Monday, September 22, 2014

ခေါင်းလောင်းရှာသော သောင်တူးသင်္ဘော အစိုးရ ပြန်သိမ်း

ရန်ကုန် - ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် အသုံးပြုသော သောင်တူးသင်္ဘောကို အစိုးရက ပြန်သိမ်း လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေးတွင် အသုံးပြုခဲ့သော သောင်တူးသင်္ဘော ပြန်လည်သိမ်း ယူမည့်အကြောင်း ကြိုတင် အ ကြောင်းကြားစာ ပေးပို့ထားပြီး စက်တင်ဘာ ၂၁ ရက်၌ ပြန်သိမ်း လိုက်ပြီဖြစ်ကြောင်း ရေအရင်းအ မြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြုပြော ကြားသည်။

‘‘နေရာ အတိအကျမရှိဘဲ လုပ်နေလို့ ဆက်မငှားတော့ဘူး။
ဒီနေ့ (စက်တင်ဘာ ၂၁)မှ သင်္ဘော ရွှေ့မယ်။ ထပ်ပြီး ငှားဖို့အစီအစဉ် မရှိတော့ဘူး။ သောင်တူးစက်က လူတွေက တည်နေရာမသိဘဲ လုပ်နေရတော့ ပင်ပန်းတယ်’’ဟု ၎င်းက စက်တင်ဘာ ၂၁ ရက် ည နေတွင် ပြောသည်။
 ဓမ္မစေတီ ခေါင်းလောင်း တွေ့ရှိပြီဟု ပြောဆိုထားသူ ဦးစံ လင်းနှင့် သတင်းထုတ်ပြန်ပေးသူ ဦးကြည်ဝင်းတို့၏ ဖုန်းများသို့ ဆက်သွယ်မေးမြန်းရန်ခေါ်ဆိုရာ ဖုန်းပိတ်ထား၍ ဆက်သွယ်၍မရ ပေ။
‘‘ရန်ကုန် တစ်နေရာမှာ သ တင်းစာရှင်းလင်းပေးမယ်။ ဗုဒ္ဓ ဟူး၊ ကြာသပတေးမှန်းထားတယ်။ ဦးစံလင်းလည်း ကုန်းပေါ်ရောက် နေပြီ။ ငွေစာရင်း ရှင်းထားပါ တယ်’’ဟု အလှူရှင် ဦးဝင်းမြင့်က ပြောသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုကို သြဂုတ် ၉ ရက်မှစတင်ခဲ့ ပြီး သြဂုတ် ၂၆ ရက်တွင် ခေါင်း လောင်းကြီးတွေ့ ရှိပြီဟု ဦးစံလင်း က ကြေညာခဲ့သော်လည်း လက် တွေ့ တွင် ခေါင်းလောင်း မဟုတ် ဘဲ သင်္ဘောပျက် ကိုယ်ထည်သာ ဖြစ်နေ သည်။ ခေါင်းလောင်းရှာ ဖွေမှုသည် စက်တင်ဘာ ၂၀ ရက်တွင် နောက်ဆုံးဖြစ်ပြီး ရက်ပေါင်း ၄၃ ရက်ကြာသော်လည်း မအောင်မြင်ဘဲ အဆုံးသတ်ခဲ့သည်။
လူထုယုံကြည်မှုနည်းပါးနေ သည့် ဓမ္မစေတီခေါင်းလောင်းရှာ ဖွေသူ ဦးစံလင်းကို စက်တင်ဘာ ၂၀ ရက်နေ့လယ်က ဖုန်းဖြင့်ဆက် သွယ်မေးမြန်းရာ ‘‘အစည်းအဝေး လုပ်နေတယ်။ မပြောပါရစေနဲ့’’ ဟု ပြန်လည်ဖြေကြားခဲ့သည်။
          သောင်တူးစက် ဆက်လက်မငှား ရမ်းခြင်းနှင့်ပတ်သက်၍ ခေါင်း လောင်းသတင်းထုတ်ပြန်ရေးအ ဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိ သေးသော်လည်း  ဦးစံလင်းက သောင်တူးသင်္ဘောကို ထပ်မံငှား ရမ်းရန် ကြိုးပမ်းခဲ့ပြီး ဌာနက နေရာအတည်တကျမရှိဘဲ သောင်တူး စက်ဖြင့် တစ်လကျော်အောင် တူး နေသဖြင့် ရပ်နားစေခြင်းဖြစ်သည်ဟု ဆိုသည်။

7 Day

No comments:

Post a Comment