Friday, September 26, 2014

ဘောလုံးသတင်းတိုများ (စက်တင်ဘာလ ၂၆ရက်)

မာလာဂါနောက်ခံလူ ၀ယ်လင်တန်က ၎င်းကို စော်ကားသည့် အသုံးအနှုန်း သုံးစွဲခဲ့ခြင်းကြောင့် မက်ဆီကို တွန်းထိုးခဲ့ခြင်းဟု ရှင်းလင်းသွားခဲ့သည်။
မန်စီးတီးနှင့် ချဲလ်ဆီးတို့ တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ချဲလ်ဆီးဘက်သို့ လမ်းပတ် ချေပဂိုး သွင်းယူခဲ့ပြီးနောက် ယူဂန်ဒါနိုင်ငံသား ချဲလ်ဆီး ပရိသတ်တစ်ဦး နှလုံးရောဂါဖောက်၍ သေဆုံးသွားခဲ့သည်။
ဘဏ္ဍာရေး သင့်တင့်မျှတမှု စည်းမျဉ်းချိုးဖောက်ခဲ့ခြင်းကြောင့် ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးမည့် အသင်း(၇)သင်းစာရင်းတွင် လီဗာပူး၊ အင်တာမီလန်၊ မိုနာကို၊ ရိုးမားတို့ ပါဝင်နေသည်။
ဂျူ ဗင်တပ် ဂိုးသမား ဘူဖွန်က စကူဒတ်တို ချန်ပီယံဆုအတွက် ရိုးမားအသင်းနှင့် ရာသီကုန်အထိ ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
ရှက်ဖီးကို မန်စီးတီးအသင်း (၇)ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် လူငယ် ပရိသတ်တစ်ဦး ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာခဲ့ပြီး လမ်းပတ်နှင့်တွဲဖက်ကာ ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဗီလာရီးရဲလ်နှင့် ရီးရဲလ်အသင်း ကစားမည့်ပွဲစဉ်တွင် ဗီလာရီးရဲလ် ကွင်းအမိုးပေါ်မှ ရော်နယ်ဒို အိမ်ပြန်လာပါတော့ ဆိုသည့် စာတန်းကို လေယာဉ်ဖြင့် ချိတ်ဆွဲပျံသန်းစေရန် မန်ယူပရိသတ်အဖွဲ့ စီစဉ်နေသည်။
စီးရီးအေ ပွဲစဉ်(၄)ပွဲတွင် တစ်ပွဲသာ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ဦးဆောင်သူ ဂျူ ဗင်တပ်နှင့် (၈)မှတ် ကွာဟနေသော်လည်း နာပိုလီ နည်းပြရာထူးအတွက် ပူပန်စရာ မရှိဟု ဘင်နီတက်ဇ်က ပြောသည်။
အာဆင်နယ် တောင်ပံကစားသမားဟောင်း ပီရက်စ်က ယခုရာသီတွင် အာဆင်နယ် အသင်း ပရီးမီးယားလိဂ်ဖလား ရရှိနိုင်ကြောင်း ဖွင့်ဟသွားသည်။
ဘာစီလိုနာ ကစားသမားများအနေဖြင့် ပွဲကစားရမည့်ရက်တွင် အချိန်တစ်မိနစ်နောက်ကျပါက ပေါင်(၃၀၀)မှ ပေါင်(၁၂၀၀)အထိ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်သည်။
စပါးနှင့်အတူ သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်မဟုတ်ကြောင်း နောက်ခံလူ ဗာတွန်ဂန်က အတည်ပြုခဲ့သည်။
ရိုးမားနည်းပြ ဂါစီယာက ပွဲချိန်နှောင်းပိုင်း ပြစ်ဒဏ်ဘော ကန်ချက်ဖြင့် ပါးမားဘက်သို့ အနိုင်ဂိုးသွင်းခဲ့သည့် ပီဂျာနစ်မှာ ပင်ကိုယ်စွမ်းရည် ကောင်းမွန်သော ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။
လီဗာပူးနည်းပြ ရော့ဂျာက အဲဗာတန်နှင့် ကစားရမည့် မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ်တွင် တိုက်စစ်မှူး စတာရစ် ပြန်လည်ကစားနိုင်မည်ဟု
မျှော်လင့်ထားကြောင်း ပြောသည်။

Nz(ရိုးရာလေး)

No comments:

Post a Comment