Sunday, September 14, 2014

မန်ယူ အိမ်ကွင်းတွင် ကျူပီအာနှင့် ယှဉ်ပြိုင်မည်

man-utd-qpr-4x364-315449_478x359
ဒီကနေ့ တနင်္ဂနွေညမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်းမှာ ကျုပီအာနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဒီညပွဲမှာ မန်ယူအသင်းက အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဖာကာအို၊ နောက်တန်းသမားတွေ ဖြစ်တဲ့ ရိုဂျို၊ ဘလိုင်းနဲ့ လုခ်ရှော့တို့ ပွဲဦးထွက်အနေနဲ့ ပါဝင်ကစားသွားဖွယ် ရှိနေပါတယ်။ နောက်ခံလူ တယောက်ဖြစ်တဲ့ ဖေးလ် ဂျုန်းကတော့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း
ဒဏ်ရာရထားလို့ ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး။

မန်ယူဟာ ပုံမှန် ကစားနေကျ ၃၅၂ ကစားကွက်ကနေ တိုက်စစ်မှူး ဖာကာအို ပါလာတဲ့အတွက် ဘယ်သူနဲ့ တွဲဖက်ပြီး ဘယ်လို ကစားကွက်ကို ခင်းကျင်းမလဲ ဆိုတာကလည်း ဘောလုံးအကဲခတ်တွေကြားမှာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

မန်ယူဟာ ကစားပြီးတဲ့ ၃ ပွဲစလုံးမှာ နိုင်ပွဲ မရှိသေးပါဘူး။

DVB

No comments:

Post a Comment