Monday, September 22, 2014

ဂျာမနီနိုင်ငံမှ ပေးအပ်လိုက်သည့် အလောင်းဘုရားရွှေပေလွှာကို အမျိုးသားပြတိုက်(နေပြည်တော်)တွင် ပြသသွားမည်

Photo: ဂျာမနီနိုင်ငံမှ ပေးအပ်လိုက်သည့် အလောင်းဘုရားရွှေပေလွှာကို အမျိုးသားပြတိုက်(နေပြည်တော်)တွင် ပြသသွားမည် 
Monday, September 22, 2014

ဂျာမနီနိုင်ငံမှပေး အပ်လိုက်သည့် လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝကျော် က မြန်မာဘုရင်အလောင်းဘုရား၏ရွှေပေလွှာ 3D Digital မိတ္တူကို ယခုနှစ်တွင် ဖွင့်လှစ်မည့် အမျိုးသားပြတိုက်(နေပြည်တော်)တွင် ထားရှိ သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

အဆိုပါရွှေပေလွှာကို အလောင်းဘု ရားမှ ၁၇၅၆ခုနှစ်တွင် ဂျော့ခ်ျဘုရင်(၂)ထံပေး ပို့ခဲ့သော ရွှေပေလွှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဂျာမနီခရီးစဉ်တွင် ဂျာမနီနိုင်ငံမှချစ်ကြည်ရေး အဖြစ် ရွှေပေလွှာမိတ္တူကို ပြန်လည်ပေးအပ်ခြင်း ဖြစ်သည်။

''ရွှေပေလွှာမိတ္တူကို သမ္မတခရီးစဉ် မှာ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နဲ့ 3D Digital ဓာတ်ပုံကို CD နဲ့ ထည့်ပေးလိုက်တယ်။ တို့ဆီကိုတော့ ဓာတ်ပုံမရောက်သေးဘူး။ ရွှေပေ လွှာမိတ္တူကိုကြည့်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရရှိတာ ပေါ့။ ရွှေပေလွှာမိတ္တူကို ဒီ၂ဝ၁၄ ခုနှစ်မှာ ဖွင့် တော့မယ့် နေပြည်တော် အမျိုးသားပြတိုက်မှာ ပြသဖို့ရှိပါတယ်'' ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် အမျိုး သားစာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးသိန်းလွင်က ပြောသည်။

ရွှေပေလွှာတွင် ဘုရင်တို့၏ အမှတ် တံဆိပ်ဖြစ်သော ဒေါင်းတံဆိပ်နှင့် ပတ္တမြား ၂၄ လုံး(တစ်ဖက်လျှင် ၁၂လုံး)ခန့် စီခြယ်ထားပြီး ရွှေသားအစစ်ပေါ်တွင် မြန်မာဘာသာစကား ဖြင့် ရေးသားထားကြောင်း သိရသည်။

''ရွှေပေလွှာမှာ ရှေးမြန်မာဘုရင်တွေ အမိန့်တော်ပြန်တဲ့အခါ သုံးလေ့ရှိတဲ့ ဒေါင်းတံ ဆိပ်တော်ကိုရိုက်နှိပ်ထားတယ်။ ပတ္တမြား ၂၄ လုံး စီခြယ်ထားတယ်'' ဟု ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ယင်းရွှေပေလွှာ အစစ်အား ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ စာကြည့် တိုက်တွင် ထိန်းသိမ်းပြသထားပြီး အလောင်း မင်းတရားကြီးမှ ဂျော့ခ်ျဘုရင်(၂)သို့ ပတ္တမြား စီခြယ်ထားသော ရွှေသားအစစ်ရွှေပေလွှာတွင် စာရေးသားကာ ဆင်စွယ်အစစ်ကြုတ်ထဲသို့ ထည့် သွင်းပေးအပ်ခဲ့ခြင်းဖြစ်ရာ ရှေးမြန်မာတို့၏ယဉ် ကျေးမှု အဆင့်အတန်းမြင့်မားကြောင်း သက်သေ ပြနိုင်သော အထောက်အထား တစ်ခုဖြစ်ကြောင်း သိရသည်။

Yangon Media Group
ဂျာမနီနိုင်ငံမှပေး အပ်လိုက်သည့် လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝကျော် က မြန်မာဘုရင် အလောင်းဘုရား၏ရွှေပေလွှာ 3D Digital မိတ္တူကို ယခုနှစ်တွင် ဖွင့်လှစ်မည့် အမျိုးသားပြတိုက်(နေပြည်တော်)တွင် ထားရှိ သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

အဆိုပါရွှေပေလွှာကို အလောင်းဘု ရားမှ ၁၇၅၆ခုနှစ်တွင် ဂျော့ခ်ျဘုရင်(၂)ထံပေး ပို့ခဲ့သော ရွှေပေလွှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဂျာမနီခရီးစဉ်တွင် ဂျာမနီနိုင်ငံမှချစ်ကြည်ရေး အဖြစ် ရွှေပေလွှာမိတ္တူကို ပြန်လည်ပေးအပ်ခြင်း ဖြစ်သည်။

''ရွှေပေလွှာမိတ္တူကို သမ္မတခရီးစဉ် မှာ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နဲ့ 3D Digital ဓာတ်ပုံကို CD နဲ့ ထည့်ပေးလိုက်တယ်။ တို့ဆီကိုတော့ ဓာတ်ပုံမရောက်သေးဘူး။ ရွှေပေ လွှာမိတ္တူကိုကြည့်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရရှိတာ ပေါ့။ ရွှေပေလွှာမိတ္တူကို ဒီ၂ဝ၁၄ ခုနှစ်မှာ ဖွင့် တော့မယ့် နေပြည်တော် အမျိုးသားပြတိုက်မှာ ပြသဖို့ရှိပါတယ်'' ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် အမျိုး သားစာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးသိန်းလွင်က ပြော သည်။

ရွှေပေလွှာတွင် ဘုရင်တို့၏ အမှတ် တံဆိပ်ဖြစ်သော ဒေါင်းတံဆိပ်နှင့် ပတ္တမြား ၂၄ လုံး(တစ်ဖက်လျှင် ၁၂လုံး)ခန့် စီခြယ်ထားပြီး ရွှေသားအစစ်ပေါ်တွင် မြန်မာဘာသာစကား ဖြင့် ရေးသားထားကြောင်း သိရသည်။

''ရွှေပေလွှာမှာ ရှေးမြန်မာဘုရင်တွေ အမိန့်တော်ပြန်တဲ့အခါ သုံးလေ့ရှိတဲ့ ဒေါင်းတံ ဆိပ်တော်ကိုရိုက်နှိပ်ထားတယ်။ ပတ္တမြား ၂၄ လုံး စီခြယ်ထားတယ်'' ဟု ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ယင်းရွှေပေလွှာ အစစ်အား ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ စာကြည့် တိုက်တွင် ထိန်းသိမ်းပြသထားပြီး အလောင်း မင်းတရားကြီးမှ ဂျော့ခ်ျဘုရင်(၂)သို့ ပတ္တမြား စီခြယ်ထားသော ရွှေသားအစစ်ရွှေပေလွှာတွင် စာရေးသားကာ ဆင်စွယ်အစစ်ကြုတ်ထဲသို့ ထည့် သွင်းပေးအပ်ခဲ့ခြင်းဖြစ်ရာ ရှေးမြန်မာတို့၏ယဉ် ကျေးမှု အဆင့်အတန်းမြင့်မားကြောင်း သက်သေ ပြနိုင်သော အထောက်အထား တစ်ခုဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment