Monday, September 22, 2014

Rock Resistance ဖျော်ဖြေပွဲ ဘယ်သူ့ကြောင့် အနှောင့်အယှက်ဖြစ်ခဲ့သလဲ

Photo: Rock Resistance ဖျော်ဖြေပွဲ ဘယ်သူ့ကြောင့် အနှောင့်အယှက်ဖြစ်ခဲ့သလဲ
Monday, September 22, 2014

တစ်ခါမှ တွဲမဆိုဘူးတဲ့ အဆိုတော် ၆ယောက်ရဲ့ Rock Resistance Show ကို စက်တင်ဘာ ၂ဝရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပြီး အဆိုတော်တစ်ယောက်ကြောင့် ပရိသတ်တွေ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာ တောင်းပန်တယ်လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။ ပရိသတ်ကို တောင်းပန်ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာ ဘယ်သူ့ကြောင့်လဲ။
တစ်ခါမှ တွဲမဆိုဖူးတဲ့သူတွေမို့ သူလက်ခံခဲ့တာဖြစ်ပြီး အခုတော့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာလို့ ထွန်းအိန္ဒြာဗိုလ်ကဆိုပါတယ်။ သူအလှည့်မတိုင်ခင် ဆိုသွားတဲ့ အဆိုတော် ထူးအယ်လင်းတစ်ယောက် မင်းလေးနားလည်သီချင်းကို သီဆိုချိန်မှာ ဇနီးဟောင်း မီးမီးခဲရဲ့နာမည်ကို ထုတ်ပြောခဲ့ပြီး ပရိသတ်ကို လက်ခုပ်တီးဖို့မဟုတ်ရင် ဒီပွဲကို လာမကြည့်သင့်ဘူး၊ အပြည့်အဝနားထောင်ချင်ရင် အခွေနားထောင် စတဲ့စကားတွေပြောခဲ့ပါတယ်။
ထူးအယ်လင်းရဲ့ အပြုအမူနဲ့ အပြောအဆိုတွေကြောင့် သူ့အနေနဲ့ ပရိသတ်ကို အားနာရသလို သူ့အလှည့်ကလည်း အချိန်တွေကြာပြီး သီချင်းပုဒ်ရေတွေ ကျော်နေလို့ စောင့်ခဲ့ရတာမို့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

ထူးအယ်လင်း၊ ဂျီလတ်၊ ထွန်းအိန္ဒြာဗိုလ်၊ နောနော်၊ အိုင်ရင်းဇင်မာမြင့်နဲ့ အိမ့်ချစ်တို့ ပါဝင်တဲ့ ဒီရော့ခ်ဖျော်ဖြေပွဲကို ဂျီလတ်ရဲ့ မှားလားသီချင်းနဲ့ ဖွင့်ခဲ့ပြီး ပထမပိုင်း၊ ဒုတိယပိုင်းဆိုပြီး နှစ်ပိုင်းခွဲဖျော်ဖြေခဲ့ပါတယ်။ အိမ့်ချစ်က သူ့ရဲ့တေးအယ်လ်ဘမ်ထဲက သီချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို နောနော်ကလည်း ပရိသတ်အကြိုက်နေချင်တယ် သီချင်းနဲ့ အားလုံးကို စီးမြောစေခဲ့ပါတယ်။
ပရိသတ်သူ့ကို စပြီး သိလာတဲ့ နှလုံးသားအရင်းအနှီးကို နောက်ဆုံးဆိုချင်တဲ့အတွက် စီစဉ်ခဲ့ပေမယ့် အဲဒီရှေ့ကသီချင်းက ဆိုရတာပိုခက်လို့ ကြောက်နေတယ်လို့ အိုင်ရင်းဇင်မာမြင့်က ပြောပြပါတယ်။

ဒီဖျော်ဖြေပွဲကို စီစဉ်တဲ့ Orpheus Entertainment က ဒေါ်စန်းစန်းမြင့်က ဒါဟာ သူတို့ကုမ္ပဏီရဲ့ ပထမဆုံး ဖျော်ဖြေပွဲဖြစ်ပြီး အဆိုတော်တွေကလည်း လူကြိုက်များတာကြောင့် ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင် ရှိမှာမို့ အောင်မြင်မယ်ထင်ပြီး စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုတော် ထူးအယ်လင်းတစ်ယောက် ပရိသတ်ကြားထဲ ဆင်းပြီး ဖျော်ဖြေခဲ့သလိုDrum ကိုလည်း ဝင်တီးပြီးချိန် စင်ပေါ်မှာတင် မှောက်လဲသွားတာကြောင့် မီးမှောင်ချခဲ့ရပါတယ်။

