Tuesday, September 30, 2014

အွန်လိုင်းမှာ ဒိတ်လုပ်နေသူတွေအတွက် ရှောင်ကြဉ်ရမယ့် အချက် (၇) ချက်

သင်ဟာ အွန်လိုင်းကနေ ချစ်သူရှာဖို့ စဉ်းစားထားပါသလား။ ဒါမှမဟုတ် ခုလောလောဆယ်ကိုပဲ ကိုယ်စိတ်ဝင်စားနေတဲ့သူ အွန်လိုင်းမှာရှိနေပြီမို့ သူနဲ့ chatting လုပ်တာမျိုး၊ သူ့ပုံအောက်မှာ ကွန်မန့်ဝင်ပေးရင်း ခင်မင်မှုတွေ ဖလှယ်ကြတဲ့ အဆင့်ကို ရောက်ရှိနေပြီလား။ ဒီလို အွန်လိုင်းကနေ ဒိတ်လုပ်ဖို့ စဉ်းစားထားတယ်ဆိုရင်
သင်ရှောင်ကြဉ်သင့်တဲ့အချက်လေးတွေ ဖော်ပြပေးချင်ပါတယ်။
၁။ဖေ့စ်ဘွတ်ခ်မှာ မျက်နှာကို edit တွေအရမ်းလုပ်ပြီး ကိုယ့်ရုပ်မှန်းတောင် မသိသာတော့တဲ့ ပုံမျိုးတွေ တင်ခြင်း
အသက် ၁၃နှစ်တုန်းက မျက်နှာမျိုးဖြစ်အောင် edit တွေလုပ်ပြီး ဖြူဖွေးနေအောင် ပြင်ထားတာ၊ အရေးအကြောင်းတွေ တစ်ခုမှမရှိအောင် လုပ်ထားတာမျိုး၊ ပါးနီးတွေ ဆိုးပေးထားတာမျိုး စသဖြင့် ကြည့်လိုက်တာနဲ့ ဘယ်သူမှန်းတောင် မသိသာစေတဲ့ ပုံ၊ လူရုပ်ပျောက်အောင် ပြင်ထားတဲ့ ပုံမျိုးတွေ သင့်ဖေ့စ်ဘွတ်ခ်မှာတင်ထားမယ်ဆိုရင် ဒါဟာ သင်နဲ့ဒိတ်မယ့်သူ စိတ်ပျက်စေဖို့ ရာခိုင်နှုန်းပြည့် သေချာတဲ့ အချက်ပါပဲ။ ဒီလိုမျိုးတွေ လုပ်ခြင်းအားဖြင့် သူဟာ သင့်ကို ဘယ်လိုမှ ယုံကြည်လာနိုင်ဖွယ်ရာ မရှိတော့ပါဘူး။
၂။မဖြစ်နိုင်တဲ့ အသက်အရွယ်ကို ကိုယ့်ပရိုဖိုင်းမှာ ထည့်သွင်းဖော်ပြခြင်း
ကိုယ့်အသက်က ၃၀ဆိုရင် ပရိုဖိုင်းထဲမှာ ၂၀ဆိုပြီး ဖော်ပြထားတာမျိုးကတော့ ဆိုးလွန်းအားကြီးပါတယ်။ ကဲ အဲ့ဒီလိုအချိန်မှာ ကိုယ့်ထက် အသက်၁၀နှစ်လောက်ငယ်တဲ့ သူတွေက လာပြီး ကြူရင်၊ ကြောင်ရင်ရော သင်က စိတ်ကြိုက်ဖြစ်မှာမို့လို့လားဆိုတာ တစ်ချက်ပြန်စဉ်းစားပါ။ တကယ်လို့ ပရိုဖိုင်းမှာ အသက်အမှန်မထည့်ချင်ဘူးဆိုရင်တောင် တစ်နှစ်၊ နှစ်နှစ် လျှော့ပြောတာမျိုးလောက်သာ ဖြစ်သင့်ပါတယ်။ ဒါတောင် အခန့်မသင့်ရင် သင်ဒိတ်နေတဲ့သူက သင့်ကို ဘာလို့ဒီလိုညာထားရတာလဲဆိုပြီး မေးလာနိုင် ဖွယ်ရာ ရှိပါတယ်။
၃။ပုံလေးတွေ ကြည့်ပြီးတော့ တစ်ဖက်လူကို ဆုံးဖြတ်ခြင်း
