Tuesday, September 16, 2014

ဘင်္ဂါလီ ၈ဝ ကျော် နိုင်ငံသားဖြစ်ခွင့် မြို့နယ်အဆင့် တင်ပြမှုသည် အပြီးသတ်ဆုံးဖြတ်ချက် မဟုတ်ဟုဆို

ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် သတ် မှတ်ချက်အား ဗဟိုကသာလုပ်ဆောင်ရမည် ဖြစ်ပြီး ကျန်သည့်အဆင့်များကဖြစ်သင့်ကြောင်း တင်ပြမှုကိုသာ ဆောင်ရွက်နိုင် သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြော သည်။
မြို့နယ်အဆင့်က နိုင်ငံသားဖြစ်ခွင့်ရှိသူ စာရင်းဟုဆိုကာ ဘင်္ဂါလီ ၈ဝ ကျော်ကို လတ် တလောတွင် တင်ပြထားမှုအပေါ် ဝေဖန်နေ ခြင်းကို ၄င်းက ပထမဆုံးတုံ့ပြန်ပြော ကြားခြင်း ဖြစ်သည်။
”ဥပဒေအရ ဗဟိုအဖွဲ့ကသာ ဆုံးဖြတ် နိုင်တဲ့ကိစ္စပါ”ဟု ၄င်းက ပြောသည်။

မြေပုံမြို့နယ်မှ အသက် ၁၈ နှစ်အထက် ဘင်္ဂါလီ ၁ဝဝဝ ကျော်က နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခဲ့ရာ ယင်းထဲမှ ၈ဝကျော်ကို မြို့နယ်အဆင့်က ဥပဒေအရပေးသင့်ေ ကြာင်း ရွေးထုတ်ထားသည်။
ဦးမောင်မောင်သန်းက ”ဗဟိုကစီစဉ်လို့ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုရင် ဖြစ်ခွင့်ပေးရမှာ ပေါ့။ မရှိရင်လည်း သူတို့ကို ဥပဒေအရ သင့်တော်တဲ့ သတ်မှတ်ချက်လက် မှတ်တွေ ထုတ်ပေးရမှာပေါ့” ဟု ပြောသည်။
ယခုနှစ်အတွင်း ကျင်းပခဲ့သည့် ရခိုင် ညီလာခံတွင် ရခိုင်ပြည်နယ်၌ ၁၉၈၂ နိုင်ငံ သားဥပဒေကို ကျင့်သုံးပေးရန် တင်ပြတောင်း ဆိုခဲ့ပြီးနောက် မြေပုံတွင် ပထမဦးဆုံး စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်အမျိုးသားပါတီမှ ဒေါ်ခင်စောဝေ က ”ကျွန်မတို့ အစိုးရနဲ့ ဆောင်ရွက်မှုကို သတိထားစောင့်ကြည့်နေ ပါတယ်”ဟု ပြော သည်။
လက်ရှိမြေပုံတွင်ဘင်္ဂါလီများ၏လျှောက် လွှာတင်မှုကို လက်ခံနေသေးပြီး ကျန်မြို့နယ် များတွင် ယင်းဥပဒေကျင့်သုံး၍ စစ်ဆေးရန် အစိုးရက မလုပ်ဆောင်နိုင်သေးပေ။

Popular

No comments:

Post a Comment