Friday, September 26, 2014

တယ်လီနောဆင်းမ်ကတ်၌ facebook စာသားများနှင့် Wikipedia အခမဲ့ အသုံးပြုနိုင်မည်

တယ်လီနော၏ မိုဘိုင်းအင်တာနက်လိုင်း၌ Facebook ၏ စာသားများနှင့် Wikipedia ကို အခမဲ့အသုံးပြုနိုင်မည်ဟု သိရသည်။

Facebook ၌ တင်ဆက်ကြသည့် ဓာတ်ပုံများ ၊ ဗီဒီယိုများနှင့် Link များကို ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်သော်လည်း Comment နှင့် Status စာသားများကို တင်နိုင်မည်ဟု သိရသည်။ Facebook ကို အခမဲ့ အသုံးပြုရာ၌ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရှုမည်ဆိုပါက တယ်လီနောမှ သတ်မှတ်ထားသည့်အတိုင်း 1 MB လျှင် ၆ ကျပ်နှုန်း ဖြတ်တောက်သွားမည်ဟု သိရသည်။


တယ်လီနောသည် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာများအနက် Facebook နှင့် ပါတနာ ပြုလုပ်ထားသူဖြစ်သည်။ ထို့ကြောင့် Facebook Zero အမည်ဖြင့် Facebook စာသားအသုံးပြုမှုကို အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု တယ်လီနောက သတင်းထုတ်ပြန်သည်။ တယ်လီနော၏ ဆင်းမ်ကတ်၌ Wikipedia ကိုလည်း အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။

Internet

No comments:

Post a Comment