ငံအကြား MoU ရေးထိုးထားပြီး ဂျပန်နိုင်ငံ ဒိုင်ဟွာကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်ရန်စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ဒေါက်တာမောင်မောင်သိမ်း က'' SEC ကတော့အုပ်ချုပ်တဲ့ အပိုင်း ပေါ့၊ စတော့ဈေးကွက်ကြီးတည်ထောင် ဖို့အတွက် နိုင်ငံခြားနဲ့ စာချုပ်ချုပ်ဖို့က မူကြမ်းတွေရပြီ၊ ဆက်ပြီး အတည်ပြု ချက်တွေရသွားပြီဆိုရင်ဒီလထဲမှာ ပဲလက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်ထား တယ်၊ စာချုပ်စာတမ်းပိုင်းပြီးရင် လက် တွေ့ပိုင်း ဆက်လုပ်လို့ရတယ်၊ စာ ချုပ် စာတမ်းပိုင်းလုပ်နေရင်းနဲ့ လက် တွေ့ပိုင်းတွေကို လုပ်ထားတော့လုပ် ငန်းလုပ်ဖို့ အချိန်အကြာကြီးယူရမယ့် သဘောမရှိပါဘူး'' ဟုပြောသည်။
စတော့အိတ်ချိန်းဈေးကွက် တည်ထောင်နိုင်ရန်အတွက် လက်ရှိ မြန်မာနိုင်ငံတွင်ငွေချေးသက်သေ ခံလက်မှတ်များ လဲလှယ်ရောင်း ဝယ်ရေးဥပဒေကို ၂ဝ၁၂ ဇူလိုင်လ ၃၁ရက်ကပြဋ္ဌာန်းခဲ့ပြီးယင်းဥပဒေ အရ Securities Exchange Committee ကိုဖွဲ့စည်းကာကော် မရှင်ခွင့်ပြုချက်ဖြင့် စတော့အိတ် ချိန်းဈေးကွက်ကို တည်ထောင်ရမည်။
အဆိုပါစတော့အိတ်ချိန်းကို လာမည့် ၂ဝ၁၅ ခုနှစ် သြဂုတ်လ အတွင်း စတင်နိုင်ရန် ရည်မှန်းထား ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
HH
Democracytoday
No comments:
Post a Comment