Thursday, September 25, 2014

သံတွဲမြို့နယ်၊ သဗြုချိုင် ကျေးရွာမှ မီးရှို့လူသတ်မှု အတွက် တစ်သက်တစ်ကျွန်း အပါအ၀င် ထောင်ဒဏ် အသီးသီးချမှတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဗြူချိုင် ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သော မီးရှို့လူသတ်မှု ပြစ်မှု ကျူးလွန်သူများအား စက်တင်ဘာလ (၂၄) ရက် နေ့တွင် သံတွဲခရိုင် တရားရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပါအ၀င် အပြီးသတ် အမိန့်များ ချမှတ်ခဲ့ကြောင်း သံတွဲမြို့နယ် ရဲစခန်းမှ သတင်း ရရှိ သည်။

၂၀၁၃ ခုနှစ်အတွင်း သံတွဲမြို့နယ်၊ သဗြု ချိုင် ကျေးရွာအတွင်း အဆိုပါ ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပြီး ပြစ်မှုတွင် ပါဝင်သူ (၂၃) ဦး အနက် ဇွန်လ (၆) ရက်နေ့က (၁၃) ဦးအား ပုဒ်မ-၂၅၃(၁) အရ တရားရှင် ပြန်လွှတ်ပေးခဲ့ပြီး ကျန် (၁၀) ဦးမှ ကိုးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီနှင့် တစ်ဦး ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံစေရန် ယမန်နေ့က ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ဒီအမှုကို ခရိုင် တရားသူကြီးက အောင်တင်ဝင်း (ပါ) ကိုးဦးကို ပုဒ်မ-၄၃၆/၁၁၄ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီနဲ့ ဇော်ဇော်ထွန်း (ဆင်ခေါင်းကျေးရွာ) ကို ပုဒ်မ- ၃၀၂(၂) အရ ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျခံ စေရန် အမိန့် ချမှတ်ခဲ့ပြီး တရားခံပြေး (၂၁)ဦးကို ပုဒ်မ-၈၇/၈၈ အရ အတည်ပြုပြီး အမှုပိတ်ခဲ့ ပါတယ် ဟု သံတွဲမြို့နယ် ရဲစခန်း ဒုတပ်ကြပ် သန်းမင်းလွင်က The Messenger Media သို့ ပြောသည်။

အဆိုပါ အမှုခင်းများအား (၂-၁၀-၂၀၁၃) တွင် သံတွဲမြို့၊ ရွှေလှ ကျေးရွာ ရဲစခန်းမှ (ပ) ၃၀/၂၀၁၃ ပုဒ်မ-၃၀၂/၄၃၆/ ၃၄ ဖြင့် စတင် အမှုဖွင့် အရေးယူ ခဲ့ခြင်း ဖြစ်သည်။ သဗြုချိုင် ကျေးရွာ နတ်မော် အုပ်စုတွင် ၂၀၁၃ ခုနှစ်အတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရ ပြီးနောက် ဦးခင်နိုင်၊ ဦးအဒူစမတ်၊ ဦးမြင့်လွင်၊ ဦးအဒူမီယာ တို့အား ဓားခုတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိသော နတ်မော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းခင်မှ ရွှေလှရဲစခန်း သို့ သွားရောက်၍ အရေးယူရန် တိုင်ကြားခဲ့သည့် အမှုဖြစ်ကြောင်း သံတွဲမြို့နယ် ရဲစခန်းမှ သိရသည်။

The Messenger

No comments:

Post a Comment