Tuesday, September 2, 2014

ကုမ္ပဏီထောင်ပြီး နောက်ကွယ်တွင် မူးယစ်ဆေးရောင်းနေသည့် လုပ်ငန်းရှင်ကို ဖမ်းမိ

ကုမ္ပဏီထောင်ထားပြီး မူးယစ်ဆေးအရောင်းအ၀ယ်ပြု လုပ်နေသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အလိုရှိနေသည့် စီးပွား ရေးလုပ်ငန်းရှင်ကို မြောက်ဦးမြို့ နယ်တွင် ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်မှ ညွှန်ကြား ချက်ဖြင့် စစ်တွေခရိုင်နှင့် မြောက် ဦးခရိုင်ရဲအရာရှိများက စက်တင် ဘာ ၁ ရက်ညနေတွင် ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာ ရှိကြီးတစ်ဦးကပြောသည်။
‘‘ဒီလူဖမ်းမိဖို့က အရေးကြီး တယ်။ လွယ်လွယ်နဲ့ ရတာတော့ မဟုတ်ဘူး။နည်းစနစ်တွေ အ များကြီးသုံးရတာ။ သူ့ပိုင်ဆိုင်မှု တွေကို အသေးစိတ်လိုက်စစ်နေ ပါပြီ’’ဟု ၎င်းကပြောသည်။
ဖမ်းဆီးမိသည့် စီးပွားရေး လုပ်ငန်းရှင်မှာ Natural Force ကုမ္ပဏီအမည်ဖြင့် ပြည်တွင်း ပြည်ပကုန်စည်ပို့ဆောင်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ် ငန်း၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် အုတ်သဲကျောက်လုပ်ငန်းတို့လုပ်ကိုင်နေသူဖြစ်သည်။ ၎င်း ပိုင်ဆိုင်သည့် စိတ်ကြွဆေးပြားသုံးသိန်းကျော်နှင့် သေနတ်နှစ်လက်၊ ဇနီးဖြစ်သူနှင့် ၀န်ထမ်းနှစ်ဦးကိုရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီးနောက် တိမ်းရှောင်နေသူဖြစ်သည်။
သြဂုတ် ၂၉ ရက်တွင် Natu-ral Force ကုမ္ပဏီဝန်ထမ်းအမျိုး သားနှစ်ဦးကို စိတ်ကြွဆေးပြားတစ်သိန်းကျော်နှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့၍ မရမ်းကုန်းမြို့နယ်ရှိ အဆိုပါ ကုမ္ပဏီပိုင်ရှင်၏အိမ်သို့ ယင်းညနေတွင်ပင် ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုအိမ်မှစိတ်ကြွဆေးပြား နှစ်သိန်းကျော်၊ သေနတ်နှစ်လက်နှင့် အမျိုးသမီးတစ်ဦးဖမ်းဆီးနိုင်ခဲ့သည်။

ရဲတပ်ဖွဲ့က လျှို့ဝှက်စုံစမ်းမှု များပြုလုပ်ကာ နယ်စပ်ဂိတ်များ ကိုပါ ပိတ်ဆို့ခဲ့ပြီး မူးယစ်ဆေး ရောင်းဝယ်ရာတွင် အဓိကဦး ဆောင်သူ ကုမ္ပဏီပိုင်ရှင်ကို သုံး ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ (၃)မှ ရဲအရာ ရှိတစ်ဦးကပြောသည်။ ဖမ်းဆီးရမိသူပိုင်လုပ်ငန်းများနှင့် ပစ္စည်းဥစ္စာများကို မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ပတ်သက်မှုရှိ၊ မရှိစစ်ဆေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းရှင်ကို ယခု လောလောဆယ် မြောက်ဦးမြို့မ ရဲစခန်း၌ ထိန်းသိမ်းထားသည်။
7daydaily.com

No comments:

Post a Comment