Friday, September 12, 2014

ခါကာဘိုရာဇီတောင်သို့ တက်ရောက်ခဲ့သည့် မြန်မာတောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် မန်နေဂျာတို့ ပျောက်ဆုံးပြီး ၁၁ ရက်မြောက်နေ့တွင် မြေပြင်ရှာဖွေရေးအဖွဲ့များနှင့်အတူ တပ်မတော်ရဟတ်ယာဉ်အပါအ၀င် ရဟတ်ယာဉ်သုံးစင်းဖြင့် ရှာဖွေမှုစတင်

Photo: ခါကာဘိုရာဇီတောင်သို့ တက်ရောက်ခဲ့သည့် မြန်မာတောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် မန်နေဂျာတို့ ပျောက်ဆုံးပြီး ၁၁ ရက်မြောက်နေ့တွင် မြေပြင်ရှာဖွေရေးအဖွဲ့များနှင့်အတူ တပ်မတော်ရဟတ်ယာဉ်အပါအ၀င် ရဟတ်ယာဉ်သုံးစင်းဖြင့် ရှာဖွေမှုစတင်
Friday, September 12, 2014

ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် ရှစ်ဦးပါ မြန်မာတောင် တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် မန်နေဂျာတို့ ပျောက်ဆုံးနေမှု ၁၁ ရက်မြောက်နေ့တွင် မြေပြင်ရှာဖွေရေးအဖွဲ့များနှင့်အတူ ရဟတ်ယာဉ်သုံးစင်းဖြင့် ရှာဖွေမှုများ စတင်လုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်၊ ပူတာအို ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးထွန်းငွေထံမှ စက်တင်ဘာ ၁၁ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ မြေပြင်ရှာဖွေရေးအဖွဲ့များတွင် ကချင်ပြည်နယ်၊ သားငှက်အဖွဲ့မှ လမ်းကျွမ်းကျင်သူများ၊ ဒေသခံ လမ်းကျွမ်းကျင်သူများ ပါဝင်ကြောင်း သိရသည်။

ဝေဟင်မှ ရှာဖွေမှုပြုလုပ်ရာတွင် တပ်မတော်မှ M17 တစ်စင်း၊ အရပ်ဘက်ရဟတ်ယာဉ်နှစ်စင်းတို့ ပါဝင်ကြောင်း သိရသည်။

“နောင်မောမြို့နယ် အုပ်ချုပ်ရေးမှူးကဦးစီးပြီးတော့ မြေပြင်ရှာဖွေရေးအဖွဲ့သုံးဖွဲ့က သုံးပတ်စာ စားနပ်ရိက္ခာအပြည့်အစုံနဲ့ ဒီနေ့ကစပြီးတော့ ရှာဖွေမှုပြုလုပ်နေပြီ။ တောင်တက်အသင်းက ဥက္ကဌ ဦးမျိုးသန့်၊ ထူးဖောင်ဒေးရှင်းက ဦးတေဇတို့က အရပ်ဘက်ရဟတ် ယာဉ်နှစ်စင်း၊ တပ်မတော်က M17 တစ်စင်းတို့နဲ့ ရှာဖွေမှုတွေစပြီးတော့ ပြုလုပ်နေပါပြီ။ တောင်တက်သမားရှစ်ဦးအနက် နှစ်ဦးကတော့ အခုအချိန်အထိ အဆက်အသွယ်မရသေးဘူး။ ကျန်တဲ့ခြောက်ယောက်ကတော့ တန်ဖွန်ကျေးရွာကို ရောက်ရှိနေပြီလို့ သတင်းရရှိထားပါတယ်” ဟု ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးထွန်းငွေက ပြောကြားသည်။

မြေပြင်ရှာဖွေရေးအဖွဲ့တစ်ဖွဲ့တွင် ပျမ်းမျှလူဦးရေ ငါးဦးမှ ခြောက်ဦးအထိ ပါဝင်ပြီး အဆိုပါအဖွဲ့များအနေဖြင့် ဟွန်နန်းတင်ကနေ ခါကာဘိုရာဇီတောင်ထိပ်အထိ ရှာဖွေသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေးရှင်းမှ အဖွဲ့ဝင်ရှစ်ဦးမှာ ခါကာဘိုရာဇီတောင်သို့ တက်ရောက်ကြစဉ် အဖွဲ့ဝင်နှစ်ဦးမှာ တောင်၏ထိပ်ဆီသို့ ရောက်ရှိခဲ့ပြီးနောက် အခြားသောအဖွဲ့ဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ တောင်ထိပ်၏ အလံစိုက်ထူသည့် နေရာအကျယ်အဝန်းမှာ နှစ်မီတာသာရှိပြီး တက်ရောက်သူများအနေဖြင့်လည်း နှစ်ဦးသာ တက်ရောက်နိုင်သောကြောင့် အလံစိုက်ထူသည့်သူနှစ်ဦးသာ တက်ရောက်မည်ဖြစ်သည်ကို ယင်းတို့အဖွဲ့က မတက်ရောက်မီ စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါတောင်တက်အဖွဲ့ဝင်များအား စက်တင်ဘာ ၉ ရက်တွင် တောင်ခြေရှိ ပင်မအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန် သတ်မှတ်ထားသောကြောင့် ယင်းနေ့တွင် တောင်ပေါ်သို့တက်ရောက်သည့် အဖွဲ့ဝင်များအနက် ခြောက်ဦးသာလျှင် သတ်မှတ်သည့်ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြသော်လည်း တောင်ထိပ်သို့ တက်ရောက်ကာ အလံစိုက်ထူကြသည့် ကျန်အဖွဲ့ဝင်နှစ်ဦးမှာ သတ်မှတ်ထားသည့်ရက်တွင် ရောက်မလာကြကြောင်း သိရသည်။

ခါကာဘိုရာဇီသို့ တက်ရောက်ခဲ့သည့် တောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်ကို အောင်မြင့်မြတ်နှင့် အဖွဲ့မန်နေဂျာ ကိုဝေယံမင်းသူတို့မှာ ကျန်အဖွဲ့ဝင်များနှင့် လူစုကွဲကာ တက်ရောက်သည့်လမ်းအတိုင်း ပြန်လည်ဆင်းခဲ့ခြင်းမဟုတ်ဘဲ အဆင်ပြေရာလမ်းကို ရွေးချယ်ဆင်းရင်း လမ်းမှားကာ လမ်းပျောက်နေခြင်းဖြစ်နိုင်ကြောင်း အဆိုပါတောင်တက်အသင်းမှ သိရသည်။

ခါကာဘိုရာဇီတောင်နှင့် ကချင်ပြည်နယ် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များအား ပူတာအိုမြို့မှ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်
Eleven Media Group
ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် ရှစ်ဦးပါ မြန်မာတောင် တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် မန်နေဂျာတို့ ပျောက်ဆုံးနေမှု ၁၁ ရက်မြောက်နေ့တွင် မြေပြင်ရှာဖွေရေး အဖွဲ့များနှင့်အတူ ရဟတ်ယာဉ်သုံးစင်းဖြင့် ရှာဖွေမှုများ စတင်လုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်၊ ပူတာအို ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးထွန်းငွေထံမှ စက်တင်ဘာ ၁၁ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ မြေပြင်ရှာဖွေရေးအဖွဲ့များတွင် ကချင်ပြည်နယ်၊ သားငှက်အဖွဲ့မှ လမ်းကျွမ်းကျင်သူများ၊ ဒေသခံ လမ်းကျွမ်းကျင်သူများ ပါဝင်ကြောင်း သိရသည်။

ဝေဟင်မှ ရှာဖွေမှုပြုလုပ်ရာတွင် တပ်မတော်မှ M17 တစ်စင်း၊ အရပ်ဘက်ရဟတ်ယာဉ်နှစ်စင်းတို့ ပါဝင်ကြောင်း သိရသည်။

“နောင်မောမြို့နယ် အုပ်ချုပ်ရေးမှူးကဦးစီးပြီးတော့ မြေပြင်ရှာဖွေရေးအဖွဲ့သုံးဖွဲ့က သုံးပတ်စာ စားနပ်ရိက္ခာအပြည့်အစုံနဲ့ ဒီနေ့ကစပြီးတော့ ရှာဖွေမှုပြုလုပ်နေပြီ။ တောင်တက်အသင်းက ဥက္ကဌ ဦးမျိုးသန့်၊ ထူးဖောင်ဒေးရှင်းက ဦးတေဇတို့က အရပ်ဘက်ရဟတ် ယာဉ်နှစ်စင်း၊ တပ်မတော်က M17 တစ်စင်းတို့နဲ့ ရှာဖွေမှုတွေစပြီးတော့ ပြုလုပ်နေပါပြီ။ တောင်တက်သမားရှစ်ဦးအနက် နှစ်ဦးကတော့ အခုအချိန်အထိ အဆက်အသွယ်မရသေးဘူး။ ကျန်တဲ့ခြောက်ယောက်ကတော့ တန်ဖွန်ကျေးရွာကို ရောက်ရှိနေပြီလို့ သတင်းရရှိထားပါတယ်” ဟု ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးထွန်းငွေက ပြောကြားသည်။

မြေပြင်ရှာဖွေရေးအဖွဲ့တစ်ဖွဲ့တွင် ပျမ်းမျှလူဦးရေ ငါးဦးမှ ခြောက်ဦးအထိ ပါဝင်ပြီး အဆိုပါအဖွဲ့များအနေဖြင့် ဟွန်နန်းတင်ကနေ ခါကာဘိုရာဇီတောင်ထိပ်အထိ ရှာဖွေသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေးရှင်းမှ အဖွဲ့ဝင်ရှစ်ဦးမှာ ခါကာဘိုရာဇီတောင်သို့ တက်ရောက်ကြစဉ် အဖွဲ့ဝင်နှစ်ဦးမှာ တောင်၏ထိပ်ဆီသို့ ရောက်ရှိခဲ့ပြီးနောက် အခြားသောအဖွဲ့ဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တောင်ထိပ်၏ အလံစိုက်ထူသည့် နေရာအကျယ်အဝန်းမှာ နှစ်မီတာသာရှိပြီး တက်ရောက်သူများအနေဖြင့်လည်း နှစ်ဦးသာ တက်ရောက်နိုင်သောကြောင့် အလံစိုက်ထူသည့် သူနှစ်ဦးသာ တက်ရောက်မည်ဖြစ်သည်ကို ယင်းတို့အဖွဲ့က မတက်ရောက်မီ စာနယ်ဇင်း ရှင်းလင်း ပွဲတွင် ပြောကြားသည်။

အဆိုပါတောင်တက်အဖွဲ့ဝင်များအား စက်တင်ဘာ ၉ ရက်တွင် တောင်ခြေရှိ ပင်မအဖွဲ့နှင့် ပြန်လည်တွေ့ ဆုံရန် သတ်မှတ်ထားသောကြောင့် ယင်းနေ့တွင် တောင်ပေါ်သို့တက်ရောက်သည့် အဖွဲ့ဝင်များအနက် ခြောက်ဦးသာလျှင် သတ်မှတ်သည့်ရက်တွင် ပြန်လည်ရောက်ရှိ ခဲ့ကြသော်လည်း တောင်ထိပ်သို့ တက်ရောက်ကာ အလံစိုက်ထူကြသည့် ကျန်အဖွဲ့ဝင်နှစ်ဦးမှာ သတ်မှတ်ထားသည့်ရက်တွင် ရောက်မလာကြကြောင်း သိရသည်။

ခါကာဘိုရာဇီသို့ တက်ရောက်ခဲ့သည့် တောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်ကို အောင်မြင့်မြတ်နှင့် အဖွဲ့မန်နေဂျာ ကိုဝေယံမင်းသူတို့မှာ ကျန်အဖွဲ့ဝင်များနှင့် လူစုကွဲကာ တက်ရောက်သည့်လမ်း အတိုင်း ပြန်လည်ဆင်းခဲ့ခြင်းမဟုတ်ဘဲ အဆင်ပြေရာလမ်းကို ရွေးချယ်ဆင်းရင်း လမ်းမှားကာ လမ်းပျောက်နေခြင်းဖြစ်နိုင်ကြောင်း အဆိုပါတောင်တက်အသင်းမှ သိရသည်။

ခါကာဘိုရာဇီတောင်နှင့် ကချင်ပြည်နယ် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များအား ပူတာအိုမြို့မှ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment