Thursday, September 18, 2014

Master Plan အရ ရန်ကုန်မြို့ပြင် မြို့ပတ်ရထားလမ်းများ ဖောက်လုပ်ရန်အစီအစဉ်ရှိ

ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) နှင့်ပူးပေါင်းရေးဆွဲ နေသည့် ရန်ကုန်မြို့ Master Plan အရ ရန်ကုန်မြို့ပြင် မြို့ ပတ်မီးရထားလမ်းများဖောက်လုပ်သွား ရန်အစီအစဉ် ရှိကြောင်း မြန်မာ့မီးရထား မှအထွေထွေမန်နေဂျာ (အောက်မြန်မာ ပြည်) ဦးထွန်းအောင်သင်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်းအ ရှေ့ဘက်ခြမ်းအား ရထားလမ်းများနှင့် ချိတ်ဆက်နိုင်ရန်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ လက်ရှိမှာတော့ ရန်ကုန်မြို့ပြင်မြို့ပတ်လမ်းချိတ်ဆက် မှု(Outer Ring) မပြုလုပ်ခင် ရန်ကုန် မြို့တွင်းရဲ့အရှေ့ဘက်အခြမ်းကို ချိတ် ဆက်နေပါ တယ်။ အကောင်းဆုံးလဲ ပြု လုပ်နေပါတယ်။ ရန်ကုန်တစ်မြို့လုံးရော မြို့ပြင်ကို ရော မီးရထားလမ်းချိတ်ဆက် နိုင်ဖို့က ရန်ကုန်မြို့ရဲ့ Master Plan မှာရော JICA `ရဲ့ Master Plan မှာ ရော ပါဝင်ပါတယ်''ဟု ဦးထွန်းအောင် သင်းက ပြောသည်။
လက်ရှိအခြေအနေတွင် ရန်ကုန် မြို့၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အားလုံးအား ရထားလမ်းများနှင့် ချိတ် ဆက်နိုင်ရန်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ လက်ရှိမှာတော့ ရန်ကုန်မြို့တွင်းကို ရထားတွေ နေရာ စုံသွားနိုင်အောင် အရင်ပြုလုပ်သွားမှာ ပါ။ အဲဒါပြီးသွားမှ (Outer Ring)ကို ပြုလုပ်သွားမှာပါ။ ရန်ကုန်မြို့တွင်းမှာ ပဲ ရထားမရောက်သေးတဲ့နေရာတွေ ရှိပါသေးတယ်''ဟု ယင်းကပြောသည်။
ရထားသွားလာခြင်းမရှိသေးသည့် နေရာများ၌လည်း နေ့စဉ် မြို့တွင်းသို့ သွားလာနေသည့်သူများရှိကြောင်း သိ ရသည်။
''ကျွန်တော်တို့ကတော့ ရန်ကုန် တစ်မြို့လုံးကို ရထားသွားနိုင်အောင် ပြုလုပ်ပေးမယ်ဆိုရင်တော့ အဆင်ပြေ တာပေါ့။ လက်ရှိမှာလဲ ရထားမရောက် သေးတဲ့မြို့နယ်တွေ ရှိနေပါသေးတယ်။ မြို့ပြင်ကိုချိတ်ဆက်ဖို့ထက် မြို့တွင်းမှာ ချိတ်ဆက်ဖို့အရေးကြီးပါတယ်''ဟု ရ ထားစီးခရီးသည်တစ်ဦးဖြစ်သူ ဦးနေ မင်းက ပြောသည်။
မြို့တွင်းချိတ်ဆက်မှုတွင် ကာလ သုံးခုရှိကာ ရေတိုစီမံကိန်းကာလမှာ ၂ဝ၁၈ အထိဖြစ်ပြီး သာမန်ကာလမှာ ၂ဝ၂၅ ဖြစ်ကာ ရေရှည်ကာလမှာ ၂ဝ၃၅အထိ ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့အပိုင်းအပိုင်းတွေ နဲ့ ပြုလုပ်မှာပါ။ အားလုံးကလဲ ကြိုးကြိုး စားစား ပြုလုပ်နေပါတယ်။ Outer Ring ပိုင်းကတော့ မင်္ဂလာဒုံလေဆိပ်ကနေ ပဲခူးလေဆိပ်အထိ စတာတွေကဲ့သို့ ခရီး ဝေးတွေလဲပါဝင်သလို ခရီးတိုတွေလည်း ပါဝင်မှာပါ။ ဘတ်ဂျက်ကတော့ ချပေး တဲ့အပေါ် မူတည်ပါတယ်''ဟု ဦးထွန်း အောင်သင်းက ပြော သည်။
ယင်းကဲ့သို့ ရထားလမ်းချိတ်ဆက် မှုများပြုလုပ်ပါက လမ်း၏ကြံ့ခိုင်မှုအား ဦးစားပေးပြုလုပ်သွားမည်ဖြစ်ကာ နောက်ပိုင်း အချိန်များ၌ အဆင့်မြင့်သည့် ရထားများပြေးဆွဲမည်ဆိုပါက လမ်း ၏ကြံ့ခိုင်မှုလည်း အရေးပါကြောင်း သိ ရသည်။
ယင်းကဲ့သို့ပူးပေါင်းဆောင်ရွက် နေသည့် JICA သည် ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်ကာ ယင်း၌ မြန်မာ့မီးရထား မှဝန်ထမ်းများလည်း ပါဝင်ကြောင်း သိ ရသည်။

Yangon Media Group

No comments:

Post a Comment