Monday, September 8, 2014

သမီးရည်းစားစကားများရာမှ ကောင်မလေးကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့

သမီးရည်းစား စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်ခဲ့ သည့် ဖြစ်စဉ်တစ်ခု လှိုင်မြို့နယ်ရှိ နိုင်ငံ ခြားဘဏ်တစ်ခုတွင် စက်တင်ဘာ ၅ ရက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ နံနက် ၈ နာရီခွဲခန့် က လှိုင်မြို့နယ် (၁၆)ရပ်ကွက် အင်းစိန် လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ချေး ငွေထုတ်ချေး သည့် နိုင်ငံခြားဘဏ်တစ်ခု ၏ ရေချိုးခန်းတွင် လူသတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဘဏ်တွင် လုပ်ကိုင်နေ သော မင်္ဂလာဒုံမြို့နယ်နေ မသဲသက်စု ထွေး (၂၃)နှစ်အား ယင်းကုမ္ပဏီဝန်ထမ်း ဟောင်းဖြစ်သူ စမ်းချောင်းမြို့နယ်နေ ဖြိုးသီဟ (၂၃)နှစ်က အရိုးအသွား ၁၁ လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် ထိုး သတ်ခဲ့ခြင်းဖြစ်သည်ဟု (၁၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက ပြောသည်။

''ရေချိုးခန်းထဲမှာ စကားများ ကြတယ်။ ကောင်မလေးက ကယ်ကြပါ ဦးဆိုပြီးအော်တော့ ဝန်ထမ်းတွေက ထွက် လာ ကြတယ်။ တံခါးက ပိတ်ထားတယ်။ သတ်တဲ့ ကောင်လေးကလဲ ရဲစခန်းကိုအ ကြောင်းကြားဆိုပြီး အော်တယ်။ နောက် တော့ တံခါးကိုရိုက်ဖွင့်တော့ ကောင်မ လေးက အသတ်ခံထားရပြီး ကောင်လေး ကလဲ သူ့လက်ဖျံကို သူကိုယ်တိုင် ဓားနဲ့ ဖြတ်ထားတဲ့ ဒဏ်ရာနဲ့ လဲကျနေတာတွေ့ ရတယ်'' ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အသတ်ခံရသူ မိန်းကလေး တွင် ဓားဒဏ်ရာ အချက် ၂ဝ ခန့်ရှိပြီး ဝဲ ဘက်နံစောင်းနှင့် ဝဲဘက်ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများ၊ လက်နှင့် လက် ကောက်ဝတ်များတွင် ပြတ်ရှဒဏ်ရာများ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ရည်းစားဖြစ်သူ အမျိုးသားမှာ ဝဲဘက်လက်ဖျံမှ သွေးကြော ဖြတ်ထားသည့် ဒဏ်ရာဖြင့် ရန်ကုန်ပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဖြိုးသီဟ၏ လက်ဖျံအား ဓား ဖြင့် လှီးဖြတ်ထားသည့် ဒဏ်ရာမှပြန်လည် သက်သာလာပြီး အသက်အန္တရာယ် မစိုး ရိမ်ရကြောင်း လှိုင်မြို့မရဲစခန်းမှ စခန်းမှူး က စက်တင်ဘာ ၆ ရက်တွင် အတည်ပြု ပြောကြားသည်။
ဖစ်စဉ်နှင့်ပတ်သက်ပြီး ဖြိုးသီ ဟအား လှိုင်မြို့မရဲစခန်းမှ (ပ)၄၇၁/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂/၃ဝ၉ ဖြင့် အမှု ဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment