Sunday, September 14, 2014

အစိမ်းရောင်အာလူးနှင့် အသက်အန္တရာယ်

ဟင်းတော်တော်များများနှင့် လိုက်ဖက်ကာ၊ စားအိုးကြီးသော မိသားစုအတွက် အာလူးကဟင်း အပွါးခတ်
ပေးသလို၊ အာဟာရ ပြည့်အရသာရှိသလောက်၊ ဈေးနှုန်းလည်းချိုသာတာမို့ အာလူးဟာ အိမ်ရှင်မများအ တွက် လက်စွဲဖြစ်လို့ နေပါတယ်။ သို့ သော် အစိမ်းရောင် အာလူး ရဲ့  အန္တ ရာယ်ကို လူတိုင်းမသိကြသေး ပါဘူး။ ကလိုဖီးလ်ဓာတ်အမြောက်အများပါရှိခြင်းကြောင့် ပုံမှန် အရောင်နှင့်မတူ တမူကွဲပြားနေခြင်းပါ။

” စိမ်းရောင်ခြယ် ကလိုရိုဖီးက လူကို ကြီးကြီးမားမားဘေးဥပါသ်မဖြစ်စေသော်လဲ၊ အဲဒီအာလူး ထဲမှာပါတဲ့ အရသာအတန်ငယ် ခါးသက်ပြီး solanine (ခေါ်) အဆိပ်သင့်ဓာတုပစ္စည်းတစ်မျိုးေ ကြာင့်၊ စားသုံးမိတဲ့အခါ လူကို အော်ဂလီဆန်ခြင်း၊ ခေါင်းကိုက်၍ ၀မ်းလျောခြင်း၊ အစာမကျေပျို့ အန်ခြင်း တို့ ဖြစ်စေပါတယ်။ 

ကိုယ်လေးအချိန် ပေါင် ၁၀၀ ရှိတဲ့ ကျမ္မာရေးကောင်းသူတောင် အဲဒီ အာလူး ၆ အောင်စလောက်စားမိရင်
စောစောကပြောတဲ့ အစာအဆိပ် သင့် ဘေးထွက်ဆိုးကျိုးတွေဖြစ်စေတတ်လို့ ၊ ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုနဲ့  ကလေးတွေဆို အသက်အန္တရာယ်တောင်ဖြစ်စေနိုင်တယ် ” လို့  Nebraska လင်ကွန်း တက္ကသိုလ်မှ ပရော် ဖက် ဆာတစ်ဦးဖြစ်သူ Alexander Pavlista က ဆိုပါတယ်။

ဆက်လက်ပြီး ပရော်ဖက်ဆာ က ” ပုံမှန်အာလူး အရောင်မှာ အစိမ်းရောင်ယှက်သန်းနေသော အစိပ်အ ပိုင်းကိုလှီးထုတ်ပြီးမှ ချက်ပြုတ်ရန်၊ ဈေးထဲမှ ၀ယ်လာပြီး မချက်ရသေးသော အာလူး များကို အေး၍မှောင်
သောနေရာတွင် သိမ်ဆည်းထားရန်၊ အာလူးများကို ရေခဲသေတ္တာထဲ မသိမ်းကြရန်၊ အာလူးကို အခွံခွာ၍ တညတာ ရေစိမ်ပြီးမှ ချက်ပြုတ်ကြရန် ” အကြံပေးထားပါတယ်။

ယနေ့ အမေရိကန်နိုင်င်ငံတွင် အစိမ်းရောင်ပါနေသော အာလူးရောင်းချမှုကို ပိတ်ပင်ထားကြပါ တယ်။ သို့ ပါ၍ မြန်မာပြည်ရှိ အိမ်ရှင်မများလည်း မိသားစုမှာမလိုလားအပ်သော ကျမ္မာရေးပြ သနာတွေမဖြ စ်လာရလေအောင် အစိမ်းရောင်ခြယ်အာလူးများ ကို ရှောင်ရှားကြပါလို့  အကြံပြု လိုက်ပါရစေ။
 
Lwin Pyin

No comments:

Post a Comment