ကိုယ်ဒိတ်မယ့်လူ တင်နေတဲ့ ပုံတွေ၊ စတေးတပ်စ်တွေ ကြည့်ပြီး မျက်စိမှိတ်ယုံနေလို့ မဖြစ်သေးပါဘူး။ သူနဲ့တွဲတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေကို လိုက်လံအကဲခတ်ဖို့ လိုပါတယ်။ အွန်လိုင်းမှာ အလိမ်အညာဇယားတွေ အများကြီးရှိတတ်တာမို့ သတိထားတာ အကောင်းဆုံးပါပဲ။
၎။သင့်ချစ်ရေးချစ်ရာ၊ တွဲခဲ့တဲ့သူတွေအကြောင်း ဖြစ်ကြောင်းကုန်စင်ပြောပြခြင်း
အပြင်မှာတောင် မတွေ့ရသေးပဲ တစ်ခါ၊ နှစ်ခါလောက် chat ဖူးရုံနဲ့ သင့်အရင်ရည်းစားအကြောင်း၊ ဘာ့ကြောင့် ပြတ်သွားတယ်ဆိုတဲ့အကြောင်းတွေကို အကုန်ဖွင့်ဟပြောပြဖို့ မလိုပါဘူး။ သာမာန်ယေဘူယျမေးနေကျ မေးခွန်းမျိုးတွေ၊ ပြောနေကျစကားတွေ၊ အကြောင်းအရာတစ်ခုခုကို ဆွေးနွေး တာမျိုးတွေသာ လုပ်သင့်ပါတယ်။
၅။အွန်လိုင်းမှာ တွေ့ထားတဲ့သူနဲ့ အရင်ရည်းစားဟောင်းတွေနဲ့ နှိုင်းယှဉ်ခြင်း
အရင်တွဲခဲ့တဲ့ ရည်းစားက ဘယ်အချက်ကလေးက ဘယ်လိုကောင်းတယ်ပဲပြောပြော ခု အဆင်မပြေလို့ ပြတ်သွားခဲ့ပြီဆိုတာကို အမြဲစဉ်းစားပါ။ ပြီးတဲ့အခါ ခုကိုယ်ရှာနေတာ ကိုယ့်အနာဂတ် အတွက် ပိုကောင်းတဲ့ ရည်းစား၊ လက်တွဲဖော်ဆိုတာကိုလည်း ခေါင်းထဲထည့်ထားပါ။ အရာရာတိုင်းကို အရင်ရည်းစားဟောင်းနဲ့ ယှဉ်ပြီးဆုံးဖြတ်တာမျိုးတွေ မလုပ်ပါနဲ့။
၆။အွန်လိုင်းက လူတွေက အဆင်ပြေနိုင်ပါ့မလားဆိုပြီး စိတ်ပူပန်ခြင်း
သူနဲ့သာ chat နေရတာ၊ သူနဲ့တွေ့ဖို့သာ စဉ်းစားနေရတာ အဆင်ပြေမယ်လို့တော့ မထင်ထားတဲ့အပြင် တစ်ချိန်လုံး ဒါကိုပဲ စိတ်ပူနေရတယ်၊ အညာခံရမလားဆိုတာပဲ စိုးရိမ်နေရတယ်ဆိုရင်တော့ အစောကြီးကတည်းက အွန်လိုင်းက ဒိတ်လုပ်ဖို့ မစဉ်းစားပါနဲ့။
၇။ကံကိုချည်းပုံချခြင်း
ဒိတ်လုပ်တော့မယ်သူက ဘယ်နေရာမှာ တွေ့ဖို့ချိန်းတယ်၊ ကိုယ်မသွားချင်ရင် ငြင်းပါ။ အကောင်းဆုံးပြော ဆိုပြီး ငြင်းပါ။ နေရာက ကိုယ့်အတွက် ဘာ့ကြောင့် အဆင်မပြေသလဲဆိုတာ ရှင်းပြပါ။ သူပြောတိုင်း လက်ခံရမယ်လို့တော့ မဟုတ်ပါဘူး။ ဒါကို ဖြစ်ချင်ရာဖြစ်သွားလိုက်မယ်၊ ငါ့ကံပေါ့ဆိုပြီး မတွေးပါနဲ့။

Trend Myanmar

No comments:

Post a Comment