Friday, September 12, 2014

ဒုချီးရားတန်းကျေးရွာတွင် လူစုလူဝေးဖြစ်၍ သေနတ်ဖြင့် ပစ်ခတ်လူစုခွဲရ

 မောင်တောမြို့၊ ဒုချီး ရားတန်းကျေးရွာတွင် စားကျက် မြေပြဿနာလာရှင်းသည့်ရဲများ ကို ဘင်္ဂါလီများက ရန်ပြုသော ကြောင့် သေနတ်ဖြင့် ခြောက်လှန့် ၍ လူစုခွဲခဲ့ရကြောင်းအမှတ်(၁) နယ်ခြားစောင့် လုံခြုံရေး အဖွဲ့မှသ တင်းရရှိသည်။
  စက်တင်ဘာ ၁၀ရက်က  မောင်တောမြို့ခရေမြိုင်ကျေးရွာရှိရခိုင်လူမျိုးများပိုင်သည့် စားကျက် မြေပေါ်သို့ ဒုချီးရားတန်းကျေးရွာမှဘင်္ဂါလီအချို့က၎င်းတို့၏ နွားများလွှတ်ကျောင်းခဲ့သောကြောင့် ပြဿနာအနည်းငယ် ဖြစ်ပွားခဲ့ သည်။


ခရေမြိုင်ရွာသားများက လုံခြုံရေးရဲတပ်ဖွဲ့များထံ  အကြောင်းကြားခဲ့ပြီး   ရဲများလာရောက်ဖြေရှင်းစဉ် ဘင်္ဂါလီဦးရေလေးဆယ်ခန့်က ဓားများကိုင်ဆောင်၍ ရန်ပြုရန်ကြိုစားခဲ့သောကြောင့် သေနတ် သုံးချက် ပစ်ဖောက်၍  လူစုခွဲခဲ့ရကြောင်း အမှတ်(၁)နယ်ခြားစောင့်လုံခြုံရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘ရခိုင်ရွာက စားကျက်မြေ ပေါ်ကို ဘင်္ဂါလီတွေက နွားတွေ လာလွှတ်သွားတာ။ ထုံးစံအတိုင်း ရန်ပြုဖို့ လုပ်လာလို့ လူစုခွဲခဲ့ရ တယ်။အဲဒီတော့မှ အကုန်ထွက် ပြေးကုန်တာ’’ဟု အဆိုပါရဲအရာ ရှိက ပြောသည်။
 ယင်းဖြစ်စဉ်တွင် ဘင်္ဂါလီ တစ်ယောက်မှ ဖမ်းမိထားခြင်းမရှိ ဘဲ ပြဿနာထပ်မံမဖြစ်ပွားစေရန် အတွက် ဒေသခံများနှင့်တိုင်ပင်၍ ရဲတပ်ဖွဲ့ဝင်များလုံခြုံရေးစောင့် ပေးနေကြောင်းသတင်းရရှိသည်။ ဒုချီးရားတန်းကျေးရွာသည် ပြီးခဲ့ သည့်နှစ်က ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂါလီရွာသားများပဋိပက္ခဖြစ် ပွားခဲ့သည့် ရွာဖြစ်ပြီး ရဲတပ်ကြပ်  ကြီးတစ်ဦး  သေနတ်နှင့်အတူပျောက်ဆုံးခဲ့သည်။

7 day Daily

No comments:

Post a Comment