Kamayut Media
တစ်ခါမှ တွဲမဆိုဘူးတဲ့ အဆိုတော် ၆ယောက်ရဲ့ Rock Resistance Show ကို စက်တင်ဘာ ၂ဝရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပြီး အဆိုတော်တစ်ယောက်ကြောင့် ပရိသတ်တွေ စိတ်အနှောင့်အယှက်ဖြစ် ခဲ့ရတာ တောင်းပန်တယ်လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။ ပရိသတ်ကို တောင်းပန်ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာ ဘယ်သူ့ကြောင့်လဲ။
တစ်ခါမှ တွဲမဆိုဖူးတဲ့သူတွေမို့ သူလက်ခံခဲ့တာဖြစ်ပြီး အခုတော့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာလို့ ထွန်းအိန္ဒြာဗိုလ်ကဆိုပါတယ်။ သူအလှည့်မတိုင်ခင် ဆိုသွားတဲ့ အဆိုတော် ထူးအယ်လင်းတစ်ယောက် မင်းလေးနားလည်သီချင်းကို သီဆိုချိန်မှာ ဇနီးဟောင်း မီးမီးခဲရဲ့နာမည်ကို ထုတ်ပြောခဲ့ပြီး ပရိသတ်ကို လက်ခုပ်တီးဖို့မဟုတ်ရင် ဒီပွဲကို လာမကြည့်သင့်ဘူး၊ အပြည့်အဝနားထောင်ချင်ရင် အခွေနားထောင် စတဲ့စကားတွေပြောခဲ့ပါတယ်။

ထူးအယ်လင်းရဲ့ အပြုအမူနဲ့ အပြောအဆိုတွေကြောင့် သူ့အနေနဲ့ ပရိသတ်ကို အားနာရသလို သူ့အလှည့်ကလည်း အချိန်တွေကြာပြီး သီချင်းပုဒ်ရေတွေ ကျော်နေလို့ စောင့်ခဲ့ရတာမို့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

ထူးအယ်လင်း၊ ဂျီလတ်၊ ထွန်းအိန္ဒြာဗိုလ်၊ နောနော်၊ အိုင်ရင်းဇင်မာမြင့်နဲ့ အိမ့်ချစ်တို့ ပါဝင်တဲ့ ဒီရော့ခ်ဖျော်ဖြေပွဲကို ဂျီလတ်ရဲ့ မှားလားသီချင်းနဲ့ ဖွင့်ခဲ့ပြီး ပထမပိုင်း၊ ဒုတိယပိုင်းဆိုပြီး နှစ်ပိုင်းခွဲဖျော်ဖြေခဲ့ ပါတယ်။ အိမ့်ချစ်က သူ့ရဲ့တေးအယ်လ်ဘမ်ထဲက သီချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို နောနော်ကလည်း ပရိသတ်အကြိုက်နေချင်တယ် သီချင်းနဲ့ အားလုံးကို စီးမြောစေခဲ့ပါတယ်။
ပရိသတ်သူ့ကို စပြီး သိလာတဲ့ နှလုံးသားအရင်းအနှီးကို နောက်ဆုံးဆိုချင်တဲ့အတွက် စီစဉ်ခဲ့ပေမယ့် အဲဒီရှေ့ကသီချင်းက ဆိုရတာပိုခက်လို့ ကြောက်နေတယ်လို့ အိုင်ရင်းဇင်မာမြင့်က ပြောပြပါတယ်။

ဒီဖျော်ဖြေပွဲကို စီစဉ်တဲ့ Orpheus Entertainment က ဒေါ်စန်းစန်းမြင့်က ဒါဟာ သူတို့ကုမ္ပဏီရဲ့ ပထမဆုံး ဖျော်ဖြေပွဲဖြစ်ပြီး အဆိုတော်တွေကလည်း လူကြိုက်များတာကြောင့် ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင် ရှိမှာမို့ အောင်မြင်မယ်ထင်ပြီး စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုတော် ထူးအယ်လင်းတစ်ယောက် ပရိသတ်ကြားထဲ ဆင်းပြီး ဖျော်ဖြေခဲ့သလိုDrum ကိုလည်း ဝင်တီးပြီးချိန် စင်ပေါ်မှာတင် မှောက်လဲသွားတာကြောင့် မီးမှောင်ချခဲ့ရပါတယ်။

Kamayut Media

No comments:

Post a Comment