Friday, September 26, 2014

တယ်လီနော ဆင်းမ်ကတ်များ စက်တင်ဘာ ၂၇ ရက်တွင် စတင်ရောင်းမည်


ပြည်ပဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် တယ်လီနောမြန်မာ၏ ဆင်းမ်ကတ် များကို စက်တင်ဘာ ၂၇ ရက်မှ စ၍ မန္တလေးမြို့တွင် ပထမဆုံး စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်းမ်ကတ်များကို မန္တလေး မြို့တွင် ရောင်းချပြီး တစ်ပတ်အ ကြာမှ နေပြည်တော်တွင် ဆက် လက်ရောင်းချမည်ဖြစ်ပြီး နေပြည်တော်တွင်ရောင်းပြီး တစ်ပတ်အ ကြာမှ ရန်ကုန်တွင် ဆက်လက်ရောင်းပေးသွားမည်ဖြစ်သည်။


‘‘မြို့သုံးမြို့လုံးမှာ ဝန်ဆောင်မှုတွေကို ဘာလို့ တစ်ပြိုင်တည်း မပေးတာလဲဆိုရင် အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုတွေကို ပေး ချင်တဲ့အတွက်ပါ။ ရန်ကုန်မှာ တာဝါတိုင်ဆောက်တဲ့အခါ အ ခက်အခဲတွေ ရှိတဲ့အတွက် အခု လို နောက်ကျသွားတာပါ’’ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အ ရာရှိချုပ် Petter Furberg က ပြောသည်။

တယ်လီနောဆင်းမ်ကတ် များ၏ ဖုန်းခေါ်ဆိုခမှာ မည်သည့် ကွန်ရက်မဆို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး SMS တစ်စောင်လျှင် ၁၅ ကျပ် နှုန်းဖြင့် ပေးပို့နိုင်မည်ဖြစ်သည်။

တယ်လီနောအနေဖြင့် အင် တာနက် အသုံးပြုခများ ကောက် ယူရာတွင် ပုံစံနှစ်မျိုးသတ်မှတ် ထားပြီး သာမန်အင်တာနက် အ သုံးပြုသူများအတွက် အမြန်နှုန်း တစ်စက္ကန့်လျှင် 300Kbps အထိ ရရှိနိုင်မည့် MY Internet အား1MB လျှင် ခြောက်ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။မြန်နှုန်းပိုမြင့်သည့် အင်တာနက် အသုံး ပြုလိုသူများအနေဖြင့် တစ်စက္ကန့် လျှင် 2MB အထိ မြန်နှုန်းရနိုင် မည့် Smart Internet အား 1MB လျှင် ၁၀ ကျပ်နှုန်းဖြင့် အသုံးပြု နိုင်မည်ဖြစ်သည်။

‘‘ဆင်းမ်ကတ်စဝယ်တဲ့အခါ မှာ MY Internet စနစ်ကို တစ်ခါ တည်း အသုံးပြုလို့ရပါတယ်။ ပို ပြီးမြန်တဲ့ အင်တာနက်ကို အသုံး ပြုမယ်ဆိုရင်တော့ Smart Inter-net ကို အသုံးပြုဖို့အတွက် SMS နံပါတ် 500 ကို မက်ဆေ့ခ်ျ ပို့ပေး နိုင်ပါတယ်’’ဟု Petter Furberg က ဆိုသည်။

တယ်လီနော ဆင်းမ်ကတ် များ အသုံးပြုပါက ဖေ့စ်ဘွတ်ခ် ကို ရက် ၃၀  အခမဲ့အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး Wikipedia Myanmar ကိုလည်း အခမဲ့ အသုံး ပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ငွေဖြည့်ကတ်များကို တစ် ထောင်ကျပ်၊ သုံးထောင်ကျပ်၊ ငါးထောင်ကျပ်နှင့် တစ်သောင်းကျပ် ဟူ၍ ရောင်းချပေးသွားမည်ဖြစ် ပြီး တစ်ထောင်ကျပ် ငွေဖြည့်ပါက ၁၅ မိနစ် အခမဲ့ဖုန်းပြောဆိုခွင့် နှင့် အင်တာနက် 15MB အခမဲ့ သုံးစွဲခွင့်ရရှိမည်ဖြစ်ပြီး တစ် သောင်းကျပ် ငွေဖြည့်ပါက ဖုန်း ၁၂၀ မိနစ် အခမဲ့ဖုန်းပြောဆိုခွင့်နှင့် အင်တာနက် 120MB အခမဲ့ အသုံးပြုခွင့်ရရှိမည်ဟုဆိုသည်။

7 Day Daily

No comments:

Post a Comment