Tuesday, September 2, 2014

အမေရိကန် မြှုပ်နှံမည့် ဓာတ်အားပေးစက်ရုံ တစ်ယူနစ် ၃၅ ကျပ်ထက် လျှော့ကောက်မည်ဟု ဆို

အမေရိကန်ကုမ္ပဏီနှစ်ခုက ရင်းနှီးမြှုပ်နှံမည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားဖြန့်ဖြူးခကို တစ်ယူနစ် ကျပ် ၃၅ ထက် လျော့ကျသည့် နှုန်းဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်ဟု မန္တလေးတိုင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။အဆိုပါ ဓာတ်အားပေးစက်ရုံများမှာ မန္တလေးတိုင်းအတွင်း နဘူးအိုင်မြို့နယ်နှင့် ၀မ်းတွင်းမြို့နယ်တို့သို့ ဓာတ်အားဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး တစ်မြို့နယ်လျှင် မဂ္ဂါဝပ် ၁၅၀ စီ ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
“မန္တလေးတိုင်းထဲက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဖို့ လိုနေတဲ့နေရာတွေ အများကြီးရှိသေးတယ်။ နွေရာသီမှာဆို ရေအားလျှပ်စစ်တစ်ခုတည်းနဲ့ ဘယ်လိုမှ မလုံလောက်ဘူးလေ။ ဒါ့ကြောင့်လာမယ့် နွေရာသီအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် အခုလို နေစွမ်းအင်နဲ့ ဓာတ်အားပေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။ဝမ်းတွင်းမြို့မှ ဆင်နှစ်ကောင်အထည်စက်ရုံပိုင်ရှင် မမေသူက “၀မ်းတွင်းမှာတော့ အိမ်သုံးတစ်ယူနစ်ကို ၅၀၊ လုပ်ငန်းကြီးရင် ၇၅ ကျပ်ပေးရတယ်။ မီးကတော့ သိပ်မမှန်ဘူး။ လာလိုက် ပျက်လိုက်ပဲ။ ၀မ်းတွင်း စက်မှုဇုန်တွေမှာဆို မီးမရတာတွေတောင် ရှိတယ်။ မီးမရသေးတဲ့ ရွာတွေလည်း အများကြီးရှိသေးတယ်။ ဒါနဲ့ပတ်သက်ပြီး လျှပ်စစ်ရုံးကို ပြောထားတာတောင် ရှိသေးတယ်။ ဒါပေမဲ့ ခုထိတော့ ဘာမှမထူးလာဘူး”ဟု ပြောသည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရန် မြင်းခြံခရိုင်နှင့် သာစည်ခရိုင်အတွင်း ဧက ၁,၀၀၀ ခန့်စီရှိသော မြေနေရာများကို ငှားရမ်းလုပ်ကိုင်သွားမည်ဖြစ်သည်။ ထိုမြေနေရာ အကျယ်အ၀န်း ရရှိရန်နှင့် မြေနေရာ ငှားရမ်းလုပ်ကိုင်နိုင်ရေးတွင် အခက်အခဲများရှိနေသည့်အတွက် စီမံကိန်း မစတင်နိုင်သေးဟုလည်း ၀န်ကြီးက ပြောသည်။

အစိုးရက ဧပြီလ ၁ ရက်မှ စတင်တိုးမြှင့်သည့် မီတာခနှုန်းထားများမှာ အိမ်သုံးတစ်ယူနစ်မှ ယူနစ် ၁၀၀ အထိ တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း၊ ၁၀၁ ယူနစ် မှစ၍တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြစ်ပြီး စက်မှုလုပ်ငန်းသုံး ဓာတ်အားခများကိုလည်း တစ်ယူနစ်မှ ယူနစ် ၅,၀၀၀ အထိ တစ်ယူနစ်လျှင် ကျပ် ၁၀၀ နှုန်း၊ ၅,၀၀၁ ယူနစ်မှ စတင်၍ တစ်ယူနစ်ကျပ် ၁၅၀ နှုန်း ကောက်ခံနေသည်။

အဆိုပါဒေသများသို့ ဖြန့်ဖြူးမည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို အမေရိကန်နိုင်ငံ အခြေစိုက် ACO Investment Group ကုမ္ပဏီနှင့် Convalt Energy ကုမ္ပဏီတို့မှ ရင်းနှီးမြှုပ်နှံထားပြီး ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာသန်း ၄၈၀ ရင်းနှီးပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ လည်ပတ်မောင်းနှင်နိုင်ရေးနှင့် ပတ်သက်ပြီး လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ သဘောတူလက်မှတ်ကို သြဂုတ် ၂၈ တွင် အမေရိကန်နိုင်ငံအခြေစိုက် ACO Investment Group ကုမ္ပဏီနှင့် Convalt Energy ကုမ္ပဏီတို့မှ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် (MOU) လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
Photo: အမေရိကန် မြှုပ်နှံမည့် ဓာတ်အားပေးစက်ရုံ တစ်ယူနစ် ၃၅ ကျပ်ထက် လျှော့ကောက်မည်ဟု ဆို
Tuesday, Setember 2, 2014

