Tuesday, September 30, 2014

အမျိုးသားတစ်ဦးရေချိုးမယ်ဆိုပြီးအတွင်းခံမပါဘဲထိုင်ခုံပေါ်တက်ထိုင်စဉ် (++) ဥ’’ ညှစ်ကာ အရေးပေါ် (၁၁၉) ခေါ်လိုက်ရ

ထိုင်ဝမ်တွင်အသက်( ၆၅ )နှစ်ဦးလေးကြီး တစ်ယောက် ရေချိုးမယ် ဆိုပြီး အတွင်းခံ မပါဘဲ ယခုကဲ့သို့  ဓါတ်ပုံအတိုင်း ပလတ်စတစ် ထိုင်ခုံပေါ်ခဏထိုင်လိုက်၍  (ဥ)ဟိုဒင်းတစ်လုံးက ခုံအပေါက်ထဲဝင်ပြီး  ခံနေလို့ ၁၁၉ ခေါ်ရလိုက်ရကြောင်း တရုတ်သတင်းစာမျက်နှာ တစ်ခုတွင်ဖော်ပြ ထားသည်။

ယခုပုံပါဓါတ်ပုံသည်ပလတ်စတစ်ရောင်းစုံကုလားထိုင်ဖြစ်ပြီးတရုတ်နိုင်ငံထုတ်အမှတ်တံဆိပ်ပါရှိသော
ကုလားထိုင်ဖြစ်သည်ဟုဆိုသည်။

 အဆိုပါထိုင်ဝမ်အဖိုးကြီးသည် ကုလားထိုင်ပေါ်တွင် ရုတ်တစ်ရက်တက်ထိုင်လိုက်စဉ်  ဥ အပေါက်ကြားသို့  ၀င်သွားခဲ့ပြီး ပြန်နှုတ်ရန်ခက်ခဲ့သဖြင့် ယခုကဲ့သို့  အရေးပေါ် ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ထိုနောက်အရေးပေါ်ကားရောက်ရှိပြီး အဖိုးကြီးအား အမြန်ဆုံးဆုံးအသက်ကို ကယ်တင်လိုက်ရသည်။ ယခုကဲ့သို့ ဖြစ်စဉ်မှ မကြာခဏဖြစ်ပွား ခဲ့သော်လည်း ’’ဥ’’ ကဲ့သို့ အပေါက်အတွင်းသို့ ဝင်ရောက်ဖို့  သည်အလွန်တရာမှရှားပါးကြောင်းနဲ့ သတိမမူဘဲ ရုတ်တစ်ရက်တက်ထိုင်စဉ် ဥ သည်အထဲသို့   ၀င်ရောက်ပြီး ညှပ်နေတာဖြစ်ကြောင်းအရေးပေါ်ကယ်ဆယ်သူတစ်ဦးမှ မှတ်ချက်ပေးသည်။

ရွှေမြန်မာမီဒီယာ





No comments:

Post a Comment