Tuesday, September 30, 2014

ပညာရေးမှာသာမက အားကစားပိုင်းမှာလည်း ထူးချွန်တဲ့ ၉ နှစ်အရွယ် အလေးမ အားကစားသမားလေး Guiliano

 Guiliano ဟာ လမ်းမလျောက်တတ်သေးတဲ့ အချိန်ကတည်းက အလေးစမ လာခဲ့သူပါ။ အခုဆိုရင် သူ့ရဲ့ ကိုယ်ကာယလေ့ကျင့်ခန်းဗီဒီယိုတွေကို  ကြည့်ရှုအားပေးတဲ့ ပရိတ်အများအပြားရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
Romanian Hercules အမည်ပေးထားတဲ့ ဗီဒီယိုဖိုင်လ်တစ်ခုကို သူ့ပညာသင်နှစ် နောက်တစ်နှစ်အတွက် လုပ်ထားပြီးဖြစ်ပြီး ဗီဒီယိုဖိုင်လ်ထဲမှာတော့ ၉၀ ဒီဂရီအနေအထားနဲ့ ဒိုက်ထိုးလေးကျင့်ခန်းစွမ်းရည်ကို သရုပ်ဖော် ရိုက်ပြထားပါတယ်။

Ripped schoolboy, 9, can do vertical push-ups, but is it healthy?
ဒါပေမဲ့ လူတိုင်းတော့ Giuliano ရဲ့ စွမ်းရည်ကို စိတ်ဝင်စားမှုမရှိကြဘူး။ Guiliano ရဲ့ မိဘနှစ်ဦး စလုံးမှာလည်း ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်မှုတွေကို စိတ်ပါဝင်စားသူတွေဖြစ်ကြပြီး Guiliano နဲ့ အသက် ၇ နှစ်ရှိ သူ့ညီကို ကြိုးစားလုပ်ဆောင်ဖို့ တွန်းအားပေးကြပါတယ်။
သူ့အသက်အရွယ်ရဲ့ နှစ်ဆလောက်ရှိတဲ့ သူတွေထက် ကြီးမားတဲ့ ကြွက်သားတွေ ပိုင်ဆိုင်ပြီး ဒီအရွယ်နဲ့ ဗိုက်ကြွက်သားတွေ ဖျန်းဖျန်းထနေတာ ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့လည်း တချို့က ပြောဆိုကြပါတယ်။
ဝေဖန်းပြောဆိုသူတွေကတော့ ကလေးကြီးလာပုံက ပုံမှန်မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီအတွက် သက်သေအထောက်အထားလည်း မရှိဘူး။ လေ့ကျင့်ခန်းကို အမြဲတမ်းလုပ်ပေးတာ မှားတယ်မရှိဘူးလို့ သူ့ဖခင်ကပြန်လည် ပြောဆိုခဲ့ပါတယ်။
Guiliano စိတ်ဝင်စားနှစ်သက်တဲ့ သင်ခန်းစာမှာ (Physical EducationPE) ပါ။ ဒါပေမဲ့ သူက ကိုယ်ကာယပိုင်းဆိုင်ရာအပြင် ပညာရေးပိုင်းမှာလည်း ကောင်းမွန်ပြီး အချိန်ပေးကြိုးစားနေတဲ့ ကျောင်းသား တစ်ယောက်ဖြစ်တယ်လို့ သူ့ဖခင်က ပြောပါတယ်။
သူကြွက်သားဗလတွေက ပြသဖို့ သက်သက်သာလျှင်မဟုတ်ပါဘူး။ သူ သက်တူရွယ်တူ အုပ်စုထဲမှာလည်း အလေးမစံချိန်ကို ချိုးနိုင်ခဲ့ပါတယ်တဲ့။

Trend Myanmar

No comments:

Post a Comment