အမေရိကန်ကုမ္ပဏီနှစ်ခုက ရင်းနှီးမြှုပ်နှံမည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားဖြန့်ဖြူးခကို တစ်ယူနစ် ကျပ် ၃၅ ထက် လျော့ကျသည့် နှုန်းဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်ဟု မန္တလေးတိုင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံများမှာ မန္တလေးတိုင်းအတွင်း နဘူးအိုင်မြို့နယ်နှင့် ၀မ်းတွင်းမြို့နယ်တို့သို့ ဓာတ်အားဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး တစ်မြို့နယ်လျှင် မဂ္ဂါဝပ် ၁၅၀ စီ ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

“မန္တလေးတိုင်းထဲက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဖို့ လိုနေတဲ့နေရာတွေ အများကြီးရှိသေးတယ်။ နွေရာသီမှာဆို ရေအားလျှပ်စစ်တစ်ခုတည်းနဲ့ ဘယ်လိုမှ မလုံလောက်ဘူးလေ။ ဒါ့ကြောင့်လာမယ့် နွေရာသီအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် အခုလို နေစွမ်းအင်နဲ့ ဓာတ်အားပေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။
 
ဝမ်းတွင်းမြို့မှ ဆင်နှစ်ကောင်အထည်စက်ရုံပိုင်ရှင် မမေသူက “၀မ်းတွင်းမှာတော့ အိမ်သုံးတစ်ယူနစ်ကို ၅၀၊ လုပ်ငန်းကြီးရင် ၇၅ ကျပ်ပေးရတယ်။ မီးကတော့ သိပ်မမှန်ဘူး။ လာလိုက် ပျက်လိုက်ပဲ။ ၀မ်းတွင်း စက်မှုဇုန်တွေမှာဆို မီးမရတာတွေတောင် ရှိတယ်။ မီးမရသေးတဲ့ ရွာတွေလည်း အများကြီးရှိသေးတယ်။ ဒါနဲ့ပတ်သက်ပြီး လျှပ်စစ်ရုံးကို ပြောထားတာတောင် ရှိသေးတယ်။ ဒါပေမဲ့ ခုထိတော့ ဘာမှမထူးလာဘူး”ဟု ပြောသည်။

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရန် မြင်းခြံခရိုင်နှင့် သာစည်ခရိုင်အတွင်း ဧက ၁,၀၀၀ ခန့်စီရှိသော မြေနေရာများကို ငှားရမ်းလုပ်ကိုင်သွားမည်ဖြစ်သည်။ ထိုမြေနေရာ အကျယ်အ၀န်း ရရှိရန်နှင့် မြေနေရာ ငှားရမ်းလုပ်ကိုင်နိုင်ရေးတွင် အခက်အခဲများရှိနေသည့်အတွက် စီမံကိန်း မစတင်နိုင်သေးဟုလည်း ၀န်ကြီးက ပြောသည်။

အစိုးရက ဧပြီလ ၁ ရက်မှ စတင်တိုးမြှင့်သည့် မီတာခနှုန်းထားများမှာ အိမ်သုံးတစ်ယူနစ်မှ ယူနစ် ၁၀၀ အထိ တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း၊ ၁၀၁ ယူနစ် မှစ၍တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြစ်ပြီး စက်မှုလုပ်ငန်းသုံး ဓာတ်အားခများကိုလည်း တစ်ယူနစ်မှ ယူနစ် ၅,၀၀၀ အထိ တစ်ယူနစ်လျှင် ကျပ် ၁၀၀ နှုန်း၊ ၅,၀၀၁ ယူနစ်မှ စတင်၍ တစ်ယူနစ်ကျပ် ၁၅၀ နှုန်း ကောက်ခံနေသည်။

အဆိုပါဒေသများသို့ ဖြန့်ဖြူးမည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို အမေရိကန်နိုင်ငံ အခြေစိုက် ACO Investment Group ကုမ္ပဏီနှင့် Convalt Energy ကုမ္ပဏီတို့မှ ရင်းနှီးမြှုပ်နှံထားပြီး ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာသန်း ၄၈၀ ရင်းနှီးပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ လည်ပတ်မောင်းနှင်နိုင်ရေးနှင့် ပတ်သက်ပြီး လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ သဘောတူလက်မှတ်ကို သြဂုတ် ၂၈ တွင် အမေရိကန်နိုင်ငံအခြေစိုက် ACO Investment Group ကုမ္ပဏီနှင့် Convalt Energy ကုမ္ပဏီတို့မှ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် (MOU) လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
မဇ္ဈိမ
မဇ္ဈိမ

No comments:

Post a Comment