Monday, September 8, 2014

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ကို ဘယ်လိုကျင့်သုံးကြမလဲ......

မြန်မာနိုင်ငံမှာလည်း ဖက်ဒရာယ်ဆိုတဲ့ အကြောင်းကို ပြောရုံနဲ့တင် မင်းပြစ်မင်းဒဏ်သင့် ခဲ့တဲ့ အနေထားကနေ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နေခဲ့တဲ့ အခုလို အချိန်ခါမှာတော့ အတန်သင့်ပြောခွင့် တောင်းဆိုခွင့်တွေ ရလာခဲ့ပါပြီ။ အခုနောက်ဆုံး ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ဖက်ဒရာယ်ပြည်ထောင်စုအရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ ရလာဒ်ပေါ်မူတည်ပြီး အကောင်ထည်ဖော်ဖို့ နှစ်ဘက်သဘောတူထားခဲ့ပါတယ်။ ဘယ်လိုပုံစံနဲ့ အကောင်ထည်ဖော်မယ်ဆိုတာ မသိရသေးပေမဲ့ အပြုသဘောင်ဆောင်လာတာကတော့ သေချာပါတယ်။

ဒါပေမဲ့ ရှေ့မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုင်ရာ ကိစ္စတွေ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမှုဆိုင်ရာ ကိစ္စတွေအပြင် နိုင်ငံရေးဆွေးနွေးပွဲလို ကိစ္စတွေနဲ့အတူ ဖြတ်ကျော်ရမဲ့ အဆင့်တွေ အများကြီးကျန်သေးတယ်လို့လည်း ဆိုကြပါတယ်။ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ဆွစ်ဇာလန်နိုင်ငံကိုယ်တိုင်ကလည်း ဖက်ဒရာယ်ပြည်ထောင်စုစနစ်ကို ၁၈၀၀ ကျော်ခုနစ်တွေကတည်းကစပြီး အခက်ခဲတွေကျော်ဖြတ်ပြီး အချိန်ယူ တည်ဆောက်ခဲ့ရတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း အချိန်ယူရမှာဖြစ်ပြီး ဖက်ဒရယ်စနစ်ကျင့်သုံးရမှာတော့ ကိုယ့်နိုင်ငံကိုယ့်ဒေသ ကိုယ့်လူမျိုးနဲ့ ကိုက်ညီတဲ့ စနစ်မျိုးသာဖြစ်ရမှာဖြစ်ပြီး ပုံတူကူးချလို့ မရဘူးလို့ ဘီဘီစီ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။ ၀န်ကြီးအနေနဲ့ အချိန်ယူရမှာ ဖြစ်တယ်လို့ ပြောကြားပေမဲ့ အချိန်ကာလ ဘယ်လောက်လောက် စောင့်ရဦးမယ်လို့ ပြောဆိုသွားတာတော့ မရှိခဲ့ပါဘူး။

လေ့လာသူတွေကတော့ ဖက်ဒရယ်စနစ်ကို ပုံတူကူးချလို့ မရဘူးဆိုတာကို လက်ခံကြပေမဲ့ မြန်မာရဲ့ ပြသနာတွေဟာ ဖက်ဒရာယ်ရေး တန်းတူညီမျှမှု ဒီမိုကရေစီအရေးတွေပေါ်မှာ မူတည်နေတာကြောင့် နိုင်ငံရေးအရ သဘောတူညီချက်တွေ ရယူပြီး အချိန်ကာလတခုအတွင်းမှာ အကောင်ထည်ဖော်ဖို့လိုတယ်လို့ သုံးသပ်ကြပါတယ်။
ဖက်ဒရာယ်စနစ်ကတော့ ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးနေမှုတွေကို လေ့လာပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမဲ့ စနစ်တရပ်ကို ဖြတ်ညှပ်ကပ်လုပ်ပြီး တည်ဆောက်ရမှာပါ။. အခြေခံမူကတော့ တန်းတူရေး ၊လွတ်လပ်မှု ကိုယ်ပိုင်ပြဌာန်းခွင့်၊ဆိုတာတွေပါရမယ်။

အားလုံးပုံစံတူလိုက်လုပ်လို့တော့မရပါဘူး။ ဒါပေမဲ့ အချိန်ကာလတခုအတွင်းမှာတော့ တည်ဆောက်ဖို့လိုပါတယ်။ မလေးရှားဝန်ကြီး မဟာသီရဲ့ စကားတခွန်းကိုပဲ ကိုးကားပြီး ပြောပါရစေ။ Late comer advantages ဆိုသလိုပဲ သူပြောခဲ့တာက နောက်ကျတဲ့လူက ပိုကံကောင်းပါတယ်တဲ့ ရှေ့ကလူတွေမှားခဲ့ယွင်းခဲ့တာတွေကို သူ့အနေနဲ့အလွယ်တကူသင်ခန်းစာရယူနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ဆိုလိုတာက အမေရိကန်နိုင်ငံမှာ လျှပ်စစ်မီးသီးကို တည်ထွင်ဖို့ နှစ်ပေါင်း ၅၀ လောက်စောင့်ခဲ့ရတယ်ဆိုပေမဲ့ ဒီလိုခေတ်ကြီးမှာတော့ မီးသီးတလုံးရဖို့ ဒီလောက်စောင့်စရာမလိုတော့ပါဘူး။ ဖက်ဒရယ်ကိစ္စမှာလည်း ဒီသဘောပါပဲ။ လို့ ဖက်ဒရာယ်အရေးလေ့လာသူ ဆလိုင်းမာန်က သုံးသပ်ပါတယ်။

သူပြောချင်တာကတော့ ဖက်ဒရယ်စနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ အခက်ခဲတွေကို သင်ခန်းစာယူပြီး တည်ဆောက်မယ်ဆိုရင်တောင် ဆွစ်ဇာလန်လောက်တော့အချိန်ယူစရာမလိုဘူးလို့ ဆိုလိုတာပါ။ တကယ်တော့ ဖက်ဒရယ်စနစ်မှာ ဘယ်လို ဖက်ဒရယ်စနစ်ကျင့်သုံးမယ်ဆိုတာကတော့ ကျင့်သုံးမယ့်နိုင်ငံရဲ့ အခြေနေနဲ့ လူမျိုးစုကွဲပြားမှုအနေထားတွေပေါ်မှာသာ မူတည်နေပါတယ်။

Sai Aung Lwin

Credit to KDN

No comments:

Post a Comment