Thursday, September 4, 2014

ဝေဖန်မှုကြား ပန်းပန်နေဆဲ စစ်တက္ကသိုလ် အိပ်မက်

၅ယောက်ဆိုသော မိသားစုတာဝန်အတွက် တပ်ကပေး သည့်လစာက မလုံလောက်။ ထို့ကြောင့် တပ်ကြပ်ကြီးဦးမောင် သန်း (အမည်လွှဲ) တစ်ယောက် အခွင့်အလမ်းပေါ် သည့် ရာသီ စာ အလုပ်များကိုပါ တွဲလုပ်နေခဲ့ရသည်က ဆယ်စုနှစ်တစ်ခုစာ ပင်ရှိလာပြီဖြစ်သည်။
တပ်ကြပ်ကြီး ဦးမောင်သန်းတစ်ယောက်တစ်နှစ်မှာ တစ် ခါတော့ သင်တန်းဆရာအဖြစ်နှင့် ငွေအတော်အတန် ရှာလို့ရ ပါသည်။ တပ်မတော်တက္ကသိုလ် များကခေါ်ယူေ သာ ဗိုလ် လောင်းဝင်ခွင့်အတွက် သင်တန်းသားများကို သင်တန်းပေး ခြင်းဖြစ်သည်။
”ရေးဖြေနဲ့ လူတွေ့မှာ ပိုခက်တာကလူတွေ့လေ၊ အဲ့ဒီမှာ ဒီဆယ်တန်းအောင်စကလေးတွေက ဘယ်လိုလုပ်ပြီး အခက် အခဲကျော်ဖြတ်တာတို့၊ အဖွဲ့လိုက် ပူးပေါင်းေ ဆာင်ရွက်တာ တို့ကို ဘယ်လုပ်တတ်ဦးမလဲ။ ကျွန်တော်တို့က အဲ့ဒါတွေကိုကြိုလေ့ကျင့်ပေးတာပါ” ဟု ၄င်းက ဆိုသည်။
တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသားများအား တပ်မတော်စစ်တက္ကသိုလ် (DSA)၊ တပ်မတော် နည်းပညာ တက္ကသိုလ်(DSTA)၊ တပ်မတော်ဆေးတက္ကသိုလ် (DSMA) ဟူသော ဗိုလ်လောင်းသင်တန်းများက နှစ်စဉ်ခေါ်ယူနေပြီး လျှောက်ထားသူ အရေအတွက်မှာလည်း တစ်နှစ်ထက်တစ် နှစ်ပင်ပိုများများလာနေသည်ဟု ယူဆ ရကြောင်း ၄င်းက ဆို သည်။
”တစ်နိုင်ငံလုံးတော့မသိဘူး၊ ကျွန်တော်တို့ ဒီပုသိမ် (အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်)က အနေအထားက တော့ ခေါ်တာ ၁ဝဝဆို လျှောက်တာက ၂၅ဝ၊ ၃ဝဝ လောက် ရှိနေတယ်လို့ သိရတယ်” ဟု ဦးမောင်သန်းက ဆိုသည်။
တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ပြီး ရက်ပိုင်း အတွင်းပင် အဆိုပါစစ်တက္ကသိုလ်များအတွက် ဝင်ခွင့်ခေါ် ယူခြင်းကို နိုင်ငံပိုင်သတင်းစာများတွင် စာမျက်နှာပြည့် ထည့် သွင်းလေ့ရှိပြီး လူအများစုကလည်း စိတ်ဝင်တစားရှိလှသည် ကို တွေ့ရသည်။
တစ်ချိန်က အရှေ့တောင်အာရှတွင်သာမက အာရှတွင် ပါ အလားအလာအကောင်းဆုံးဟု သတ်မှတ်ခံခဲ့ရသောမြန်မာ နိုင်ငံသည် တပ်မတော်အစိုးရအဆက်ဆက်၏ ရာစုနှစ်ဝက် နီးပါး မှားယွင်းသော စီမံခန့်ခွဲမှုကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖြစ်ခဲ့ရပြီး အောက်ကျနောက်ကျနိုင်ငံတစ်ခု ဖြစ်ခဲ့ရ သည်။

ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ ပြီးကတည်းက ပြည် သူတို့၏မျှော်လင့်ချက် မီးရှူးသဖွယ်ဖြစ်လာခဲ့ပြီး ၉ဝ ရွေး ကောက်ပွဲတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အနိုင်ရ ခဲ့သော ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ကို နိုင်ငံရေးဖြစ်စဉ်မှ ပယ်ထုတ်ခဲ့သည့် ညစ်လုံး၊ လှိမ့်ကွက်များကြောင့် တပ်မတော် အစိုးရကို ပြည်သူ တို့က ရင်ထဲမှ ဆူးတစ်ခုသဖွယ် သဘောထားလာကြသည်။
ထို့အတူ အာဏာလက်ကိုင်ဖြင့် ထင်တိုင်းရမ်းခွင့်ရခဲ့သော တပ်မတော်အရာရှိကြီးများနှင့် နောက်လိုက် နောက်ပါ အချို့ တို့ကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာသည်လည်း ပြည်တွင်း မှာ သာမက နိုင်ငံတကာတွင်ပါ ပြောစရာဖြစ်အောင် ကျဆင်း ခဲ့ရသည်။ သို့သော် ဤထင်မြင်ချက်များ၊ ကဲ့ရဲ့ရှုတ်ချသံများသည် တပ်မတော်ကို အထိမနာစေခဲ့။ တဖြည်းဖြည်းချင်း အင်အား ကြီးထွားလာသော တပ်မတော်ကိုယှဉ်ပြိုင်နိုင်သည့် အင်အား စုတစ်ခုမှ မြန်မာနိုင်ငံတွင်ရှိမနေခဲ့ဟု ဆိုရမည်။ နိုင်ငံရေး၊ စီးပွားရေးအစ
ရှိသောကဏ္ဍစုံတွင်အာဏာကို ချုပ်ကိုင်ထားခဲ့ သောတပ်မတော်သည် ၄င်းအင်အား၊ သြဇာကိုကြီးထွားသထက် ကြီးထွားလာအောင် တည်ဆောက်နေခဲ့သည်။ အမှန် လည်း တည်ဆောက်နိုင်ခဲ့ပါသည်။
တပ်မတော်အစိုးရသည် နိုင်ငံရေးအရသာမက စီးပွား ရေးအရပါ လူအများအပေါ် လွှမ်းမိုးနိုင်ခဲ့သည်။ အများ၏ စိတ်အာရုံတွင် တပ်မတော်အရာရှိဖြစ်လျှင် သို့မဟုတ် အရာ ရှိနှင့် ပတ်သက်ဆက်နွှယ်ခွင့်ရလျှင် အခြေအနေကောင်းသည် ဟူသောအတွေးကို ထည့်နိုင်ခဲ့သည်။

ထို့ကြောင့်ပင် ဆယ်တန်းအောင်စ ကျောင်းသားများ၏ နောင်ရေးအတွက် စဉ်းစားစီမံရာတွင် ဗိုလ်လောင်းဟူသော ခေါင်းစဉ်အောက်က မိဘအများစုမရုန်းထွက်နိုင်ကြ။ စီးပွား ရေးအရ တတ်နိုင်သော မိဘအများစုက သား၊ သမီးတို့ကို အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များကို ရွေးချယ်စေကြပြီး ပညာသင်စရိတ်အတွက် လက်လှမ်းမမီေ သာ မိဘအများစုက တပ်မတော်တက္ကသိုလ်များကို ရွေးချယ်စေကြသည်။
”အခုက စစ်ထဲဝင်တယ်၊ ဗိုလ်လောင်းသင်တန်း တက် တယ်ဆိုတာကတိုင်း ပြည် ကိုချစ်လို့ပေးဆပ်အနစ်နာခံချင်လို့ ဆို တာက အလွန်ရှားတယ်။ ကိုယ်ကျိုး ရှာလို့ ကောင်းလို့။ ဘဝ နောင်ရေးအတွက် စိတ်ချရလို့ဆိုတာတွေကပို များတယ်။ မယုံ မေးကြည့်”ဟု တစ်ချိန်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်း ဆောင်ခဲ့ဖူးပြီး လက်ရှိအမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ နာယကတစ်ဦးဖြစ်နေသူ ဦးတင်ဦးက ပြောသည်။

”တပ်မတော်အရာရှိကြီးတွေဟာနိုင်ငံရဲ့ သယံဇာတတွေ ကို ဒလဟောထုတ်ရောင်းလို့ရတဲ့ ငွေတွေကို စိတ်ထင်တိုင်း သုံးပြပြီး တပ်မတော်ရော ရှိသမျှအဖွဲ့အစည်း အားလုံးနဲ့ လူထု ကြားထဲမှာ အကျင့်ပျက်ခြစားမှုကို မျိုးစေ့ချပေးနိုင်ခဲ့ပြီး ဖျက် ဆီးခဲ့တယ်လို့ကျွန်တော်ပြောချင်ပါတယ်” ဟု ၄င်းက မှတ် ချက်ပြုသည်။
ထို့အပြင် ဆိုးသွမ်းသည်ဟု မိဘအသိုင်းအဝိုင်းက သတ် မှတ်ထားသောလူငယ်များကို အပြင်လောကတွင် ပညာသင်စေ ခြင်းထက် တပ်မတော်တွင် တာဝန်ထမ်းေ ဆာင်စေခြင်းက ပိုမို အကျိုးများစေသည်ဟူသောအယူသည်လည်း မြန်မာ့လူဘောင် တွင်ဓလေ့တစ်ခုသဖွယ် ထွန်းကားလာခဲ့သည်။
”ဆိုးသွမ်းနေရင် စစ်ထဲထည့်လိုက်၊ ဆယ်တန်းအောင်ဆို ဗိုလ်သင်တန်းပို့လိုက်ဆိုတဲ့ဟာကလည်း ဓလေ့လို ဖြစ်နေတာ က တပ်မတော်ကို ပိုဆိုးစေတယ်”ဟု ဦးတင် ဦးက ဆိုသည်။

သို့ရာတွင် ယင်းနည်းလမ်းသည် အလုပ်ဖြစ်ပြီး ပျက်စီးမှု လမ်းစပေါ်ရောက်နိုင်ခြေရှိသော လူငယ်အများအပြားကို တင့် တယ်ခိုင်မာသော အနာဂတ်တစ်ခုကို ပိုင်ဆိုင်ေ စနိုင်ခဲ့သည် ဟုလည်း အများကဆိုကြသည်။
”ကျွန်တော့်သားအပါအဝင် ကျွန်တော် တပည့်တော် တော်များများတပ်ထဲမှာ။ ဘာလို့ဆိုတော့ ဆိုးလို့အဲ့ဒီပို့လိုက် တာ။ မဟုတ်ရင်ဒီကောင်တွေ ဘိန်းစားပဲဖြစ်နေ မလားမသိဘူး” ဟုလမ်းမတော်မြို့နယ်မှဝါရင့်ကျူရှင်ဆရာတစ်ဦးက ပြောသည်။
”အခုဆို ကျွန်တော့်သား ရုရှားမှာဗျာ၊ ပညာသင်သွားနေ ရပြီ၊ ဒီကောင့်ကို အပြင်မှာထားရင် ကျွန်တော်လည်း နိုင်မှာ မဟုတ်ဘူး”ဟု သူက ဆိုသည်။
ယခု အစိုးရလက်ထက်တွင်လည်း တပ်မတော်သည် နိုင်ငံ၏ ဦးဆောင်အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်ပြီး အရေးကြီး သောဌာနများကို ချုပ်ကိုင်ထားဆဲ ဖြစ်သည်။

ယခင်အစိုးရလက်ထက် ကျဆင်းခဲ့သော တပ်မတော်၏ ဂုဏ်သိက္ခာကို ယခုအစိုးရလက်ထက်တွင် ပြန်လည် မြှင့်တင် ပေးနိုင်မည်လား ဆိုသည်ကတော့ စိတ်ဝင်စားစရာ ပင် ဖြစ် သည်။
မည်သို့ပင် အရိပ်မည်းတို့ထိုးစေကာမူ တပ်မတော်သည် ယနေ့ အချိန်အထိ အတော်များများအတွက် ပျိုတိုင်းကြိုက် သော နှင်းဆီပန်းတစ်ခိုင်ဖြစ်နေဆဲပင် ဖြစ်သည်။
နှစ်ပေါင်း ၅ဝ ကျော်ကြာ ခေါ်ယူခြင်းမရှိခဲ့သော အမျိုး သမီးဗိုလ်လောင်းများကို ၂ဝ၁၃ ခုနှစ်က ပထမဆုံးအကြိမ် အဖြစ်ခေါ်ယူခဲ့ရာ လူစိတ်ဝင်စားမှုအထူးများပြား ခဲ့ပြီး လျှောက် ထားသူအရေအတွက်မှာ အမှန်တကယ် ခေါ်ယူသည်ထက် နှစ်ဆသုံးဆမကရှိခဲ့ကြောင်း သတင်းများက ဆိုထားကြသည်။

