Monday, September 8, 2014

ဗီဇာအတုဖြင့် မလေးရှားသို့ ခေါ်ဆောင်သူသုံးဦးကို ယနေ့အမိန့်ချမှတ်ဖွယ်ရှိ

မလေးရှားနိုင်ငံသိုီ့ဇာအတုများဖြင့်လာရောက်မှု ကြောင့် ထောင်ကျနေသောမြန် မာနိုင်ငံသား ၅၂ဦးကိုခေါ်ဆောင် လာသူသုံးဦးအား မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက ယနေ့ရုံးထုတ် စစ်ဆေးပြီးအပြီးသတ်အမိန့်ချ ဖွယ်ရှိကြောင်းသတင်းရရှိသည်။

ဇူလိုင် ၈ရက်က မလေးရှား နိုင်ငံသို့ မြန်မာ ၇၂ဦးကို ဗီဇာအ တုဖြင့် ခေါ်ဆောင်သွားမှုကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့ကဗီဇာ အတုများဖြင့်လာရောက်သည့် မြန်မာ ၇၂ဦးနှင့်ခေါ်ဆောင်လာသူ မြန်မာသုံးဦးကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့သည်။

သြဂုတ် ၁၂ရက်တွင် ဗီဇာ အတုများဖြင့်လာရောက်သော မြန်မာ ၇၂ဦးကို ရုံးထုတ်စစ်ဆေး ပြီးဗီဇာအတုများဖြင့်လာရောက် သူမြန်မာ ၅၂ဦးအား ထောင်ဒဏ် တစ်နှစ်စီချမှတ်လိုက်သည်။ပြစ် ဒဏ်မှလွတ်မြောက်ခဲ့သော ၂၀ဦး ကို မလေးရှားနိုင်ငံလေဆိပ်ရှိ လူ ၀င်မှုကြီးကြပ်ရေးစခန်းတွင် နှစ် လနီးပါးကြာထားရှိပြီး ၎င်းတို့ကို စက်တင်ဘာ ၁ရက်တွင် မြန်မာ နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

ဗီဇာအတုများဖြင့်ခေါ် ဆောင်လာသော မြန်မာသုံးဦး သည် မလေးရှားနိုင်ငံရှိ နာမည် ကြီးရှေ့နေများ ငှားရမ်းပြီးပြစ် ဒဏ်မှ လွတ်မြောက်ရန်ကြိုးပမ်း နေကြောင်း မြန်မာရွှေ့ပြောင်းအ လုပ်သမားများကူညီစောင့် ရှောက်ရေးစင်တာ(MMRC)မှအတွင်းရေးမှူးဦးရန်နိုင်ထွန်းက ပြောသည်။‘‘သူတို့ကို ရှေ့နေငှားရမ်းခွင့်ပေးထားတာ နားမလည်နိုင်ဘူး ဖြစ်နေတယ်။ နောက်ပြီးအမိန့်ချ လို့ရနေတာကိုမချဘဲ ရုံးချိန်းလုပ် တာ။ ထောင်ကျသွားတဲ့သူတွေ လည်း ကျသွားပြီ။ ပြန်တဲ့သူတွေ လည်း ပြန်သွားပြီ။ မလေးရှားမှာ လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံရရင် ထောင်ခုနစ်နှစ်ကနေ ဆယ့်ငါးနှစ် ထိ ချလို့ရတယ်’’ဟု ဦးရန်နိုင်ထွန်း ကဆိုသည်။

ဗီဇာအတုများဖြင့် ခေါ် ဆောင်လာသူမြန်မာသုံးဦးကို မ လေးရှားနိုင်ငံရှိ ဆီဗန်းတရားရုံး က သြဂုတ် ၁၉ရက်နှင့် ၂၂ရက် တွင်နှစ်ကြိမ်ရုံးထုတ်စစ်ဆေးရာ အမိန့်ချမှတ်ခြင်းမရှိဘဲ စက်တင် ဘာ ၈ရက်သို့ ရုံးချိန်းထပ်မံခေါ် ယူခြင်းဖြစ်သည်။

မလေးရှားနိုင်ငံရှိ မြန်မာရွေ့ ပြောင်းအလုပ်သမားများကူညီ စောင့်ရှောက်ရေးစင်တာ(MMR C)သည် မလေးရှားလူ့အခွင့်အ ရေးကော်မရှင်(Suhakam)မလေးရှားအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်(MTUC)၊ မလေးရှားရှေ့နေ များကောင်စီ၊ မလေးရှားနိုင်ငံတ ကာအထွေထွေလွတ်ငြိမ်းချမ်း သာခွင့်(AI)၊ မလေးရှား ILOအဖွဲ့ နှင့် နိုင်ငံတကာရွှေ့ပြောင်းအလုပ် သမားများကွန်ရက်အဖွဲ့အစည်း စသည့်အဖွဲ့အစည်းများကိုအကူ အညီတောင်းခံ၍ ခေါ်ဆောင်လာ သူသုံးဦးကိုပြစ်ဒဏ်ကျခံစေရန် မ လေးရှားတရားရုံးအားဖိအားပေး ပြောဆိုထားကြောင်း ဦးရန်နိုင် ထွန်းကပြောသည်

မြန်မာနိုင်ငံသား ၇၂ဦးကို စုမြတ်အေဂျင်စီက ခေါ်ဆောင် သွားခြင်းဖြစ်ပြီး အဆိုပါစုမြတ် အေဂျင်စီသည် တရားမ၀င်လုပ် ကိုင်နေသော အေဂျင်စီဖြစ်သည်။

7 days

No comments:

Post a Comment