Wednesday, September 17, 2014

ကျောက်ဆည်တရားရုံးအတွင်း အမှုစစ်ဆေးနေစဉ် ဓားထိုးမှု ဖြစ်ပွား

ကျောက်ဆည်မြို့ မြို့နယ်တရားရုံး အတွင်း အမှုစစ်ဆေးနေစဉ်အတွင်း ဓားထိုးမှု တစ်မှုဖြစ် ပွားခဲ့ကြောင်း ကျောက် ဆည်မြို့နယ်စခန်းမှူးထံမှသိရသည်။
ဖြစ်စဉ်မှာ ယခုလ ၁၅ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ကျောက်ဆည်မြို့နယ် တရားရုံးတွင် အာမခံပေးထားသော ကို နောင်နောင်စိုးဆိုသူသည် တရားရင်ဆိုင် နေစဉ် ၄င်း၏ ဇနီးတော်စပ်သူတရားလို မ …မှာ သက်သေနေရာမှထွက်ဆိုနေ ရာနောင်နောင်စိုးက ဝဲဘက်ဒူးခေါင်း ဒူးစွပ် အတွင်းမှအရိုးအသွား ၁၁ လက်မခန့်ရှိ ဓားအားထုတ် ၍မ…၏နောက်ကျောအား သုံးချက်ထိုးခဲ့ကြောင်း ၄င်းကပြောသည်။
”သူက ဒူးစွပ်ထဲကနေ ဓားကို ထုတ်ပြီး ထိုးလိုက်တာ။ ကျွန်တော်တို့ မသိလိုက်ဘူး” ဟုကျောက်ဆည်မြို့နယ် စခန်းမှူးက ပြောသည်။

၎င်းတို့အနေဖြင့် တရားခံ နောင် နောင်စိုးမှာအချုပ်တရားခံ မဟုတ်သော ကြောင့် လုံခြုံရေးမှာလည်း ၄င်းတို့နှင့် မသက်ဆိုင်ကြောင်း ၄င်းက ပြောသည်။
”အချုပ်တရားခံမဟုတ်တော့ ကျွန် တော်တို့နဲ့ မဆိုင်ဘူး။ သူ ဒီလိုဓားယူ လာပြီး လုပ်မယ်လို့လည်း မထင်မိဘူး လေ” ဟုစခန်းမှူးကပြောသည်။
ထို့ပြင်သေဆုံးသူနှင့် ပြစ်မှုကျူး လွန်သူတို့မှာ လင်မယားများဖြစ်ပြီး ကိုနောင်နောင်စိုး ဓားထိုးမှုကျူးလွန်စဉ် တာဝန်ရှိလူကြီးများရှေ့တွင် ကျူးလွန် ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။
”သူပြစ်မှုကျူးလွန်တဲ့အချိန်မှာ တရားသူကြီးတွေအားလုံးရှိတယ်။အား လုံးရှေ့မှာတင် သူကပြစ်မှု ကျူးလွန် သွား တာပါ”ဟု စခန်းမှူးကပြောသည်။
ထိုကဲ့သို့ ၄င်းတရားရုံး၏ တရား ခွင်အတွင်းတွင် ဓားထိုးမှုဖြစ်ပွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်နှစ်များက  တရားရုံးပြင်ပတွင် ဓားထိုးမှုတစ်ကြိမ် ကျူးလွန်ခြင်းဖြစ် ခဲ့ဖူးကြောင်း သိရ သည်။ နောင်နောင်စိုးမှာ ယခင်က ဥပဒေပုဒ်မ ၃၂၃၊ ၃၄၂စသည့်ပုဒ်မနှစ်ခု ဖြင့် တရားရင်ဆိုင်နေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ယခု ၄င်းကိုပုဒ်မ ၃ဝ၇   ဖြင့် ကျောက်ဆည်ရဲစခန်းမှ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

ဇေဝေယံ
 ပေါ်ပြူလာ

No comments:

Post a Comment