Saturday, September 13, 2014

အင်ဒိုနီးရှား BNI ဘဏ်က မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင် ရန် ပြင်ဆင် လျက်ရှိ

Photo: အင်ဒိုနီးရှား BNI ဘဏ်က မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင် ရန် ပြင်ဆင် လျက်ရှိ
Saturday, September 13, 2014

အင်ဒိုနီးရှားနိုင်ငံမှ ချေးငွေထုတ်ပေးသည့် Bank Negara Indonesia က မြန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် ရုံးခန်းလာရောက်ဖွင့်လှစ် လုပ်ကိုင် ရန် ပြင်ဆင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံ၌ လာရောက် လုပ်ငန်းများ လုပ်ကိုင်ရာ တွင် ကူညီမှုများ ပေးနိုင်ရန် ယခုကဲ့သို့ လာရောက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။

BNI ဘဏ်၏ လက်ထောက်အထွေထွေမန်နေဂျာ ရာမက်ဟီဒါရက်က ၎င်းတို့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် လာမည့် သီတင်းပတ်အတွင်း ခွင့်ပြုချက်တင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ဆောင်မှုများဌာနရဲ့ ခွင့်ပြုချက်ကိုတော့ ရပြီးပါပြီ။ ဂျကာတာမြို့က မြန်မာသံရုံးရဲ့ ထောက်ခံစာကိုလည်း ရရှိပြီးပါပြီ” ဟု ရာမက်ဟီဒါရက် ပြောကြားသည်။ BNI ၏ ဒါရိုက်တာ အဖွဲ့ အနေဖြင့် မြန် မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိများနှင့် တွေ့ဆုံပြီးဖြစ်ကာ မူအားဖြင့် သဘောတူညီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ မကြာခင်မှာ တရားဝင်ခွင့်ပြုချက် ရရှိသွားလိမ့်မယ်လို့ မျှော် လင့် ပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ်မည့် အဆိုပါ ဘဏ်အား BNI နှင့် အင်ဒိုနီးရှားဆောက် လုပ်ရေးကုမ္ပဏီ Waskita Karya (WSKT) တို့က စီမံလုပ် ကိုင်သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၂၅ သန်းတန် ကန်ထရိုက်လုပ်ငန်းတစ်ခု ရရှိ ထားပြီး ဆောက် လုပ်ရေးလုပ်ငန်းများကို အောက်တိုဘာလတွင် စတင်ကာ နှစ်နှစ်အတွင်း ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

Ref:The Jakarta Post
Mizzima - News in Burmese

No comments:

Post a Comment