Tuesday, September 30, 2014

တရုတ်တွင် မွတ်ဆလင် ဘာသာရေး အကြီးအကဲကို သတ်မှုဖြင့် ဆယ်ကျော်သက် နှစ်ဦးကို သေဒဏ်ချမှတ်

Photo: တရုတ်တွင် မွတ်ဆလင် ဘာသာရေး အကြီးအကဲကို သတ်မှုဖြင့် ဆယ်ကျော်သက် နှစ်ဦးကို သေဒဏ်ချမှတ်
Tuesday, September 30, 2014

တရုတ်နိုင်ငံတွင် မွတ်ဆလင် ဘာသာရေး အကြီးအကဲတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဆယ်ကျော်သက်နှစ်ဦးကို ဒေသတွင်း တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ဂန်နီဟက်ဆန်နှင့် နာမီမက်အဘီဒီလီမက်တို့ နှစ်ဦးကို အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းမှု၊ လူသတ်မှုတို့ဖြင့် ကက်ရှ်ဂါ တရားရုံးက တနင်္ဂနွေနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။
ကြံရာပါတစ်ဦး ဖြစ်သည့် အက်တဝူ လာတာဆန်ကိုမူ အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းမှုနှင့် လူသတ်မှုတွင် ပူးပေါင်းကြံစည်မှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။

ဂန်နီဟက်ဆန် ဦးဆောင်သော အဖွဲ့သည် ဘာသာရေး အစွန်းရောက် အယူအဆများ လွှမ်းမိုးခံနေရသော အဖွဲ့ဖြစ်ပြီး ထင်ရှားသော ဘာသာရေး ခေါင်းဆောင်များကို သတ်ဖြတ်ရန် ၎င်း၏အဖွဲ့သားများကို လေ့ကျင့်ပေးနေသော အဖွဲ့ဖြစ်သည်ဟု တရားရုံးက ကြေညာခဲ့ကြောင်း Xinhua သတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။
အဘီဒီလီမက်နှင့် အခြားသူနှစ်ဦးသည် ကက်ရှ်ဂါမြို့ရှိ နှစ် ၆၀၀ သက်တမ်းရှိ ဗလီ၏ အကြီးအကဲ ဂျူမီတာဟဲကို ဇူလိုင်လ ၃၀ ရက်နေ့က သတ်ဖြတ်ခဲ့ကြောင်းနှင့် ဗလီကို ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခဲ့မှုတွင် ပါဝင်သော အခြားသူများမှာမူ ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းစာ China Daily က ဖော်ပြခဲ့သည်။
မွတ်ဆလင် ဘာသာရေးခေါင်းဆောင် ဂျူမီတာဟဲသည် ကိုရမ်ကျမ်းစာကို မိမိလိုရာဆွဲ အဓိပ္ပာယ်ဖွင့်ဆိုကာ ဟောပြောလျက် ရှိသည်ဟု ဟက်ဆန်က ယုံကြည်ခဲ့ပြီး ဂျူမီတာဟဲကဲ့သို့သော ထင်ရှားသည့် ဘာသာရေး ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ခြင်းဖြင့် လူအများ အာရုံစိုက်စရာ ဖြစ်လိမ့်မည်ဟု ယူဆကာ သတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်ဟု China Daily က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ မွတ်ဆလင် အူဂါလူမျိုးစုများ အများဆုံးနေထိုင်ရာ ရှင်ကျန်းဒေသတွင် ပြီးခဲ့သော တစ်နှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် တရုတ်အာဏာပိုင်များက အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ကာ တရားရုံးများကလည်း အကြမ်းဖက်မှု ကျူးလွန်သူများကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်လျက်ရှိရာ ကူမင်းဓားခုတ်မှု တရားခံသုံးဦးကိုလည်း စက်တင်ဘာလ အစောပိုင်းက သေဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့သေးသည်။

The Voice Weekly
တရုတ်နိုင်ငံတွင် မွတ်ဆလင် ဘာသာရေး အကြီးအကဲတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဆယ်ကျော်သက်နှစ်ဦးကို ဒေသတွင်း တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်ကြောင်း CNA သတင်း
ဌာနတွင် ဖော်ပြထားသည်။
ဂန်နီဟက်ဆန်နှင့် နာမီမက်အဘီဒီလီမက်တို့ နှစ်ဦးကို အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းမှု၊ လူသတ်မှုတို့ဖြင့် ကက်ရှ်ဂါ တရားရုံးက တနင်္ဂနွေနေ့တွင် သေဒဏ် ချမှတ်လိုက်သည်။
ကြံရာပါတစ်ဦး ဖြစ်သည့် အက်တဝူ လာတာဆန်ကိုမူ အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းမှုနှင့် လူသတ်မှုတွင် ပူးပေါင်းကြံစည်မှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။

ဂန်နီဟက်ဆန် ဦးဆောင်သော အဖွဲ့သည် ဘာသာရေး အစွန်းရောက် အယူအဆများ လွှမ်းမိုးခံနေရသော အဖွဲ့ဖြစ်ပြီး ထင်ရှားသော ဘာသာရေး ခေါင်းဆောင်များကို သတ်ဖြတ်ရန် ၎င်း၏အဖွဲ့သား များကို လေ့ကျင့်ပေးနေသော အဖွဲ့ဖြစ်သည်ဟု တရားရုံးက ကြေညာခဲ့ကြောင်း Xinhua သတင်း ဌာနတွင် ဖော်ပြထားချက်အရ သိရသည်။
အဘီဒီလီမက်နှင့် အခြားသူနှစ်ဦးသည် ကက်ရှ်ဂါမြို့ရှိ နှစ် ၆၀၀ သက်တမ်းရှိ ဗလီ၏ အကြီးအကဲ ဂျူမီတာဟဲကို ဇူလိုင်လ ၃၀ ရက်နေ့က သတ်ဖြတ်ခဲ့ကြောင်းနှင့် ဗလီကို ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခဲ့မှုတွင် ပါဝင်သော အခြားသူများမှာမူ ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းစာ China Daily က ဖော်ပြခဲ့သည်။
မွတ်ဆလင် ဘာသာရေးခေါင်းဆောင် ဂျူမီတာဟဲသည် ကိုရမ်ကျမ်းစာကို မိမိလိုရာဆွဲ အဓိပ္ပာယ်ဖွင့်ဆိုကာ ဟောပြောလျက် ရှိသည်ဟု ဟက်ဆန်က ယုံကြည်ခဲ့ပြီး ဂျူမီတာဟဲကဲ့သို့သော ထင်ရှားသည့် ဘာသာရေး ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ခြင်းဖြင့် လူအများ အာရုံစိုက်စရာ ဖြစ် လိမ့်မည်ဟု ယူဆကာ သတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်ဟု China Daily က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ မွတ်ဆလင် အူဂါလူမျိုးစုများ အများဆုံးနေထိုင်ရာ ရှင်ကျန်းဒေသတွင် ပြီးခဲ့သော တစ်နှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် တရုတ်အာဏာပိုင်များက အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ကာ တရားရုံးများကလည်း အကြမ်းဖက်မှု ကျူးလွန်သူများကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်လျက်ရှိရာ ကူမင်းဓားခုတ်မှု တရားခံသုံးဦးကိုလည်း စက်တင်ဘာလ အစောပိုင်းက သေ ဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့သေးသည်။

The Voice Weekly

No comments:

Post a Comment