Monday, September 22, 2014

အခြေခံပညာအဆင့် ဘာသာရပ်တိုင်းကို မြန်မာဘာသာနှင့်သာ ပြဋ္ဌာန်းရန် ဆွေးနွေး

Photo: အခြေခံပညာအဆင့် ဘာသာရပ်တိုင်းကို မြန်မာဘာသာနှင့်သာ ပြဋ္ဌာန်းရန် ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၁

နိုင်ငံတကာဖွံ့ဖြိုးရေး အဖွဲ့အစည်းများနှင့် ပညာရေး ဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ပညာရှင်များက အခြေခံပညာအဆင့် ကျောင်းသုံး ဖတ်စာအုပ်တိုင်းကို မြန်မာဘာသာနှင့်သာ ပြဋ္ဌာန်းရန် ဆွေးနွေးနေကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

စက်တင်ဘာလဆန်းပိုင်းက ပြုလုပ်သော သင်ရိုးညွှန်းတမ်းဆိုင်ရာ ဆွေးနွေးပွဲတွင် ကျောင်းသုံးဖတ်စာအုပ်များကို မြန်မာဘာသာနှင့်သာ ပုံနှိပ်မည့်အပြင် စာမေးပွဲ မေးခွန်းများကိုလည်း မြန်မာဘာသာနှင့်သာ မေးမြန်းရန် ပြည်တွင်း၊ ပြည်ပ ဘာသာရပ်ဆိုင်ရာ ပညာရှင် ထက်ဝက်ကျော်က သဘောတူညီခဲ့သည့်အတွက် ယင်းအစီအစဉ်ကို ဆက်လက် ဆွေးနွေးသွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒါက အဖြေထွက်တာပဲ ရှိသေးတယ်။ ဝန်ကြီးဌာနက ဆုံးဖြတ်ချက်ထားတာ မဟုတ်သေးဘူး” ဟု ပညာရေး ဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ပညာရှင်တစ်ဦးက The Voice သို့ ပြောကြားသည်။

သို့သော် ပညာရေး ဝန်ကြီးဌာနက ရေးဆွဲနေသော သင်ရိုးညွှန်းတမ်း မူဘောင် (မူကြမ်း) တွင်မူ အဆိုပါ မြန်မာဘာသာနှင့် သင်ကြားမည့် အစီအစဉ်ကို ထည့်သွင်းထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

လက်ရှိ အထက်တန်းအဆင့် ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ ဘာသာတွဲများတွင် အင်္ဂလိပ်ဘာသာနှင့် ရေးသားထားသောကြောင့် ကျောင်းသား၊ ကျောင်းသူများ နားလည်ရ ခက်ခဲသည့်အပြင် အင်္ဂလိပ်ဘာသာ တိုးတက်နှုန်းတွင်လည်း ကျဆင်းနေကြောင်း၊ ယင်းအပြင် နားမလည်သော ဘာသာရပ်များကို အလွတ်ကျက်မှတ်ကြသော စနစ်လည်း ပိုများလာကြောင်း  ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။

အခြေခံပညာ ကျောင်းသားများ အင်္ဂလိပ်စာ အရည်အသွေး ကျဆင်းလာခြင်းသည် မူလတန်း အဆင့်တွင် အခြေခံ အင်္ဂလိပ်စာကို နားလည် သဘောပေါက်ခြင်း မရှိသောကြောင့်သာ ဖြစ်ကြောင်း၊ မြန်မာဘာသာ ပြဋ္ဌာန်းစာအုပ်များကို မြန်မာဘာသာ ပုံစံ ပြောင်းပါကလည်း ပိုကောင်းမွန်လာရန် မရှိနိုင်ကြောင်း နိုင်ငံတကာ ပုဂ္ဂလိကကျောင်းဆရာ ဦးအောင်စံမြင့်က သုံးသပ်သည်။

“ဘာသာရပ်ဆိုင်ရာတွေကို ဘာသာပြန်တဲ့အခါမှာ သိပ္ပံနာမည်တွေကို သေသေချာချာ ဘာသာပြန်ထားတာတွေ ပြည့်ပြည့်စုံစုံ မရှိသေးဘူး။ အဲလို အားနည်းနေတဲ့ အချိန်မှာ မြန်မာလို ပြန်ရင်တော့ အကုန်လုံး ဇောက်ထိုး ကျသွားနိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပညာရေး ဝန်ကြီးဌာနက အခြေခံပညာအဆင့် ကျောင်းသုံးဖတ်စာအုပ်များကို ၁၉၈၀ ခုနှစ် နောက်ပိုင်းကစ၍ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ အတန်းလိုက် ပြင်ဆင် ပြောင်းလဲခဲ့သည်။
နိုင်ငံတကာဖွံ့ဖြိုးရေး အဖွဲ့အစည်းများနှင့် ပညာရေး ဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ပညာရှင်များက အခြေခံပညာအဆင့် ကျောင်းသုံး ဖတ်စာအုပ်တိုင်းကို မြန်မာ ဘာသာနှင့်သာ ပြ ဋ္ဌာန်းရန် ဆွေးနွေးနေကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

