Saturday, September 13, 2014

မာလာလာကို လုပ်ကြံခဲ့သည့် တာလီဘန် အဖွဲ့ခွဲကို ပါကစ္စတန်စစ်တပ် ဖမ်းဆီးရမိ

Photo: မာလာလာကို လုပ်ကြံခဲ့သည့် တာလီဘန် အဖွဲ့ခွဲကို ပါကစ္စတန်စစ်တပ် ဖမ်းဆီးရမိ
Saturday, September 13, 2014

လူ့အခွင့်အရေး လှုပ်ရှားသည့် ဆယ်ကျော်သက် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်ကို သေနတ်ဖြင့် ပစ်ခဲ့သည့် တာလီဘန် အဖွဲ့ဝင်များကို ဖမ်းဆီးရမိထားကြောင်း ပါကစ္စတန် စစ်တပ်က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

မာလာလာသည် ပါကစ္စတန်တွင် မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေး ဆော်ဩလှုပ်ရှားမှုကြောင့် တာလီဘန်တို့၏ အငြှိုးထားမှုကို ခံရပြီး (၂၀၁၂)ခုနှစ်၊ အောက်တိုဘာလက လုပ်ကြံခြင်း ခံရသည်။ သူမသည် ဦးခေါင်းတွင် သေနတ် ထိမှန်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ယခုအခါ ဗြိတိန်တွင် ဆေးကုသမှု ခံယူကာ အပြည့်အဝ ပြန်လည် ကျန်းမာနေပြီ ဖြစ်သည်။

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ဆွက်တောင်ကြား ဒေသတွင် မာလာလာကို တာလီဘန် တပ်ဖွဲ့ဝင် သေနတ်သမားတစ်ဦးက ကျောင်းကားပေါ်ထိ တက်လာကာ လုပ်ကြံ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်ရပ်တွင် မာလာလာအပြင် နောက်ထပ် ကျောင်းသူကျောင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တာလီဘန်တို့၏ ရက်စက်မှုအပေါ် တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ပြီး မာလာလာသည်လည်း ကမ္ဘာကျော်ခဲ့ပြီး (၂၀၁၃)ခုနှစ်တွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိမည်ဟုပင် အလေးအနက် ရေပန်းစားခဲ့ဖူးသည်။

ယခုအခါ ပါကစ္စတန် စစ်တပ်က မာလာလာကို လုပ်ကြံရန် အကွက်ချ စီမံခဲ့သည့် အဖွဲ့တစ်ခုကို ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာခဲ့သည်။ “မာလာလာကို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း တစ်ရပ်လုံးကို ဖမ်းမိထားပါတယ်”ဟု စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ်ကြီး အေဆင်မ် ဘက်ဂ်ျဝါးက ပြောကြားခဲ့သည်။ ပါကစ္စတန် စစ်တပ်သည် တာလီဘန်တို့၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သော ရှူရာအမည်ရှိ အဖွဲ့ငယ်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းအဖွဲ့တွင် လူ(၁၀)ဦး ပါဝင်ပြီး မာလာလာကို လုပ်ကြံမှုတွင် အဓိက လှုပ်ရှားခဲ့ကြကြောင်း ကြေညာသည်။

ပါကစ္စတန် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး တပ်ဖွဲ့များ ပူးပေါင်းကာ ရှူရာအဖွဲ့ကို ဖော်ထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို မကြာမီ အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးတွင် စွဲချက်တင်သွားမည်ဟုလည်း သိရှိရသည်။ ပါကစ္စတန် စစ်တပ်၏ ကြေညာချက်တွင် မာလာလာကို သေနတ်ဖြင့် ပစ်ခတ်သူဟု ယခင်က စွပ်စွဲခံရသည့် အသက်(၂၃)နှစ်အရွယ် တာလီဘန် တပ်ဖွဲ့ဝင် အေတူလာခန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိခဲ့ချေ။

ဗိုလ်ချုပ် ဘက်ဂ်ျဝါးက မိမိတို့ ဖမ်းဆီးရမိထားသူများသည် ပါကစ္စတန် တာလီဘန်တပ်ဖွဲ့ အကြီးအကဲ မာလာ ဖက်ဇ်လူလာ၏ တိုက်ရိုက် အမိန့်အောက်တွင် လှုပ်ရှားနေသူများဟု ဆိုသည်။ မာလာလာသည် လုပ်ကြံမှုနှင့် ကြုံတွေ့စဉ်က အသက်(၁၅)နှစ်သာ ရှိသေးသည်။ သူမသည် တာလီဘန်တို့ ထိန်းချုပ်ခံထားရသည့် ကျေးရွာများတွင် နိမ့်ကျသော လူနေမှုဘဝများ ဖြတ်သန်း ကြုံကြိုက်ရပုံ ကိုယ်ရေးမှတ်တမ်း တစ်စောင်ကို ရေးသားခဲ့ရာမှ (၂၀၀၉)ခုနှစ်တွင် စတင် လူသိများလာခဲ့သည်။

