Thursday, September 4, 2014

ရှေ့ပြေးလူဦးရေ စာရင်း ထုတ်ပြန်ချက် ဘာတွေ ထူးခြားသလဲ

အားလုံး သိကြပြီး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို အခုနှစ် မတ်လ ၃၀ရက်မှာ ကောက်ယူ ခဲ့ပါတယ်။ နှစ်ပေါင်း၃၀ ကျော်ကြာမှ တစ်ကြိမ် ပြန်ကောက်ယူ နိုင်တာပါ။ ခုဆိုရင် ရှေ့ပြေး လူဦးရေ စာရင်း ထွက်ပေါ်လာ ပါပြီ။ အဲဒီ စာရင်းထဲမှာ တစ်နိုင်ငံလုံးရဲ့ လူဦးရေ၊ ကျား၊ မ၊ အိမ်ထောင်စု စာရင်းတွေ ဖော်ပြထား သလို တိုင်း၊ ခရိုင်နဲ့ မြို့နယ် တစ်ခုချင်းစီ အလိုက် ကျား၊ မ၊ အိမ်ထောင်စု စာရင်း ဖော်ပြထား တာတွေ တွေ့ရပါတယ်။ စာရင်း တစ်စိတ် တစ်ပိုင်းကို လာမယ့် ၂၀၁၅ ဧပြီလ လောက်မှာမှ ထုတ်ပြန်မှာ ဖြစ်ပြီး အသေးစိတ် စာရင်းသိရဖို့ ကတော့ အဲဒီထက် နောက်ကျ ပါဦးမယ်။ အခု သိရ ပြီးသလောက် လူဦးရေ စာရင်း မှာကိုပဲ ထူးခြားချက်တချို့ တွေ့မြင် နေရပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေး ကြည့်ရအောင်။

လူဦးရေ စာရင်းနဲ့ ပတ်သက်ပြီး သတင်းတစ်ပုဒ်က ခုလို ဖော်ပြထားပါတယ်။ “၁၉၈၃ ခုနှစ်က ကောက်ခံထားတဲ့ လူဦးရေ စာရင်းကို အခြေခံပြီး မြန်မာနိုင်ငံ လူဦးရေကိုသန်း ၆၀ ခန့်မှန်းထားရာ ကနေ တကယ်စာရင်း ကောက်တဲ့ အခါ ၅၁ သန်း ကျော်ပဲ ရှိနေရတာဟာ မြန်မာနိုင်ငံသားတွေ မွေးဖွားနှုန်း ကျဆင်းတာ၊ သေနှုန်း မြင့်တက်လာတာ တွေကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ လူဦးရေနဲ့ ရန်ပုံငွေ အဖွဲ့ UNFPA ရဲ့ အထူးအကြံပေး Mr. Fredrick Okwayo က ပြောပါတယ်။ မတ်လ ၂ ရက်က UNFPS ရုံးခန်းမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူကခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ၁၉၈၃ခုနှစ်က မြန်မာ နိုင်ငံရဲ့ ကလေး မွေးဖွားနှုန်းဟာ ၃ ဒသမ ၄ ရှိပေမယ့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချိန် မှာတော့၂ ဒသမ ၁ ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံဟာ ပိုပြီး ဆင်းရဲ လာတဲ့အတွက် သေဆုံးတဲ့ နှုန်းလည်း မြင့်တက် လာတယ်လို့ သူက သတင်းထောက် တွေကို ရှင်းပြပါတယ်။

ဒီသတင်းကို ကြည့်လိုက်ရင် ၁၉၈၃ ခုနှစ်ကစ မြန်မာနိုင်ငံဟာ တဖြည်းဖြည်းနဲ့ အဘက်ဘက် ချွတ်ြခုံကျ လာတယ် ဆိုတဲ့ သက်သေ အထောက်အထား နောက်ထပ် တစ်ခုအဖြစ် မြင်ကြရမှာ ဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် နိုင်ငံတွေရဲ့သဘာဝဟာ နှစ်ကာလ ကြာလေ၊ ခေတ်ြကီးက တိုးတက် လာလေလေ၊ ပိုပြီး ဖွံ့ဖြိုး တိုးတက်လာ လေလေပဲ ဖြစ်ပါတယ်။ မီးဖွားစဉ် သေဆုံးနှုန်းတွေ တဖြည်းဖြည်း နိမ့်ကျ၊ မွေးဖွားနှုန်းမြင့်၊့်သေဆုံးနှုန်း နိမ့်လာတာ ပုံမှန်ပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဆို ဖွံ့ဖြိုး တိုးတက်လာလို့ သေနှုန်း တွေကျ၊ အသက်တွေ ပိုရှည်၊ သက်ကြီး ရွယ်အိုတွေ များတဲ့ ပြဿနာလိုမျိုး ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ မြန်မာ နိုင်ငံဟာ ထူးခြားပြီး အဘက်ဘက်က နိမ့်ကျခဲ့တာ ဖြစ်ပါတယ်။ ဒါကို သင်ခန်းစာ ယူပြီး တိုင်းပြည် အဘက်ဘက်က ဖွံ့ဖြိုး တိုးတက်အောင် လုပ်ကြဖို့ သန္နိဋ္ဌာန်ချ လုပ်ကိုင် ကြရမှာ ဖြစ်ပါတယ်။

