Thursday, September 4, 2014

ယခုနှစ်ကုန်ထိ ဆက်သွယ်ရေး ဆင်းမ်ကတ်ငါးသန်းရောင်းမည်

ဈေးကွက်အတွင်း၌ လူ အများစိတ်ဝင်စားပြီး ၀ယ်ယူသူ များပြားနေသည့် MPTဆင်းမ် ကတ်များကို စက်တင်ဘာလမှစ ၍ ၂၀၁၄နှစ်ကုန်အထိ ဆင်းမ် ကတ်ငါးသန်းကျော်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။
‘‘လက်ရှိမှာတော့ ဆင်းမ်ကတ်အရေအတွက် ငါးသန်းဝန်း ကျင်လောက် ရောင်းပေးသွားဖို့ လျာထားတယ်။ သုံးစွဲသူရဲ့ လို အပ်ချက်ပေါ် မူတည်ပြီး ငါးသန်း ကျော်လည်းဖြစ်သွားနိုင်တယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိုဘိုင်းအင်ဂျင်နီယာချုပ်ဦးမြင့် သိန်းထွန်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့်    ပူးပေါင်းပြီး စက်တင်ဘာလ   ၁ရက်မှစ၍ ၎င်းတို့၏ ဆင်းမ်ကတ် များ ကိုဖြန့် ချိရေးအရောင်းဆိုင်များနှင့်မို ဘိုင်းဖုန်းအရောင်းဆိုင်များတွင် အလွယ်တကူ   ၀ယ်ယူနိုင်ရန် စတင် ရောင်းချပေးခဲ့ပြီးဝယ်ယူ သုံးစွဲသူ   အများအပြားရှိခဲ့၍ ဆင်းမ်ကတ်များ တိုးချဲ့ရောင်းချ သွားမည်ဖြစ်သလို မိုဘိုင်းကွန် ရက်ကိုလည်းလိုအပ်သည့်နေ ရာများတွင်   ထပ်မံ တိုးချဲ့ သွား မည်ဖြစ်ကြောင်း    သတင်းရရှိ သည်။

လက်ရှိတွင် MPTဆင်းမ် ကတ်များကို နိုင်ငံတစ်ဝန်းရှိ မြို့ နယ်ပေါင်း ၂၄၀ကျော်တွင်အ ရောင်းကိုယ်စားလှယ်တစ် သောင်းေ ကျာ်ဖြင့် ဖြန့် ချိရောင်း ချပေးလျက်ရှိပြီး ဈေးကွက်လို အပ်ချက်ပေါ် မူတည်၍ ထပ်မံ တိုးချဲ့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေး၏ နောက်ဆုံးသတင်းထုတ်ပြန်ချက် အရ ၂၀၁၄-၁၅ဘဏ္ဍာနှစ်မေလ အထိ နိုင်ငံတစ်ဝန်းတွင်မိုဘိုင်း ဖုန်းအလုံးရေ ကိုးသန်းကျော်အထိ ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းသ တင်းရရှိသည်။

7Day DAILY

No comments:

Post a Comment