Tuesday, September 9, 2014

အစိုးရ၀န်ထမ်းများသာမက တက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့လွန်ကျောင်းသားများအား ပညာတော်သင်စေလွှတ်ခွင့်ရရန် ဥရောပသုံးနိုင်ငံ သဘောတူ

အစိုးရ၀န်ထမ်းများ သာမက တက္ကသိုလ်ကျောင်းသား များနှင့် ဘွဲ့လွန်ကျောင်းသားများ အား ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံများသို့ ကျွမ်းကျင်မှု ဆိုင်ရာ ပညာတော်သင်စေလွှတ် နိုင်မည့် အခွင့်အရေးကို ဥရောပ သုံးနိုင်ငံလုံးက လက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်က ပြောကြားသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကကျသော ပညာရည်မြင့်မားစေရန်နှင့် နည်း ပညာအတတ်ပညာများ ဆည်းပူးခွင့်ရရှိရန် ပညာတော်သင်ကျောင်းသားများကို ဥရောပနိုင်ငံများက ပိုမိုတိုးမြှင့်လက်ခံရန် ဥရောပသုံး နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦး သိန်းစိန်၏ ဆွေးနွေးချက်ကို ယင်းနိုင်ငံ သုံးခုက လက်ခံခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက အီးမေးလ်မှတစ် ဆင့် ဖြေကြားသည်။
ဆွေးနွေးချက်များကို မူတည် ၍ မြန်မာနိုင်ငံပညာရေးဝန်ကြီး ဌာနနှင့် ဆက်လက်ညှိနှိုင်းဆောင် ရွက်ပြီး အကောင်အထည်ဖော် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။‘‘အစိုးရ၀န်ထမ်းတွေသာမ က တက္ကသိုလ်ကျောင်းသားတွေ နဲ့ ဘွဲ့လွန်ဘွဲ့ရတာတွေကိုပါ သင် တန်းတွေတက်ရောက်ချင်တဲ့ ပြည်သူတွေအတွက် အခွင့်အလမ်း တွေရရှိအောင် ဆွေးနွေးခဲ့ကြ တယ်။ နိုင်ငံတိုးတက်ဖို့က ပြည်သူတွေ ပညာရည်မြင့်မားဖို့၊ အသိ ပညာအတတ်ပညာထွန်းကားဖို့၊ သိပံ္ပပညာနဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေရရှိဖို့၊ စက်မှုလက်မှု လုပ်ငန်းတွေ အသေးစား၊အလတ် စားတွေ ဖွံ့ဖြိုးရှင်သန်ဖို့ အဓိက ထားပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီလို ဆွေးနွေးတာကို သုံးနိုင်ငံလုံးက အားတက်သရော ဆွေးနွေးတယ်’’ဟု သမ္မတခရီးစဉ်အတွင်း အတူ လိုက်ပါသွားသော ၎င်းက ပြော သည်။

ပညာရေးအစဉ်အလာ ကောင်းမွန်သော ဂျာမနီ၊ ဆွစ်ဇာ လန်နှင့် နယ်သာလန်နိုင်ငံတို့ထံမှ ပညာရေးစနစ်ကို လေ့လာလို ကြောင်း သမ္မတ ဦးသိန်းစိန်က ခရီးစဉ်အတွင်း ပြောကြားထားပြီး ယခုကျောင်းသားများ ပညာသင်လွှတ် မည့်အစီအစဉ်ကို အစိုးရ၀န်ထမ်း များသာမက ပြင်ပထူးချွန်ကျောင်းသားများကိုပါ စေလွှတ်ရန် စီစဉ် မည် ဖြစ်သည်။

ယင်းသုံးနိုင်ငံအနက် ဂျာမနီနိုင်ငံမှာ ကမ္ဘာပေါ်တွင် စက်မှုနှင့် သိပ္ပံပညာအထွန်းကားဆုံး အဆင့်၆ ရှိသည့် နိုင်ငံဖြစ်ပြီး ယင်းပညာ ရပ်တို့ဖြင့် နိုဗယ်ဆုရှင် ၁၀၀ ကျော် ထွက်ရှိထားသည့် နိုင်ငံလည်း ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံမှာ ကမ္ဘာကျော် ဘဏ်လုပ်ငန်း များဖြင့် အောင်မြင်နေသည့် နိုင်ငံ ဖြစ်ပြီး နယ်သာလန်နိုင်ငံမှာ ရေ ကြောင်းထိန်းသိမ်းရေးနှင့် စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်ကဏ္ဍတို့တွင် ထိပ်တန်းရောက်နိုင်ငံများဖြစ်ကြ သည်။

7 Day News Journal

No comments:

Post a Comment