Monday, September 22, 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေတူးဖော်မှုတွင် အသုံးပြုသော သောင်တူးစက်ကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှပြန်လည်သိမ်းယူဟုဆို

ဓမ္မ စေတီခေါင်းလောင်း ရှာဖွေတူးဖော် မှုကိုရပ်နားမည်ဟု ပြောဆိုထားခြင်း မရှိသော်လည်း ရှာဖွေတူးဖော်မှုတွင် အသုံးပြုသော သောင်တူးစက်ကို ရေ အရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြန်လည် သိမ်းယူသွားပြီဖြစ်ကြောင်းသိရသည်။
''သူတို့စီမံကိန်းတွေ လုပ်စရာ ရှိလို့ပြန်ယူတာဖြစ်ပါလိမ့်မယ်။ အခု ကတော့ မြစ်ထဲမှာ သောင်တူးစက် မရှိတော့ဘူး။ ဦးတို့သင်္ဘောကတော့ ရှိတယ်။ ကိုယ့်ဘာသာကိုယ်ဆက် ပြီးလုပ်ဖို့ စီစဉ်နေပါတယ်'' ဟု ဦးစံ လင်းက ဒီမိုကရေစီတူဒေးသတင်း စာ၏ဆက်သွယ်မေးမြန်းမှုကို ဖြေ ကြားခဲ့သည်။
ခေါင်းလောင်းရှာဖွေတူးဖော် မှုအတွက် သောင်တူးစက်ကို ရေအ ရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ငှားရမ်းပေး ထားခြင်းဖြစ်ကြောင်း သိရသည်။

ရေအရင်းအမြစ်နှင့်မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကို ဦးက ''သောင်တူးစက်ကို ဒီနေ့သိမ်း ဖို့အစီအစဉ်ရှိပါတယ်။ သိမ်းဖြစ် မ သိမ်းဖြစ်ဆိုတာကိုတော့ မသိရသေး ဘူး။ သောင်တူးစက်သိမ်းမယ်ဆိုရင် ချက်ချင်းတော့ သိမ်းလို့မရဘူး။ တွဲ သင်္ဘောတွေ ဆွဲရတာတွေ ရှိသေး တယ်''ဟု ဒီမိုကရေစီတူဒေးသတင်း စာ၏ ဆက်သွယ်မေးမြန်းမှုကို ဖုန်း ဖြင့် ပြန်လည်ဖြေကြားသည်။
ခေါင်းလောင်းရှာဖွေတူးဖော်မှုအတွက် မြစ်အတွင်းသဲများ၊ နုန်း များစုပ်ယူရာတွင် အသုံးပြုခဲ့သော သောင်တူးစက်ကို ဦးစံလင်းက ငှား ရမ်းအသုံးပြုခဲ့ကာ ပြန်လည်သိမ်းယူ သွားသော်လည်း တူးဖော်မှုလုပ်ငန်း များ ရပ်နားမည်ဟုပြောဆိုခြင်းမရှိ ကြောင်း သိရသည်။
''ခေါင်းလောင်းတူးဖော်မှုလုပ် ငန်းတွေလုပ်တာကို မတွေ့ရတာ သုံး ရက်လောက်ရှိပြီ။ ဒီမနက်လဲ ကျွန် တော်သွားကြည့်တာ သောင်တူးစက် ကိုတော့ မတွေ့တော့ဘူး။ သုံးထပ် သင်္ဘောကတော့ ရှိသေးတယ်''ဟု သာကေတမြို့နယ်တွင် နေထိုင်သူ ကိုထွန်းထွန်းဝင်းက ပြောသည်။
ခေါင်းလောင်းတူးဖော်မှုကို သြဂုတ်လ၈ရက်တွင်စတင်ခဲ့ပြီး ခေါင်း လောင်းနှင့်ပတ်သက်၍ အမျိုးမျိုး သောသတင်းများ ထွက်ပေါ်ခဲ့သော် လည်း တစ်လခွဲခန့်ကြာမြင့်ခဲ့ပြီဖြစ် ကာ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေး ကြောင်း သိရသည်။
''သောင်တူးစက်ကို ဦးစံလင်း က ပြန်ပြီးသွားလျှောက်ထားတယ်။ အထောက်အထားခိုင်လုံစွာနဲ့ လျှောက် လွှာပြန်တင်ပါဆိုလို့ ဦးစံလင်းက ပြန် တင်ထားတယ်'' ဟု ခေါင်းလောင်း ဆယ်ယူရေးပြန်ကြားရေးအဖွဲ့မှ ဦး ကြည်ဝင်းက ပြောသည်။

Yangon Media Group

No comments:

Post a Comment