သူမသည် လတ်တလောတွင် ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် နေထိုင်လျက်ရှိပြီး တာလီဘန်တို့၏ သူမနှင့် မိသားစုကို ခြိမ်းခြောက်နေခြင်းကြောင့် ပါကစ္စတန်သို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

BBC
လူ့အခွင့်အရေး လှုပ်ရှားသည့် ဆယ်ကျော်သက် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်ကို သေနတ်ဖြင့် ပစ်ခဲ့သည့် တာလီဘန် အဖွဲ့ဝင်များကို ဖမ်းဆီးရမိထားကြောင်း ပါကစ္စတန် စစ်တပ်က သတင်းထုတ်ပြန် ကြေညာခဲ့သည်။မာလာလာသည် ပါကစ္စတန်တွင် မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေး ဆော်ဩလှုပ်ရှားမှုကြောင့် တာလီဘန်တို့၏ အငြှိုးထားမှုကို ခံရပြီး (၂၀၁၂)ခုနှစ်၊ အောက်တိုဘာလက လုပ်ကြံခြင်း ခံရသည်။ သူမသည် ဦးခေါင်းတွင် သေနတ် ထိမှန်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ယခုအခါ ဗြိတိန်တွင် ဆေးကုသမှု ခံယူကာ အပြည့်အဝ ပြန်လည် ကျန်းမာနေပြီ ဖြစ်သည်။

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ဆွက်တောင်ကြား ဒေသတွင် မာလာလာကို တာလီဘန် တပ်ဖွဲ့ဝင် သေနတ်သမားတစ်ဦး က ကျောင်း ကားပေါ်ထိ တက်လာကာ လုပ်ကြံ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်ရပ်တွင် မာလာလာအပြင် နောက် ထပ် ကျောင်း သူကျောင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တာလီဘန်တို့၏ ရက်စက်မှုအပေါ် တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ပြီး မာလာလာသည်လည်း ကမ္ဘာကျော်ခဲ့ပြီး (၂၀၁၃)ခုနှစ်တွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိမည်ဟုပင် အလေးအနက် ရေပန်းစားခဲ့ဖူးသည်။

ယခုအခါ ပါကစ္စတန် စစ်တပ်က မာလာလာကို လုပ်ကြံရန် အကွက်ချ စီမံခဲ့သည့် အဖွဲ့တစ်ခုကို ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာခဲ့သည်။ “မာလာလာ ကို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း တစ်ရပ်လုံးကို ဖမ်းမိထားပါတယ်”ဟု စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ်ကြီး အေဆင်မ် ဘက်ဂ်ျဝါးက ပြောကြားခဲ့သည်။ ပါကစ္စတန် စစ်တပ်သည် တာလီဘန်တို့၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သော ရှူရာ အမည်ရှိ အဖွဲ့ငယ်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းအဖွဲ့တွင် လူ(၁၀)ဦး ပါဝင်ပြီး မာလာလာကို လုပ်ကြံမှုတွင် အဓိက လှုပ်ရှား ခဲ့ကြကြောင်း ကြေညာသည်။

ပါကစ္စတန် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး တပ်ဖွဲ့များ ပူးပေါင်းကာ ရှူရာအဖွဲ့ကို ဖော်ထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို မကြာမီ အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးတွင် စွဲချက်တင်သွားမည်ဟုလည်း သိရှိရသည်။ ပါကစ္စတန် စစ်တပ်၏ ကြေညာချက်တွင် မာလာလာ ကို သေနတ်ဖြင့် ပစ်ခတ်သူဟု ယခင်က စွပ်စွဲခံရသည့် အသက်(၂၃)နှစ်အရွယ် တာလီဘန် တပ်ဖွဲ့ဝင် အေတူလာခန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိခဲ့ချေ။

ဗိုလ်ချုပ် ဘက်ဂ်ျဝါးက မိမိတို့ ဖမ်းဆီးရမိထားသူများသည် ပါကစ္စတန် တာလီဘန်တပ်ဖွဲ့ အကြီးအကဲ မာလာ ဖက်ဇ်လူလာ၏ တိုက်ရိုက် အမိန့်အောက်တွင် လှုပ်ရှားနေသူများဟု ဆိုသည်။ မာလာလာသည် လုပ်ကြံမှုနှင့် ကြုံတွေ့စဉ်က အသက်(၁၅)နှစ်သာ ရှိသေးသည်။ သူမသည် တာလီဘန်တို့ ထိန်းချုပ်ခံထားရသည့် ကျေးရွာများတွင် နိမ့်ကျသော လူနေမှုဘဝများ ဖြတ်သန်း ကြုံကြိုက်ရပုံ ကိုယ်ရေးမှတ်တမ်း တစ်စောင်ကို ရေးသားခဲ့ရာမှ (၂၀၀၉)ခုနှစ်တွင် စတင် လူသိများလာခဲ့သည်။

သူမသည် လတ်တလောတွင် ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် နေထိုင်လျက်ရှိပြီး တာလီဘန်တို့၏ သူမနှင့် မိသားစုကို ခြိမ်းခြော က်နေခြင်းကြောင့် ပါကစ္စတန်သို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

BBC

No comments:

Post a Comment