Thursday, September 4, 2014

၃-၅-၂ ကစားကွက်ဖြင့် ပွဲထွက်လာမည့် နည်းပြကွန်တီ၏ အီတလီ



ဂျူဗင်တပ်နည်းပြဟောင်းကွန်တီသည် ဟော်လန်နှင့်ကစားမည့် ခြေစမ်းပွဲတွင် အီတလီအသင်းအား ပထမဆုံး ပွဲစဉ်အဖြစ် ကိုင်တွယ်မည်ဖြစ်သည်။ကွန်တီအနေဖြင့် အီတလီအသင်းကို ယင်းအကြိုက်ကစားကွက်ဖြစ်သော၃-၅-၂ ကစားကွက်ဖြင့် ပုံဖော်ဖွယ်ရှိပြီး နည်းပြဂူဟစ်ဒင့်၏ ဟော်လန်အသင်းမှာမူ ၄-၃-၃ ကစားကွက်ဖြင့် ပြန် လည်ရင်ဆိုင်ဖွယ် ရှိသည်။ကွန်တီက ပီအက်စ်ဂျီဂိုးသမား ဆီရီဂူအား ပွဲထွက်စာရင်းတွင် အသုံးပြုမည်ဆိုထား ပြီး နော်ဝေနှင့်ယူရို ၂၀၁၆ ခြေစစ်ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည့် ကွင်းလယ်လူမာချီစီယိုကိုလည်း  ဟော်လန်နှင့်ပွဲတွင် ထည့်သွင်းသွားမည်ဟု ပြောကြားထားသည်။

အီတလီ၏တိုက်စစ်တွင် ဒေါ့မွန်တိုက်စစ်မှူး အင်မိုဘိုင်းနှင့် ဆက်ဆူအိုလိုတိုက်စစ်မှူးဇာဇာတို့ ပွဲထွက်လာဖွယ်ရှိသည်။ဟော်လန်အသင်းမှာ တိုက်စစ်အားမန်ယူမှ ဗန်ပါစီ၊ဂါလာတာစာရေးမှ ကူရစ်၊ရှနိုက်ဒါတို့ဖြင့် ပုံဖော်သွားဖွယ်ရှိသည်။

အီတလီဖြစ်နိုင်ဖွယ်လူစာရင်း

ဆီရီဂူ၊ရာနော့ချီယာ၊ဘိုနူစီ၊အက်စတိုရီ၊ကန်ထရီဗာ၊မာချီစီယို၊ဒီရော့စီ၊ပါရိုလို၊ဂျီရက်ချီယာနီ၊ဇာဇာ၊အင်မိုဘိုင်း

 ဟော်လန်ဖြစ်နိုင်ဖွယ်လူစာရင်း

ဆီလက်ဆန်၊ဂျန်မက်၊ဘလိုင်း၊ဗီရီဂျီ၊အင်ဒီ၊ဒီဂျောင်၊၀ီနယ်ဒန်၊လန်းစ်၊ဗန်ပါစီ၊ရှနိုက်ဒါ၊ကူရစ်

7daysports

No comments:

Post a Comment