ယူကရိန်းသမ္မတ Petro Poroshenko က ယူကရိန်းအရှေ့ဘက်ခြင်းက သူပုန်တွေကို
ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးမယ်လို့ ပြောဆိုလိုက်သလို ယူကရိန်းစစ်သား
၇၀% ကို ပြန်လည် တပ်ဆုတ်ခိုင်းလိုက်ပြီလို့ ပြောပါတယ်။
သူပုန်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာပေးပေမယ့်
ယူကရိန်းနိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို မထိခိုက်စေပဲ
ဖယ်ဒရယ်နိုင်ငံအဖြစ် ဆက်လက် ရပ်တည် ရမယ်လို့လည်း ပြောပါတယ်။
တချို့ သူပုန်တပ်ဖွဲ့တွေကတော့ သီးသန့်လွတ်လင်ခွင့်ကလွဲပြီး ဘာကိုမှ လက်မခံနိုင်ဘူးလို့ တုန့်ပြန်ထားပါတယ်။
ယူကရိန်းအရေး ဝင်မစွက်ရဘူးလို့ ရုရှားငြင်းဆိုဆဲ
တချိန်တည်းမှာပဲ
ရုရှားစစ်သားတွေဟာ ယူကရိန်းအရှေ့ဘက်ခြမ်းကို
တိုးချဲ့ဝင်ရောက်နေတယ်ဆိုတဲ့ သက်သေတွေ ထွက်ပေါ်နေပေမယ့် ရုရှားကတော့
ယူကရိန်းအရေးမှာ ပါဝင်ခြင်း မရှိဘူးလို့ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ
ပြဿနာ ကြီးလာအောင် လုပ်ဆောင်တဲ့နိုင်ငံက ရုရှားမဟုတ်ပဲ
အနောက်တိုင်းနိုင်ငံတွေ ဖြစ်တယ်လို့ ရုရှားက ပြန်လည်စွပ်စွဲလိုက်ပါတယ်။
နေတိုးမဟာမိတ်
အုပ်စုအင်အား ပြန်လည်တောင့်တင်းလာပြီဆိုတာကို ပြသလိုတဲ့အနေနဲ့
ယူကရိန်းအရေးကိစ္စ ဖြစ်လာအောင် အနောက်တိုင်းနိုင်ငံတွေက လုပ်ဆောင်တာလို့
ပြောလိုက်တာပါ။
ဥရောပက အပစ်ရပ်ရေးကို စောင့်ကြည့်မယ်
အခုလောလောဆယ်
ယူကရိန်းအရှေ့ဘက်မှာ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့အတွက်
ဥရောပလုံခြုံရေးအဖွဲ့ကလည်း မောင်းသူမဲ့ လေယာဉ်တွေကို အသုံးပြုပြီး
စောင့်ကြည့်လေ့လာမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး
စာချုပ်ချိုးဖောက်မှုကို ယူကရိန်းတပ်နဲ့ သူပုန်ကပါ အနည်းငယ်
ချိုးဖောက်မှု လုပ်နေကြတယ်လို့လည်း ပြောလိုက်ပါတယ်။
ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ရန် ခက်ခဲနေသေး
ယူကရိန်းအရေးမှာ
ရုရှားပါဝင်မှုကြောင့် ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ
ထပ်မံချမှတ်မယ်လို့ ပြောဆိုနေပေမယ့် အဖွဲ့ဝင်တချို့က
အချိန်ဆွဲနေတဲ့အတွက် ဒီကနေ့ ဆွေးနွေးမှု ထပ်မံလုပ်ကြဖို့ ရှိပါတယ်။
ABC Radio
No comments:
Post a Comment