Monday, September 29, 2014

တရားမျှတမှု မရှိတဲ့ ပြိုင်ပွဲတွေကြောင့် တကယ်အရည်အချင်းရှိတဲ့သူတွေ နစ်နာရပါတယ်ဆိုတဲ့ မော်ဒယ်လ် ခင်ရူပ


 မော်ဒယ်လ် ခင်ရူပနဲ့ တွေ့ဆုံခိုက် ခုလတ်တလော မြန်မာနိုင်ငံမှာ အဆက်မပြတ်ဆိုသလို ကျင်းပပြုလုပ်လာတဲ့ မော်ဒယ်လ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး သူမ ရရှိခဲ့တဲ့ အတွေ့အကြုံ၊ ခံစားချက်အမြင်တွေနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ “အရင်တုန်းက ပြိုင်ပွဲတွေ ပြိုင်ခဲ့စဉ်က ညီမအသက် ၁၇နှစ်ပေါ့။ အဲဒီ့တုန်းက စိတ်ခံစားချက်က ပြိုင်ချင်စိတ်
ရှိတယ်။ ပြိုင်လိုက်လို့ တစ်ခုခုဖြစ်သွားမှာကိုလည်း ရှက်တာတွေ ဘာတွေ မရှိခဲ့ဘူး။ ယုံကြည်ချက် တစ်ခုအနေနဲ့ ပြိုင်ခဲ့တာပေါ့နော်။ အခုနောက်ပိုင်းမှာလည်း ညီမကို ပြိုင်ပွဲတွေ မပြိုင်တော့ဘူးလားလို့ လာမေးကြပါတယ်။ ဘယ်လိုပြောရမလဲ ညီမပြိုင်ချင်စိတ် ရှိတုန်းကပဲ ညီမပြိုင်တယ်။ ဆုတစ်ဆုရပြီး ညီမ ငြိမ်နေလိုက်တာမျိုးလည်း မဟုတ်ဘူးလေ။ လူတိုင်းကတော့ ဆုတစ်ဆုရပြီးလည်း ထပ်လိုချင်ကြတာပဲလေ။ ကိုယ့်အတွက် အခုချိန်မှာ ပြိုင်ပွဲတစ်ပွဲပြိုင်ပြီဆိုရင် အများကြီး စဉ်းစားရပြီ။ ငါ့အတွက်ဘာတွေ ထိခိုက်နစ်နာနိုင်မလဲ ဆိုတာမျိုးတွေပေါ့။ အဲဒီလိုမျိုးဒဏ်တွေကိုလည်း အခုချိန်မှာ အာရုံနောက်နေတာလည်း ပါတယ်။ အဲဒါကြောင့် နောက်ပိုင်း ကမ်းလှမ်းတာတွေတောင် ညီမအနေနဲ့ လက်မခံပါဘူး။”လို့ သူမ ဖွင့်ဟသွားပါတယ်။
ဒါ့အပြင် ခုနောက်ပိုင်းကျင်းပတဲ့ ပြိုင်ပွဲတွေဟာ တရားမျှတမှုသိပ်မရှိတော့ဘူးလို့ ကြားလာရတဲ့အတွက် အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ကိုယ်တိုင်တော့ မကြုံခဲ့ဖူးဘူး။ ဒါပေမယ့် ကိုယ်သွားကြည့်ဖူးတဲ့ ပွဲတွေမှာတော့ ကြုံခဲ့ရတယ်။ နောက်ပိုင်း အခုဖြစ်နေတဲ့ ပွဲတွေမှာ ကိုယ်တိုင် သွားမကြည့်ရင်တောင်မှ ကြားနေရတာတွေ ရှိတယ်လေ။ ဒါမျိုးတွေကျတော့ တကယ်တမ်း အရည်အချင်းရှိတဲ့ ၊ ကြိုးစားတဲ့သူတွေအတွက်ကတော့ အများကြီး နစ်နာတယ်။ ကိုယ့်အရည်အချင်း တစ်ခုနဲ့ စင်ပေါ်တက်ပြီး သူများကို ပေးဆပ်လိုက်ရတာနဲ့ တူတာပေါ့နော်။ အဲဒီတော့ အကုန်လုံးကို သေချာလေး စဉ်းစားစေချင်တယ်။ နောက်တက်လာကြတဲ့ ညီမလေးတွေကိုလည်းပြောချင်တာက ကိုယ့်အတွက် ဘယ်အရာက Professional လိုင်းဖြစ်နိုင်လဲ၊ ဘာရွေးချယ်ရမလဲ ဆိုတာကိုပဲ အဓိကဦးစားပေး ပြီးတော့ ရွေးချယ်ကြပါလို့ ။ နောက်ထပ်ပြီး ပြောချင်တာကပြိုင်ပွဲတစ်ခုပြိုင်တိုင်း အခုချိန်မှာ နာမည်မကြီးတော့ဘူး။ ပြိုင်ပွဲတွေ အကုန်လုံးကလည်း ပြိုင်ပွဲပုံစံအတိုင်း ပြောင်းလဲမှုတွေ အများကြီးရှိတယ် ဆိုတော့ ဘယ်အရာက ကိုယ့်အတွက် အဓိက သွားမလဲဆိုတာ ကိုယ်ကိုယ်တိုင် ရွေးချယ်သင့်ပါတယ်”တဲ့။
ခင်ရူပရဲ့ အနုပညာလတ်တလောလှုပ်ရှားမှုကတော့ ဓာတ်ပုံရိုက်တွေအပြင် Asian ကိုယ်စားပြု ရှိုးပွဲလျှောက်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Trend Myanmar

No comments:

Post a Comment