အမျိုးသမီးဗိုလ်လောင်း ကျောင်းဆင်းပွဲ သတင်းသည် လည်း လူထုစိတ်ဝင်စားမှုကို လွန်စွာဆွဲဆောင်နိုင်ခဲ့သည်ကို တွေ့ရသကဲ့သို့ ထိုကဲ့သို့တပ်မတော်သို့ ဝင်ရောက် ခွင့်ရခြင်း အပေါ်လည်း ကျေနပ်ဂုဏ်ယူမှုတို့ကို တွေ့ရသည်။
”သမီးဘဝရှေ့ရေးအတွက် ကျွန်မ စိတ်ပူနေစရာမလို တော့ဘူးလေ။ အနည်းဆုံးတော့ သူ့ဘဝအတွက် အနာဂတ် ခိုင်ခိုင်မာမာရှိနေပြီပဲ”ဟု ကျောင်းဆင်း အမျိုးသမီး ဗိုလ်လောင်း တစ်ဦး၏မိခင်ဖြစ်သူက ဆိုသည်။
”ဒီလမ်းကြောင်းဟာ သမီးအတွက် သင့်တော်မှန်ကန် တဲ့လမ်းကြောင်းလို့ ကျွန်မ တကယ်ယုံကြည်တယ်”ဟု လည်း သူမက ဆိုသည်။
သို့ရာတွင် ဝေဖန်စရာ သမိုင်းကြောင်းကြောင့် ထို လမ်းကြောင်းမျိုးကို ရွေးချယ်ခွင့်သာသော်လည်း မရွေးချယ် ခဲ့သူများလည်း အများအပြားရှိနေပါသေးသည်။

”ကျွန်တော် ဘာလို့ အဲဒီလမ်းကြောင်းကို ရွေးရမှာလဲ၊ ကျွန်တော့်ဘဝရှေ့ရေးအတွက် ကျွန်တော့်လမ်း ကျွန်တော် ဖောက်နိုင်ပါတယ်” ဟု ဆိုလာသူကတော့ ကျောင်း စရိတ် အတွက်study guide လုပ်ရင်း ကျောင်းတက်နေသော နည်းပညာတက္ကသိုလ်ပထမနှစ်ကျောင်းသား မောင်မြတ်သူ (အမည်လွှဲ) ဖြစ်ပါသည်။
နှေးကွေးသော်လည်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် လာနေပြီဖြစ်သော တပ်မတော်အပေါ် မျှော်လင့်ချက်တချို့ လည်း သူ့ထံတွင် ရှိပါသည်။ ညီဖြစ်သူ လက်ရှိ နဝမတန်း ကျောင်းသားကတော့ ဗိုလ်သင်တန်းတက်လိုသည်ဟု အတိအ လင်း ဖွင့်ဟထားရာအချိန်ကိုက်ဖြစ်နိုင်လိမ့်မယ်ဟု သူမျှော် လင့်ထားသည်။
”ကျွန်တော့်ညီကို တပ်မတော်သားပီသတဲ့ပြည်သူချစ်တဲ့ စစ် ဗိုလ်ကြီးအဖြစ် ကျွန်တော်မြင်ချင်ပါတယ်”ဟု သူကဆိုသည်။
Photo: ဝေဖန်မှုကြား ပန်းပန်နေဆဲ စစ်တက္ကသိုလ် အိပ်မက်
Posted by AF in ဆောင်းပါးများ
Thursday, Setember 4, 2014

Photo - myawady.com.mm
Popular Myanmar News Journal
Photo - myawady.com.mm
Popular Myanmar News Journal

No comments:

Post a Comment