တစ်တိုင်းပြည်လုံး လူဦးရေ စာရင်းနဲ့ ပတ်သက်ပြီး နောက်ထပ် ထူးခြားတာ တစ်ခုက ၂၀၀၈ မေလက ထုတ်ပြန် ခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပရေး ကော်မရှင်ရဲ့ ကြေညာချက်ပါ။ အဲဒီကြေညာချက် ထဲမှာ မြန်မာပြည် လူဦးရေ ၅၇,၅၀၄,၆၃၈ (၅၇သန်းခွဲ)၊ မဲပေးပိုင်ခွင့်ရှိသူ ၂၇,၃၆၉,၉၅၇(၂၇ သန်းကျော်) ဆိုပြီး ကြေညာ ခဲ့ပါတယ်။ အဲဒီစာရင်း အချုပ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံတယ် ဆိုပြီး ဖော်ပြ ခဲ့ပါတယ်။ ပြောရရင်မြန်မာပြည် လူဦးရေကို ၅၇ သန်းခွဲကျော် ရှိတယ်လို့ ဆိုထား ကတည်းက ယုံကြည် ကိုးစားရလောက်တဲ့ ထုတ်ပြန်ချက် စာရင်းကြီး မဟုတ်ဘူး ဆိုတာ သက်သေတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အရင်က ဘယ်လိုပဲ လိမ်ညာခဲ့ ပါစေ၊ ရှေ့မှာ ၂၀၁၅ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရှိနေ ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ သန်းခေါင် စာရင်းက ထွက်ပေါ် လာတဲ့ ကိန်းဂဏန်းကို အခြေခံပြီး မဲပေး ပိုင်ခွင့်ရှိသူစာရင်း အသေအချာ ပြုစုထားဖို့ လိုပါတယ်။ ဒါကို စောစောစီးစီး ထုတ်ပြန်ပြီး နိုင်ငံရေး ပါတီနဲ့ ပြည်သူတွေကို ကြိုတင် စစ်ဆေးခွင့် ပေးရပါလိမ့်မယ်။ ဒီအခြေခံ အချက်ကိုတောင် ကောင်းကောင်း လုပ်မပေးထားဘူး ဆိုရင် အဲဒီ ရွေးကောက်ပွဲ တရားမျှတမှု ရှိတယ် ဆိုတာ ပြောဖို့ ခက်နေ ပါလိမ့်မယ်။

ရှေ့ပြေး လူဦးရေ စာရင်းမှာ နောက်ထပ် ထူးခြားမှု တစ်ခုက ရခိုင်ပြည်နယ် လူဦးရေ စာရင်းပါ။ သန်းခေါင်စာရင်း ကောက်လို့ရတာ ရခိုင်ပြည်နယ် လူဦးရေ ၂ သန်း ၁သိန်းနီးပါးပါ။ ကောက်လို့မရတာ ၁ သန်း၁ သိန်းနီးပါး ရှိနေပြီး အဲဒါ ဘင်္ဂါလီတွေ ဖြစ်တယ်လို့ လ၀က ၀န်ကြီး ဦးခင်ရီကလည်း ပြောပါတယ်။ ဒါကြောင့် လျှော့လျှော့ပေါ့ပေါ့ တွက်ရင်တောင် ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ဘင်္ဂါလီ လူဦးရေ အချိုးအစားဟာ၂း ၁ ပဲ ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ လူသုံးယောက်ရှိရင် အကြမ်းဖျင်း အားဖြင့် ရခိုင်နှစ်ယောက်နဲ့ ဘင်္ဂါလီ တစ်ယောက်ပါ။ ရခိုင် တိုင်းရင်းသားဦးရေ ဒီထက်တောင် လျော့နည်း နိုင်ပါသေးတယ်။ ရခိုင် မျိုးချစ်တွေ ပြောပြောနေတဲ့ ရခိုင် တိုင်းရင်းသားတွေ ပိုင်ဆိုင်တယ် ဆိုတဲ့ ရခိုင် ပြည်နယ်ဆိုတာ အဲလို လူဦးရေ အချိုးအစား ဖြစ်နေပြီဆိုတာ သတိပြုဖို့ပါ။ ဒီလို အခြေအနေ ဖြစ်လာအောင် အရင် စစ်အစိုးရ အဆက်ဆက်က  ဖန်တီးသွား ခဲ့တာဖြစ်ပြီး ဒီကနေ့ ဘာမှ ပြုပြင်လို့ မရတော့ဘူး ဆိုတာကိုလည်း ပြီးခဲ့တဲ့ မြန်မာ- ဘင်္ဂလားဒေ့ရှ် ဆွေးနွေးပွဲက သက်သေပြ နေတာ ဖြစ်ပါတယ်။ ဒီ ရခိုင်ပြည်နယ်ထဲက စိုးရိမ်စရာ လူဦးရေ အချိုးအစား ပြဿနာကို ဘယ်လို စနစ်တကျ လက်တွေ့ကျကျ ဖြေရှင်း သင့်သလဲ ရခိုင်ခေါင်းဆောင်တွေ အရင် အဖြေရှာ သင့်ပါတယ်။ ဒီအဖြေ ရခိုင်တိုင်းရင်းသားတွေ လက်ခံလာတဲ့ သဘောထား တစ်ရပ်ဖြစ်အောင် ကြိုးစားရ ပါမယ်။ ရလာတဲ့ သဘောထား လက်တွေ့ အကောင်အထည် ပေါ်လာအောင် ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စု လွှတ်တော် စတာတွေနဲ့ ညှိနှိုင်း တောင်းဆိုမှုတွေ လုပ်နိုင် ပါတယ်။ ရခိုင် ပြည်နယ်ထဲက ဒီပြဿနာကြီးကို ရခိုင် တိုင်းရင်းသားတွေ အပေါ်ချည်းပဲ ပုံချမနေဘဲ ၀ိုင်းဝန်း ဖြေရှင်းပေး ကြဖို့ အခြားသော ဗမာ ခေါင်းဆောင်တွေ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့လည်း ညှိနှိုင်း အဖြေရှာ တာမျိုး လုပ်သင့် ပါတယ်။

ရှေ့ပြေး လူဦးရေ စာရင်းထဲ နောက်ထပ် သတိပြုစရာ အချက်ကတော့ ရန်ကုန် မြို့တော် လူဦးရေနဲ့ ရန်ကုန်တိုင်း လူဦးရေပါ။ ရှေ့ပြေး လူဦးရေ စာရင်းအရ လက်ရှိ ရန်ကုန်တိုင်းမှာ လူဦးရေ ၇ သန်း ၃ သိန်းခွဲ ရှိနေပါတယ်။ ရန်ကုန်မြို့တော်မှာ ငါးသန်းကျော် ရှိပါတယ်။ မြေနေရာ ကျဉ်းကျဉ်းလေးမှာ တစ်ပြည်လုံး လူဦးရေရဲ့ ၁၀ ပုံတစ်ပုံ နေထိုင်နေကြ တာပါ။ ဒုတိယ လူဦးရေ အများဆုံးလို့ ဆိုတဲ့ မန္တလေးနဲ့ နှိုင်းရင်တောင် ရန်ကုန် မြို့တော်က လူဦးရေ ငါးဆလောက် ပိုများပါတယ်။ ရန်ကုန်ရဲ့ လူဦးရေ သိပ်သည်းဆကို ကြည့်ရင် တစ်စတုရန်း ကီလိုမီတာကို ၇၂၃ ယောက် ရှိပါတယ်။ တစ်ပြည်လုံး ပျမ်းမျှ သိပ်သည်းမှု ၇၆ယောက်နဲ့ နှိုင်းရင် ၁၀ ဆ နီးပါး များပြား နေတာကို တွေ့နိုင် ပါတယ်။ ဒီအတွက် ရန်ကုန် မြို့ပြကို တိုးချဲ့တာ၊ လူနေ အိမ်ရာတွေ အများအပြား ဖော်ဆောင်ဖို့ လိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ရေစနစ်၊ မီးစနစ်၊ ရေမြောင်းစနစ် စတာတွေ ကောင်းအောင် လုပ်ပေးဖို့လည်း အလွန် အရေးကြီး ပါတယ။် ဒီအတွက် ဒီလို စီမံကိန်းမျိုး တွေကိုလည်း စနစ်တကျ အကောင်အထည် ဖော်ပေးဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရ ပါတယ်။
sithu
 စည်သူအောင်မြင့်

No comments:

Post a Comment