Thursday, September 18, 2014

ကြောင် စိတ်ကောက်တတ်သည်

တိရစ္ဆာန် လေ့လာသူများရဲ့ ထုတ်ဖော် ပြောဆိုချက်အရ ကြောင်များဟာ စိတ်ကောက် တတ်ကြောင်း သိရ ပါတယ်။
အကယ်၍ ပိုင်ရှင်ဟာ မိမိ အပြင် အခြားသော ကြောင်တစ်ကောင်ကို ထပ်မွေးတဲ့အခါ၊ ရှိရင်းစွဲ ကြောင် ထဲမှာတောင် ကိုယ့်ထက် အခြား ကြောင် တစ်ကောင်ကို အသားပေးပြီး ပြုစု ဆက်ဆံတဲ့ အခါကျရင် စိတ်ကောက် တတ်ပါတယ်။ နောက်ထပ် အခြေအနေ တစ်ခု ကတော့ သူတို့ရဲ့ နေ့စဉ် routine အရ
စားစရာ၊ ဆော့စရာ၊ နေစရာ ရယ်ဒီမရှိရင်လည်း စိတ်ကောက် ပါတယ်။ အမြဲ တမ်း ပေါင်ပေါ် တင်ပြီး ထွေးပွေ့ပေးလေ့ ရှိတဲ့ ပိုင်ရှင်က တစ်ရက်လောက် ပျက်ကွက်လို့ မပြုလုပ်ပေးခဲ့ ဘူး ဆိုရင်တောင် အချို့ကြောင်များက စိတ်ကောက် တတ်ကြောင်း လေ့လာ တွေ့ရှိခဲ့ကြ ပါတယ်။
ဒါကြောင့်မို့ မိမိတွေ ကြောင်မွေးထားတယ်ဆိုရင် သူတို့လေးတွေကို ပုံမှန်ပြုစုနေတာထက် မပျက်အောင် ကျွေးမွေး ဆော့ကစားပေးဖို့ လိုကြောင်း ဆိုပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment