မြန်မာ့ဆက်သွယ်ရေးကြောင့် ပြဿနာ ပေါ်တာတွေကတော့ မရပ်နားသေးပါဘူး။ အခုလဆန်းကစ
မြန်မာ့ ဆက်သွယ်ရေးဟာ သူ့ရဲ့3G ဂျီအက်စ်အမ် ဆင်းကတ်တွေ ကို
ပုဂ္ဂလိကကိုယ်စားလှယ်အရောင်းဆိုင်တွေ ကနေတစ်ဆင့်
မြန်မာနိုင်ငံအနှံ့မှာရောင်းချခဲ့ပါတယ်။ နယ်မြို့တွေမှာဆိုရင် ဆင်းကတ်ဝယ်
လို့လွယ်မယ် ထင်ပြီး ကျေးရွာကလူတွေမြို့ပေါ်တက်လာဝယ်ကြပါတယ်။ ဒါပေမဲ့
လက်တွေ့ဝယ်လို့မလွယ်အခက်အခဲ အမျိုးမျိုး ကြုံရပြီး နေရာအတော်များ များမှာ
မကျေနပ်မှုတွေ၊ ပြဿ နာတွေပေါ်ပါတယ်။ ဒီပြဿနာကနေဘာတွေ
သင်ခန်းစာယူစရာတွေရှိမလဲလေ့လာကြည့်ရအောင်ပါ။
ဒီမတိုင်ခင်တုန်းကတော့ မြန်မာ့ဆက်သွယ်ရေးဟာ ဆင်းကတ်တွေကို
မြန်မာနိုင်ငံအနှံ့ခွဲတမ်းတွေချပြီး အစိုးရုံးတွေ၊
ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကနေ တစ်ဆင့်ရောင်းချခဲ့ပါတယ်။ အဲဒီမှာလည်းပြဿနာ
အများကြီး ပေါ်ပါတယ်။ အဓိက ပြဿနာ နှစ်ခုကတော့ မြန်မာ့ဆက်သွယ်ရေးနဲ့
အစိုးရရုံးအ ဆင့်ဆင့်ရိုး သားမှု၊ ပွင့်လင်း မြင်သာမှုမရှိတာရယ်၊
ပြည်သူတွေကို တိုက်ရိုက်ရောင်းချရတဲ့ အောက်ခြေ ရပ်ကွက် ရုံးတွေက
စီမံခန့်ခွဲမှု မတတ်ကျွမ်းတာတွေ ရယ်ကြောင့်ဖြစ် ပါတယ်။ လစဉ် ဆင်းကတ်တွေ
ဖြန့်ဖြူးတဲ့ ဆီမှာ မြန်မာ့ဆက်သွယ် ရေးဟာ ဘယ်တိုင်းကိုဘယ်လောက်၊
ဘယ်ပြည်နယ်ကို ဘယ်လောက်ဖြန့် ဖြူး ပါတယ်ဆိုပြီး သတင်းစာ တွေမှာ
ထုတ်ပြန်ကြေညာပါတယ်။ ဟုတ်သလိုလို ရှိပါတယ်။ အဲဒီစာရင်း တိုင်းနဲ့
ပြည်နယ်ရောက်သွား တာနဲ့ လမ်းဆုံးပါပြီ။ သက်ဆိုင်ရာ တိုင်းနဲ့
ပြည်နယ်တာဝန်ရှိသူတွေဟာ သူတို့ဆီကမြို့နယ်တွေကို ဘယ် မြို့နယ်ဘယ်လောက်
ဖြန့်ဖြူးတယ်ဆိုတာ ပွင့်ပွင့်လင်း လင်းပြောပြ၊ ကြေ ညာ၊ စာရင်းတွေ
ပြန်ချိန်ကိုက်ပြ တာမျိုးမလုပ်တော့ပါဘူး။ အလားတူ မြို့နယ်ရောက်သွားတဲ့
ဆင်းကတ်တွေကိုလည်း ဘယ်ရပ်ကွက် ဘယ်လောက်ဖြန့်ပေး လိုက်တယ်ဆိုပြီး
ပွင့်ပွင့်လင်းလင်းကြေညာ၊ စာရင်းတွေကိုက်ညီအောင် ပြတာမျိုးမ ရှိပါဘူး။
မြန်မာ့ဆက်သွယ်ရေးနဲ့ အစိုးရဟာခေတ်ပြောင်းချိန်အထိ ကျပ် ၁,၅၀၀ တန်ဆင်းကတ်၊
ပြင်ပ ပေါက်ဈေးမှာ ကျပ်သုံးလေးသောင်းလောက်ရမယ့် ဆင်းကတ်ကို ရိုးရိုးသားသား
မဖြန့်ဖြူးကြတာပါ။
အောက်ခြေ ရပ်ကွက်ရုံးတွေကတော့ စီမံခန့်ခွဲမှုမတတ်တာနဲ့ တချို့မရိုးမသား
လုပ်ချင်တာတွေနဲ့ ပေါင်းပြီး ပြည်သူတွေရဲ့ မကျေနပ်တဲ့ အသံတွေထွက်
လာခဲ့တာမျိုးပါ။ အဲဒါမျိုး အခုပုဂ္ဂလိက ကိုယ်စားလှယ် အရောင်း
ဆိုင်တွေကနေတစ်ဆင့် ရောင်းတော့ရော ရိုးသားမှုရှိပါပြီလား ဆိုတာ မေးခွန်းထုတ်
စရာရှိနေပါသေးတယ်။
ဒီနေရာမှာ မြန်မာ့ဆက်သွယ်ရေးကိုဘာကြောင့်ခုလို ဝေဖန်နေရသလဲဆိုတာ
အကြောင်းရှိပါတယ်။ မြန် မာ့ဆက်သွယ်ရေးဟာ ဒီနေ့ချိန်ထိ ပုဂ္ဂလိက ဒါမှမဟုတ်
အများပိုင်ကုမ္ပဏီမဟုတ်သေးပါဘူး။ အစိုးရနဲ့ မ သက်ဆိုင်တဲ့
ကော်ပိုရေးရှင်းတစ်ခုလည်း မဖြစ်သေးပါဘူး။ ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာနဲ့
ရပ်တည်နေတဲ့ အစိုးရလုပ်ငန်းတစ်ခု ဖြစ်နေတာကြောင့် ဝေဖန်နေရတာပဲ ဖြစ်ပါတယ်။
အရင်ခေတ်က မြန်မာ့ဆက်သွယ် ရေးဟာ ခရိုနီတွေကို အထူးအခွင့် အရေး၊
ဆပ်ကန်ထရိုက်တွေပေး၊ လုပ်ငန်းတွေ ထင်သလိုလုပ်၊ အဂတိ လိုက်စားခဲ့တာ
ပြည်သူ့ဝန်ဆောင်မှုလည်း ကောင်းကောင်းမလုပ်နိုင်၊ တိုင်းပြည်ရဲ့ ဆက်သွယ်ရေးကဏ္ဍ
လည်းမတိုးတက်ဘဲ ဆက်သွယ်ရေးဝန်ကြီးကို အရေးယူဖြုတ်လိုက်ရတာပဲ
အဖတ်တင်ခဲ့ပါတယ်။
အခုလည်း ဂျပန်ကုမ္ပဏီတွေဆီကနေ ဒေါ် လာ ၂ ဘီလီယံလောက်ချေးယူပြီး
လုပ်ငန်းတိုးချဲ့ပါဦးမယ်။ ဒီ ချေးငွေတွေကလည်း အခွန်ထမ်းပြည် သူတွေရဲ့
ခေါင်းပေါ်မှာပါ။ပုဂ္ဂလိက ကိုယ်စားလှယ်တွေဆီကနေ ၁,၅၀၀ တန် ဆင်းကတ်တွေ
ဖြန့်ဖြူးချင်တယ်ဆိုရင် ဘယ်လိုစည်းကမ်းချက်တွေနဲ့ ဘယ်ကုမ္ပဏီတွေ ကို
ပေးရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့လိုပါတယ်။ ကိုယ်နဲ့
နီးစပ်တဲ့ ကုမ္ပဏီတွေကို ကိုယ်က ရွေးချယ်ရောင်းချ ခွင့်ပေးတယ်ဆိုရင်
ဒါဟာအဂတိလိုက်စားမှုပါပဲ။ နောက်တစ်ချက်ကတော့ ဆင်းကတ် တွေကို
ဘယ်လိုစည်းကမ်းချက်တွေနဲ့ ဖြန့်ဖြူးခွင့်ပေးထားသလဲဆိုတဲ့ ကိစ္စပါ။ ဒါလည်း
ရှင်းဖို့လိုပါတယ်။
ကျပ် ၁,၅၀၀ နဲ့ပဲ ရောင်းချဖို့ဆိုရင် အဲဒီအရောင်းဆိုင်တွေ
တကယ်ရောင်းမရောင်းကြီးကြပ်ဖို့ လိုပါတယ်။ စည်းကမ်းချက်နဲ့ မကိုက်ညီရင်
ဘယ်လိုလုပ်မလဲ ဆိုတာမျိုးရှိထား၊ ပြည်သူတွေကို ထုတ်ပြန်ပြောဆိုထားဖို့
လိုပါတယ်။ နောက်တချို့ကိုယ်စားလှယ်တွေ သူတို့ဆိုင်ကဟန်းဆက်တွေနဲ့
တွဲရောင်းတာ၊ ဟန်းဆက် ၀ယ်ရင် ဆင်းကတ်လက်ဆောင်ပေးတာမျိုးလည်း ရှိပါတယ်။
ဒါမျိုးလုပ်ခွင့်ပေးရင် ဘယ်လိုစည်းကမ်းချက် နဲ့ လုပ်ခွင့်ပေးတယ်၊
ဘယ်သူတွေကို ဒီလိုအခွင့်အရေးပေးထားတယ်စသဖြင့် ထုတ်ပြန်ဖို့ လိုပါတယ်။
နောက်ဆုံးတစ်ခုကတော့ တစ်ရက်ဆင်းကတ်ဘယ်လောက်၊ တစ်လဆင်းကတ်
ဘယ်လောက်ရောင်းချ ပေးမယ်ဆိုတာမျိုး အတိအလင်းကြေညာပြီး ဘယ်ဆိုင်တွေကို
ဘယ်လောက်ဖြန့်ဖြူးပေးထားပါတယ်ဆို တာ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ ဒါမှသာ
အဲဒီကိုယ်စားလှယ်ဆိုင်တွေ မမှန်မကန်လုပ်မလုပ် ဆက်သွယ် ရေးတာဝန်ရှိသူတွေရော၊
ပြည်သူတွေပါ သိနိုင်မယ်ဖြစ်ပါတယ်။ အခုဖြစ်နေပုံက အဲဒီအရောင်း ဆိုင်တွေ
ကရောင်းရင် ရောင်းတယ်လို့မှတ်၊ ကုန်ပြီပြောရင် ကုန်တယ်လို့မှတ်ရပြီး
ဘာစောဒကမှ မတက်နိုင်ကြတဲ့ ဘ၀ပါ။
ပြောရရင် လောလောဆယ် မြန်မာတစ်နိုင်ငံရဲ့ နေရာအများစုမှာသုံးနိုင်တာ
မြန်မာ့ဆက်သွယ်ရေးရဲ့ဆင်း ကတ်တွေပါ။ ဒါကြောင့် ပြည်သူတွေရဲ့ ၀ယ်လိုအား
များနေပါသေးတယ်။ ဆက်သွယ်ရေးဘက်ကလည်း ပြည်သူတွေလိုသလောက်
ရောင်းချနိုင်ရေးကွန်ရက်တိုးချဲ့တည်ဆောက်မှု ပြဿနာ အပါအ၀င် အခြား ကန့်
သတ်ချက်တွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်ရောင်းချနိုင်သလောက်
စနစ်တကျနဲ့၊ ပွင့်လင်း မြင်သာမှု ရှိရှိရောင်းချစေရေး တိုက်တွန်းရ
တာဖြစ်ပါတယ်။
အလားတူ ပြည်သူတွေကို တိုက်ရိုက်လက်လီရောင်းချပေးတဲ့ ဆိုင်တွေကလည်း
ရိုးရိုးသားသား စနစ်တ ကျရောင်းချပေးဖို့ လိုပါတယ်။ တကယ်ရိုးသားရင် ဒါလည်း
လုပ်ရတာမခက်ပါဘူး။ ဆင်းကတ်ဘယ် လောက်ရတယ်၊ အဲဒီနေ့ ဘယ်လောက်ရောင်းမယ်ဆိုတာ
ဆိုင်ရှေ့မှာ အရည်အတွက် ဆိုင်းဘုတ် ချိတ်ဆွဲ ပါ။ သတ်မှတ်ချိန်မှာ
နံပါတ်စဉ်ပါတဲ့ ဆိုင်ရဲ့ သက်သေခံကတ်ပြားတစ်ခုခုလာပြီး တန်းစီနေသူတွေကို ဝေ
ငှပေးလိုက်ပါ။ ဒါဆို ကိစ္စ ပြီးပါပြီ။ ကိုယ်ပေးထားတဲ့ သက်သေခံကတ်ပြား
နံပါတ်စဉ်အတိုင်း ပြည်သူတွေ ကို တဖြည်းဖြည်းဆိုင်ထဲခေါ်ယူ
ရောင်းချပေးရုံ ပါပဲ။ ပြည်သူ အများစုကြီးကလည်း မျှော်တလင့်လင့်နဲ့ အချိန်
ကုန်ခံပြီး စောင့်ဆိုင်းစရာ၊ ဒေါသထွက်စရာမလိုပါဘူး။
အဲလို ရိုးရိုးသားသား စနစ်တကျရောင်းချပေးရင် လက်ရှိ ဖြစ်ပေါ်နေတဲ့
အရုပ်ဆိုးအကျည်းတန်တဲ့ ပဋိပက္ခ တွေ လျော့နည်းပပျောက်သွားနိုင်ပါကြောင်း
တင်ပြလိုက်ပါတယ်။
Mizzima
No comments:
Post a Comment