စက်တင်ဘာလဆန်းပိုင်းက ပြုလုပ်သော သင်ရိုးညွှန်းတမ်းဆိုင်ရာ ဆွေးနွေး ပွဲတွင် ကျောင်းသုံး ဖတ်စာ အုပ်များကို မြန်မာဘာသာနှင့်သာ ပုံနှိပ်မည့်အပြင် စာမေးပွဲ မေးခွန်းများ ကိုလည်း မြန်မာ ဘာသာနှင့်သာ မေးမြန်းရန် ပြည်တွင်း၊ ပြည်ပ ဘာသာရပ်ဆိုင်ရာ ပညာရှင် ထက်ဝက်ကျော်က သဘောတူညီခဲ့သည့်အတွက် ယင်းအစီအစဉ်ကို ဆက်လက် ဆွေးနွေးသွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒါက အဖြေထွက်တာပဲ ရှိသေးတယ်။ ဝန်ကြီးဌာနက ဆုံးဖြတ်ချက်ထားတာ မဟုတ်သေးဘူး” ဟု ပညာရေး ဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ပညာရှင်တစ်ဦးက The Voice သို့ ပြောကြားသည်။

သို့သော် ပညာရေး ဝန်ကြီးဌာနက ရေးဆွဲနေသော သင်ရိုးညွှန်းတမ်း မူဘောင် (မူကြမ်း) တွင်မူ အဆိုပါ မြန်မာဘာသာနှင့် သင်ကြားမည့် အစီအစဉ်ကို ထည့်သွင်းထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

လက်ရှိ အထက်တန်းအဆင့် ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ ဘာသာတွဲများတွင် အင်္ဂလိပ် ဘာသာနှင့် ရေးသားထားသောကြောင့် ကျောင်းသား၊ ကျောင်းသူများ နားလည်ရ ခက်ခဲသည့်အပြင် အင်္ဂလိပ်ဘာသာ တိုးတက်နှုန်းတွင်လည်း ကျဆင်းနေကြောင်း၊ ယင်းအပြင် နားမလည်သော ဘာသာရပ်များကို အလွတ်ကျက်မှတ်ကြသော စနစ်လည်း ပိုများလာကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။

အခြေခံပညာ ကျောင်းသားများ အင်္ဂလိပ်စာ အရည်အသွေး ကျဆင်းလာခြင်းသည် မူလတန်း အဆင့်တွင် အခြေခံ အင်္ဂလိပ်စာကို နားလည် သဘောပေါက်ခြင်း မရှိသောကြောင့်သာ ဖြစ်ကြောင်း ၊ မြန်မာ ဘာသာ ပြဋ္ဌာန်းစာအုပ်များကို မြန်မာဘာသာ ပုံစံ ပြောင်းပါကလည်း ပိုကောင်းမွန်လာရန် မရှိနိုင်ကြောင်း နိုင်ငံတကာ ပုဂ္ဂလိကကျောင်းဆရာ ဦးအောင်စံမြင့်က သုံးသပ်သည်။

“ဘာသာရပ်ဆိုင်ရာတွေကို ဘာသာပြန်တဲ့အခါမှာ သိပ္ပံနာမည်တွေကို သေသေချာချာ ဘာသာပြန်ထားတာတွေ ပြည့်ပြည့်စုံစုံ မရှိသေးဘူး။ အဲလို အားနည်းနေတဲ့ အချိန်မှာ မြန်မာလို ပြန်ရင်တော့ အကုန်လုံး ဇောက်ထိုး ကျသွားနိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပညာရေး ဝန်ကြီးဌာနက အခြေခံပညာအဆင့် ကျောင်းသုံးဖတ်စာအုပ်များကို ၁၉၈၀ ခုနှစ် နောက်ပိုင်းကစ၍ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ အတန်းလိုက် ပြင်ဆင် ပြောင်းလဲခဲ့သည်။

The Voice Weekly

No comments:

Post a Comment