Tuesday, September 30, 2014

ညီအစ်ကိုချင်းစကားများရန်ဖြစ်ရာမှကျောက်ပျဉ်ဖြင့်ထု၍အစ်ကိုသေဆုံး


မကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်လံမြို့စက်ရုံရပ်ကွက်ပြည်
တော်အေး(၃)လမ်းတွင်စက်တင်ဘာ၁၈ရက်ည ၉ နာရီခန့်က တရားလို
မအိအိဝင်းနှင့်အစ်ကိုဖြစ်သူ အောင်အောင်လွင်တို့ နေအိမ်၌ရှိနေစဉ်ညီအစ်
ကိုအရင်းဖြစ်သူ ကျော်ကျော်လွင်ကအရက်မူး၍ ရောက်ရှိလာပြီး ညီအစ်ကို
ချင်းတစ်ယောက်တစ်ခွန်း စကားများရာကျော်ကျော်လွင်၏ဇနီးပန်းအိဖြူ တုတ်
ကိုင်၍ ရောက်ရှိလာပြီးညစ်ညမ်းစွာဆဲဆိုကာမအိအိဝင်းက၀င်ရောက်
ဖျန်ဖြေစဉ် ကျော်ကျော်လွင်က အနီးရှိကျောက်ပျဉ်ဖြင့် အောင်အောင်လွင်အား

ထုရာဦးခေါင်းဝဲဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာတစ်ချက်၊၀ဲဘက်နား သွေးထွက်
ဒဏ်ရာ၊ရင်ဘတ်ပေါက်ပြဲဒဏ်ရာနှင့်မအိအိဝင်းတွင် နဖူးပေါက်ပြဲဒဏ်ရာ
တစ်ချက်ရရှိ၍ မအိအိဝင်းက တရားလိုပြုလုပ်၍ အောင်လံမြို့မရဲစခန်းတွင်အမှု
ဖွင့်တိုင်တန်းရာဒုရဲအုပ်စိုးမင်းထွန်းက(ပ)၁၀၂/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
၃၂၅/၂၉၄/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။

ဒဏ်ရာရရှိသူ အောင်အောင်လွင်အားရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့
တင်ပို့ဆေးကုသမှုခံယူနေစဉ်စက်တင်ဘာ၂၁ရက်ညနေ၃နာရီခွဲတွင်ရရှိသော
ဒဏ်ရာဖြင့် သေဆုံးသွား၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၂၉၄/ ၁၁၄ ဖြင့်
အောင်လံမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးခင်မောင်ဇော်က အမှုအား လွှဲပြောင်း
လက်ခံစစ်ဆေး၍ တရားခံ ကျော်ကျော်လွင်နှင့် ပန်းအိဖြူတို့နှစ်ဦးအား ဖမ်းဆီး
စစ်ဆေးအရေးယူထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment