Friday, September 19, 2014

ဥပဒေရေးရာကိစ္စများ တိုင်းအင်န်ဒီအက်ဖ်ရုံးတွင် လာရောက် အကူအညီတောင်း ခံနိုင်

မန္တလေးတိုင်းအင်န်ဒီ အက်ဖ်ပါတီရုံးခန်းသို့ ဥပဒေဆိုင်ရာ အကူအညီများ လာရောက် တောင်းခံပါက အခမဲ့လိုက်လံကူ ညီပေးသွား မည်ဖြစ်ကြောင်း သ တင်းရရှိသည်။မြေယာနစ်နာမှုများ၊ တရား မမှုများအပြင် ပြစ်မှုများအားလုံးအတွက် ဥပဒေနှင့်ပတ်သက်၍အ ခကြေးငွေမယူဘဲ အကြံပေးခြင်း၊ တရားစွဲဆို ရမည့် ကိစ္စရပ်များတွင် လည်း အလုံးစုံကူညီပေးခြင်း၊ လွှတ်တော်အစိုးရအဖွဲ့ဝန်ကြီး ချုပ်များထံအသီးသီးတင်ပြရမည့် ကိစ္စရပ်များကို ဥပဒေကြောင်းအ  ရ တင်ပြပေးခြင်းများကိုယခုလ ၂၀ရက်မှစ၍ အခမဲ့ကူညီပေးသွား မည်ဖြစသည်။  
 
အကူအညီ တောင်းခံလိုသူပြည်သူများအနေ ဖြင့် အောင်မြေသာစံမြို့နယ်၊ ၈၉ လမ်း၊ ၂၃လမ်းနှင့် ၂၄လမ်းကြား ရှိ တိုင်းအင်န်ဒီအက်ဖ်ရုံးခန်းသို့ စနေ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူးနေ့များ တွင်   လာရောက်အကူအညီ တောင်းခံနိုင်ကြောင်း ယင်းပါတီ ၏ တိုင်းစည်းရုံးရေးကော်မတီမှ တရားလွှတ်ေ တာ်ေ ရှ့နေ   ဦးခင် မောင်သန်း(ဆိုင်တန်း)ကပြော သည်။

‘‘ပါတီမှာအများစုက ရှေ့နေ တွေချည်းပဲမို့ ပြည်သူတွေနဲ့အတူ ဥပဒေဘောင်ထဲက ရပ်တည်ပေး တယ်ဆိုတာပြချင်တယ်။ အင်န်ဒီ အက်ဖ်ပါတီ အနေနဲ့ ပြည်သူကြား မှာရှိတယ်ဆိုတဲ့အနေနဲ့ အခုလိုစီ စဉ်ရတာ’’ဟု ဦးခင်မောင်သန်းက ပြောသည်။

မြို့နယ်အသီးသီးမှ ဥပဒေ ကြောင်းအရ အကူအညီတောင်းခံလာသည့်အမှုများကို အမာခံရှေ့နေ ငါးဦးပါဝင်သည့်အဖွဲ့က ကြီးကြပ်ရွေးချယ် စိစစ် ကာ စတင်ကူညီပေးသွားမည်ဟု ဆိုသည်။

မန္တလေးတိုင်းအင်န်ဒီအက် ဖ်ပါတီရုံးခန်းကို ၂၀၁၄ကြား ဖြတ်ရွေးကောက်ပွဲအမီ ဖွင့်လှစ်ပြီးပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန်စီစဉ် ခဲ့သော် လည်း ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်တော့သည့်အတွက်     လာမည့် ၂၀၁၅ရွေးကောက်ပွဲအတွက်သာရည်မှန်း၍ မြို့နယ်ခွဲရုံးများ၊ ရပ်/ကျေး အဖွဲ့များကိုဆက်လက် တိုးချဲ့ဖွဲ့စည်းနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းပါတီမှ သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment